အမ်ိဳးသမီးတို႔ ေရွာင္ျကဥ္အပ္တဲ့ ေယာက်္ားဆိုး အမ်ိဳးအစား(၄)မ်ိဳး

အမ်ိဳးသမီးတို႔ ေရွာင္ျကဥ္အပ္တဲ့ ေယာက်္ားဆိုး အမ်ိဳးအစား(၄)မ်ိဳး

ခ်စ္သူရည္းစားထားေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕တန္ဖိုးနဲ႕ ထိိုက္တန္တဲ့သူမ်ိဳးျဖစ္ဖို႕ ေသခ်ာေရြးခ်ယ္စဥ္းစားသင့္ပါတယ္ .. ။

ကိုယ္ခ်စ္ရင္ျပီးေရာဆိုျပီး ကိုယ္နဲ႕မထိုက္တန္တဲ့သူေတြကို အတင္းတြယ္ကပ္ေနမယ့္အစား ကိုယ့္ကိုတစ္ကယ္ခ်စ္ျပီးတန္ဖိုးထားမယ့္သူမ်ိဳးကိုသာ ေစာင့္သင့္ပါတယ္။

ကိုယ့္အခ်ိန္ေတြေပးဖို႕မတန္တဲ့ ေရွာင္ျကဥ္ရမယ့္ ေယာက်ာ္းဆိုး(၄)မ်ိဳးကေတာ့ …

(၁) လိုမွေခၚခ်စ္တဲ့ ေယာက်ာ္းမ်ိဳး

ဒီလုိလူေတြကေတာ့ သူတို႕လိုအပ္တဲ့အခ်ိန္မွေတာ့ ခ်စ္ျပ၊ ရႊမ္းရႊမ္းေ၀ေအာင္ေျပာျပီး ဂရုစိုက္ျပျကေပမယ့္ သူတို႕မလိုအပ္္တဲ့အခ်ိန္မွာေတာ့ ထားပစ္ခဲ့ဖို႕ ၀န္မေလးတဲ့သူမ်ိဳးေတြပါ။

လိုတဲ့အခ်ိန္ျပန္လာ၊ မလိုတဲ့အခ်ိန္ထားသြားနဲ႕ သင့္ရဲ႕စိတ္ကို အျမဲကစားေနမယ့္သူေတြကိုေတာ့ ေရွာင္ပါေနာ္။

ဒီလိုလူေတြက သင့္ကို တန္ဖိုးထားျပီးတြဲေနတာမဟုတ္သလို ဘယ္အခ်ိန္ကိုယ့္ကိုထားသြားမလဲဆိုျပီး ပူပန္ေနရမယ့္သူမ်ိဳးအတြက္နဲ႕ေတာ့ ကိုယ့္ရဲ႕အခ်ိန္ေတြကို အကုန္မခံပါနဲ႕။

(၂) သာေပါင္းညာစား ေယာက်ာ္းမ်ိဳး

သာေပါင္းညာစားသမားေတြကေတာ့ ကိုယ္အဆင္ေျပေနတဲ့အခ်ိန္မွာေတာ့ ကိုယ္နဲ႕တြဲမယ္ ၊ ကိုယ္နိမ့္က်တဲ့အခ်ိန္ေရာက္ရင္ေတာ့ ထားသြားျပီး သာတဲ့လူနဲ႕သြားတြဲမယ္ဆိုတဲ့ သူမ်ိဳးေတြပါ။

ဒီလိုလူေတြက ကိုယ့္ရဲ႕ အနိမ့္အျမင့္ အတက္အက်ေတြမွာ အတူတူလက္တြဲေက်ာ္ျဖတ္မယ့္ သူမ်ိဳးမဟုတ္လို႕ ဆက္တြဲမေနသင့္ပါဘူး။

(၃) ရည္ရြယ္ခ်က္မရွိတဲ့ ေယာက်ာ္းမ်ိဳး

ခ်စ္သူကို ဘ၀လက္တြဲေဖာ္အျဖစ္ပါ ရည္ရြယ္ျပီးတြဲတဲ့မိန္းကေလးေတြကေတာ့ ဒီလုိရည္ရြယ္ခ်က္မရွိတဲ့ ေပါ့ေပါ့ေန ေပါ့ေပါ့စား လူမ်ိဳးေတြနဲ႕ ေ၀းေ၀းကေရွာင္ရပါမယ္။

ကိုယ့္ဘ၀လက္တြဲေဖာ္က မိဘခ်မ္းသာလို႕ ေကာင္းေကာင္းေန ၊ ေကာင္းေကာင္းစားေနနိုင္တာထက္ သူကိုယ္တိုင္လည္း အရည္အခ်င္းရွိျပီး ဘ၀ကိုျကိုးျကိုးစားစားနဲ႕ေလ်ာက္လွမ္းေနတဲ့သူျဖစ္ရပါမယ္ ။

အရည္အခ်င္းမရွိ၊ တစ္ေန႔တစ္ေန႔ ဂိမ္းပဲေဆာ့၊ ပညာေရးလဲအေလးမထား၊ အလုပ္အကိုင္လည္း မယ္မယ္ရရ မလုပ္ခ်င္တဲ့သူမ်ိဳးနဲ႕ ေတာ့ ေရရွည္လက္တြဲလို႕အဆင္မေျပပါဘူး။

(၃) အိုင္ေတြ႕တိုင္း ေျခေဆးတတ္တဲ့ ေယာက်ာ္းမ်ိဳး

ကိုယ္နဲ႕လည္းတြဲေနျပီး တစ္ျခားမိန္းကေလးေတြနဲ႕လည္း တိတ္တိတ္ပုန္းတြဲေနတာမ်ိဳး၊ မတြဲရင္ေတာင္ အီစီကလီေတြ ၊ အရွဳပ္ဇယားေတြရွိေနတတ္တဲ့လူမ်ိဳးကိုလည္း ေရွာင္ပါ။

ဒီလိုလူေတြက ေတြ႕သမွ်မိန္းမနဲ႕ ကင္းမွာမဟုုတ္ပဲ သူတုိ႕ကိုယ္သူတုိ႕တန္ဖိုးမထားသလို သင့္ကိုလည္း တန္ဖိုးထားျပီးခ်စ္ခင္မွာမဟုတ္ပါဘူး။

ဒီကမၻာမွာ ကိုယ့္တစ္ေယာက္တည္းကို တန္ဖိုးထားခ်စ္ျပီး သစၥာရွိမယ့္သူေတြလည္း အမ်ားျကီးရွိေနပါေသးတယ္ေနာ္ …

Rain

Unicode
အမျိုးသမီးတို့ ရှောင်ကြဉ်အပ်တဲ့ ယောက်ျားဆိုး အမျိုးအစား(၄)မျိုး

ချစ်သူရည်းစားထားတော့မယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့သူမျိုးဖြစ်ဖို့ သေချာရွေးချယ်စဉ်းစားသင့်ပါတယ်။

ကိုယ်ချစ်ရင်ပြီးရောဆိုပြီး ကိုယ်နဲ့မထိုက်တန်တဲ့သူတွေကို အတင်းတွယ်ကပ်နေမယ့်အစား ကိုယ့်ကိုတစ်ကယ်ချစ်ပြီးတန်ဖိုးထားမယ့်သူမျိုးကိုသာ စောင့်သင့်ပါတယ်။

ကိုယ့်အချိန်တွေပေးဖို့မတန်တဲ့ ရှောင်ကြဉ်ရမယ့် ယောက်ျားဆိုး(၄)မျိုးကတော့…

(၁) လိုမှခေါ်ချစ်တဲ့ ယောက်ျားမျိုး

ဒီလိုလူတွေကတော့ သူတို့လိုအပ်တဲ့အချိန်မှတော့ ချစ်ပြ၊ ရွှမ်းရွှမ်းဝေအောင်ပြောပြီး ဂရုစိုက်ပြကြပေမယ့် သူတို့မလိုအပ်တဲ့အချိန်မှာတော့ ထားပစ်ခဲ့ဖို့ ဝန်မလေးတဲ့သူမျိုးတွေပါ။

လိုတဲ့အချိန်ပြန်လာ၊ မလိုတဲ့အချိန်ထားသွားနဲ့ သင့်ရဲ့စိတ်ကို အမြဲကစားနေမယ့်သူတွေကိုတော့ ရှောင်ပါနော်။

ဒီလိုလူတွေက သင့်ကို တန်ဖိုးထားပြီးတွဲနေတာမဟုတ်သလို ဘယ်အချိန်ကိုယ့်ကိုထားသွားမလဲဆိုပြီး ပူပန်နေရမယ့်သူမျိုးအတွက်နဲ့တော့ ကိုယ့်ရဲ့အချိန်တွေကို အကုန်မခံပါနဲ့။

(၂) သာပေါင်းညာစား ယောက်ျားမျိုး

သာပေါင်းညာစားသမားတွေကတော့ ကိုယ်အဆင်ပြေနေတဲ့အချိန်မှာတော့ ကိုယ်နဲ့တွဲမယ် ၊ ကိုယ်နိမ့်ကျတဲ့အချိန်ရောက်ရင်တော့ ထားသွားပြီး သာတဲ့လူနဲ့သွားတွဲမယ်ဆိုတဲ့ သူမျိုးတွေပါ။

ဒီလိုလူတွေက ကိုယ့်ရဲ့ အနိမ့်အမြင့် အတက်အကျတွေမှာ အတူတူလက်တွဲကျော်ဖြတ်မယ့် သူမျိုးမဟုတ်လို့ ဆက်တွဲမနေသင့်ပါဘူး။

(၃) ရည်ရွယ်ချက်မရှိတဲ့ ယောက်ျားမျိုး

ချစ်သူကို ဘဝလက်တွဲဖော်အဖြစ်ပါ ရည်ရွယ်ပြီးတွဲတဲ့မိန်းကလေးတွေကတော့ ဒီလိုရည်ရွယ်ချက်မရှိတဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူမျိုးတွေနဲ့ ဝေးဝေးကရှောင်ရပါမယ်။

ကိုယ့်ဘဝလက်တွဲဖော်က မိဘချမ်းသာလို့ ကောင်းကောင်းနေ ၊ ကောင်းကောင်းစားနေနိုင်တာထက် သူကိုယ်တိုင်လည်း အရည်အချင်းရှိပြီး ဘဝကိုကြိုးကြိုးစားစားနဲ့လျောက်လှမ်းနေတဲ့သူဖြစ်ရပါမယ် ။

အရည်အချင်းမရှိ၊ တစ်နေ့တစ်နေ့ ဂိမ်းပဲဆော့၊ ပညာရေးလဲအလေးမထား၊ အလုပ်အကိုင်လည်း မယ်မယ်ရရ မလုပ်ချင်တဲ့သူမျိုးနဲ့ တော့ ရေရှည်လက်တွဲလို့အဆင်မပြေပါဘူး။

(၃) အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျားမျိုး

ကိုယ်နဲ့လည်းတွဲနေပြီး တစ်ခြားမိန်းကလေးတွေနဲ့လည်း တိတ်တိတ်ပုန်းတွဲနေတာမျိုး၊ မတွဲရင်တောင် အီစီကလီတွေ ၊ အရှုပ်ဇယားတွေရှိနေတတ်တဲ့လူမျိုးကိုလည်း ရှောင်ပါ။

ဒီလိုလူတွေက တွေ့သမျှမိန်းမနဲ့ ကင်းမှာမဟုတ်ပဲ သူတို့ကိုယ်သူတို့တန်ဖိုးမထားသလို သင့်ကိုလည်း တန်ဖိုးထားပြီးချစ်ခင်မှာမဟုတ်ပါဘူး။

ဒီကမ္ဘာမှာ ကိုယ့်တစ်ယောက်တည်းကို တန်ဖိုးထားချစ်ပြီး သစ္စာရှိမယ့်သူတွေလည်း အများကြီးရှိနေပါသေးတယ်နော် …

Rain