ရည္းစားေဟာင္းကို ေမ့ႏိုင္ဖို႔ လုပ္ေဆာင္နိင္မည့္အခ်က္ (၆) ခ်က္…

ရည္းစားေဟာင္းကို ေမ့ႏိုင္ဖို႔ လုပ္ေဆာင္နိင္မည့္အခ်က္ (၆) ခ်က္…

သင္ သူ႕အေႀကာင္း မေတြးဘဲ မေနႏိုင္ ျဖစ္ေနပါသလား…၊ ရည္းစား ေဟာင္းကို ေမ့ဖို႔ဆိုတာ အရမ္းကိုလြယ္ကူတဲ့ ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ လူဆိုတာ ကိုယ့္ဘဝကို ကိုယ္သာ ထိန္းေက်ာင္းရမွာ ျဖစ္တဲ့အတြက္ မရနုိင္ေတာ့တဲ့ အတိတ္ကို တမ္းတေနရင္ေတာ့ သင္ပဲတစ္ေန႔ ေနာင္တအၾကီးၾကီး ရမွာ ျဖစ္ပါတယ္။ဒီေတာ့ သူ႔အေၾကာင္းေတြးတာကို အခ်ိန္အတိုင္းအတာ တစ္ခုမွာေတာ့ သင္ရပ္တန္႔ဖို႔ ၾကိဳးစားသင့္ ပါတယ္။ သင့္အေတြးေတြကို မရပ္တန္႕ႏိုင္ဘူးဆိုရင္ ေအာက္ပါနည္းလမ္းေတြကို အသံုးခ်ျပီး သူ႔ကို ေမ့ဖို႕ ႀကိဳးစားၾကည္႔ လိုက္ပါေနာ္ …။

၁။ တြယ္ကပ္မေနပါနဲ႔”

အေျပာလြယ္သေလာက္ အလုပ္ခက္ပါတယ္။ ဒါေပမဲ႕ သင့္မွာ ကိုယ္ပိုင္ဘဝ အေတြးအေခၚ ရည္မွန္းခ်က္ေတြ ရွိတယ္ဆိုတာ သတိရပါ။ သူ႕ကို တြယ္ကပ္မေနပါနဲ႕။ သင့္ဘဝရဲ႕ အေရးႀကီးတဲ႔ အရာေတြကို အာရံုစိုက္လိုက္ပါ …။

၂။ အာရံုလႊဲပါ”

သင္ သူ႕အေႀကာင္းေတြးတာ မရပ္တန္႕ႏိုင္ဘူးဆိုလွ်င္ အာရံုလႊဲလိုက္ပါ။ သင့္အႀကိဳက္ဆံုးစာအုပ္ကို ဖတ္လိုက္ပါ။ ဇာတ္ကားႀကည့္ပါ။ သီခ်င္းနားေထာင္ပါ။ အဲဒီအရာေတြက သင့္စိတ္ကို အာရံုလြဲေစျပီး သူ႕ကိုသင့္ေခါင္းထဲက ထုတ္ပစ္ႏိုင္ဖို႕ ကူညီႏိုင္ပါလိမ့္မယ္ …။

၃။ အတိတ္ကို ျပန္မေတြးပါနဲ႔”

သူႏွင့္ပက္သက္သည့္ အတိတ္ကို ျပန္ေတြးတာ ရပ္လိုက္ပါ။ ပစၥဳပၸန္က သင့္ကိုယ္သင္ အာရံုစိုက္ပါ။အတိတ္ကို ေတြးမိတဲ့ အခ်ိန္အတိုင္း ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ၇ပ္တန္႔နုိင္ေအာင္ၾကိဳးစားပါ။ အၾကိမ္ေရမ်ားလာရင္ တျဖည္းျဖည္းနဲ႔ တိုးတက္ လာပါလိမ့္မယ္ …။

၄။ သူငယ္ခ်င္းေတြႏွင့္ အခ်ိန္ျဖဳန္းပါ”

သူငယ္ခ်င္းေတြႏွင့္ shopping ထြက္ပါ။ လမ္းေလွ်ာက္ထြက္ပါ။ ခရီးတစ္ခု ထြက္ပါ။ အဲဒါဆိုရင္သူ႕အေႀကာင္းေတြးဖို႕ သင္ အခ်ိန္ေတာင္ ရမည္မဟုတ္ပါ။ သင့္ သက္သာဇုန္ ( comfort zone ) ထဲက ထြက္လိုက္ျပီး သူငယ္ခ်င္းေတြႏွင့္ အခ်ိန္ျဖဳန္းလိုက္ပါ။

၅။ မိသားစုကို အခ်ိန္ေပးပါ”

သူ႕အေႀကာင္း ေတြးတာ ရပ္တန္႕ဖို႕ အေကာင္းဆံုးနည္းတစ္ခုက သင့္မိသားစုကို အခ်ိန္ေပးျခင္းပါပဲ။ မိသားစုေတြႏွင့္ အတူတူ ရွိေနသည့္အခါ သူ႕အေႀကာင္းမေတြးဘဲ မိသားစုကို ဂရုစိုက္ပါ။ သင့္မိဘ ေမာင္ႏွမေတြကို စိတ္အာရံု လႊဲေျပာင္းသည့္အရာတစ္ခုအျဖစ္ အသံုးခ်ၾကည္႔ပါ …။

၆။ ၀ါသနာတစ္ခုကို လိုက္စားပါ”

သင့္မွာ ဝါသနာေတြ ရွိပါတယ္။ သင့္စိတ္အာရံုကို ေျပာင္းလဲဖို႕ သင္ဝါသနာပါတဲ႔ အရာတစ္ခုကို လုပ္ေဆာင္ပါ။ သင့္ေခါင္းထဲက သူ႔ကို ထုတ္ပစ္ႏိုင္သည့္ ဝါသနာတစ္ခုကို ရွာေဖြလုပ္ေဆာင္ပါ။ ဥပမာ ႏိုင္ငံျခားဘာသာစကားတစ္ခုကို ေလ့တာမ်ိဳး အက်ိဳးလည္းရိွေစတာမ်ိဳး လုပ္ေဆာင္လိုက္ပါ …။

ေလာကၾကီးမွာ သင့္အခ်စ္နဲ႔ ထိုက္တန္တဲ့သူေတြ အမ်ားၾကီး ရွိေနပါတယ္။ တစ္စံုတစ္ခုထဲကို စိုက္ၾကည့္ျပီး အျခားအရာေတြကို မျမင္လိုက္တာမ်ိဳး မျဖစ္ပါေစနဲ႔ေနာ္ …။ ။

Auntymay

Ref:en.amerikanki

Unicode Version ဖြင့်ဖတ်ရန်

ရည်းစားဟောင်းကို မေ့နိုင်ဖို့ လုပ်ဆောင်နိင်မည့်အချက် (၆) ချက်…

သင် သူ့အကြောင်း မတွေးဘဲ မနေနိုင် ဖြစ်နေပါသလား…၊ ရည်းစား ဟောင်းကို မေ့ဖို့ဆိုတာ အရမ်းကိုလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် လူဆိုတာ ကိုယ့်ဘဝကို ကိုယ်သာ ထိန်းကျောင်းရမှာ ဖြစ်တဲ့အတွက် မရနိုင်တော့တဲ့ အတိတ်ကို တမ်းတနေရင်တော့ သင်ပဲတစ်နေ့ နောင်တအကြီးကြီး ရမှာ ဖြစ်ပါတယ်။ဒီတော့ သူ့အကြောင်းတွေးတာကို အချိန်အတိုင်းအတာ တစ်ခုမှာတော့ သင်ရပ်တန့်ဖို့ ကြိုးစားသင့် ပါတယ်။ သင့်အတွေးတွေကို မရပ်တန့်နိုင်ဘူးဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးချပြီး သူ့ကို မေ့ဖို့ ကြိုးစားကြည့် လိုက်ပါနော် …။

၁။ တွယ်ကပ်မနေပါနဲ့”

အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒါပေမဲ့ သင့်မှာ ကိုယ်ပိုင်ဘဝ အတွေးအခေါ် ရည်မှန်းချက်တွေ ရှိတယ်ဆိုတာ သတိရပါ။ သူ့ကို တွယ်ကပ်မနေပါနဲ့။ သင့်ဘဝရဲ့ အရေးကြီးတဲ့ အရာတွေကို အာရုံစိုက်လိုက်ပါ …။

၂။ အာရုံလွှဲပါ”

သင် သူ့အကြောင်းတွေးတာ မရပ်တန့်နိုင်ဘူးဆိုလျှင် အာရုံလွှဲလိုက်ပါ။ သင့်အကြိုက်ဆုံးစာအုပ်ကို ဖတ်လိုက်ပါ။ ဇာတ်ကားကြည့်ပါ။ သီချင်းနားထောင်ပါ။ အဲဒီအရာတွေက သင့်စိတ်ကို အာရုံလွဲစေပြီး သူ့ကိုသင့်ခေါင်းထဲက ထုတ်ပစ်နိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ် …။

၃။ အတိတ်ကို ပြန်မတွေးပါနဲ့”

သူနှင့်ပက်သက်သည့် အတိတ်ကို ပြန်တွေးတာ ရပ်လိုက်ပါ။ ပစ္စုပ္ပန်က သင့်ကိုယ်သင် အာရုံစိုက်ပါ။အတိတ်ကို တွေးမိတဲ့ အချိန်အတိုင်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ၇ပ်တန့်နိုင်အောင်ကြိုးစားပါ။ အကြိမ်ရေများလာရင် တဖြည်းဖြည်းနဲ့ တိုးတက် လာပါလိမ့်မယ် …။

၄။ သူငယ်ချင်းတွေနှင့် အချိန်ဖြုန်းပါ”

သူငယ်ချင်းတွေနှင့် shopping ထွက်ပါ။ လမ်းလျှောက်ထွက်ပါ။ ခရီးတစ်ခု ထွက်ပါ။ အဲဒါဆိုရင်သူ့အကြောင်းတွေးဖို့ သင် အချိန်တောင် ရမည်မဟုတ်ပါ။ သင့် သက်သာဇုန် ( comfort zone ) ထဲက ထွက်လိုက်ပြီး သူငယ်ချင်းတွေနှင့် အချိန်ဖြုန်းလိုက်ပါ။

၅။ မိသားစုကို အချိန်ပေးပါ”

သူ့အကြောင်း တွေးတာ ရပ်တန့်ဖို့ အကောင်းဆုံးနည်းတစ်ခုက သင့်မိသားစုကို အချိန်ပေးခြင်းပါပဲ။ မိသားစုတွေနှင့် အတူတူ ရှိနေသည့်အခါ သူ့အကြောင်းမတွေးဘဲ မိသားစုကို ဂရုစိုက်ပါ။ သင့်မိဘ မောင်နှမတွေကို စိတ်အာရုံ လွှဲပြောင်းသည့်အရာတစ်ခုအဖြစ် အသုံးချကြည့်ပါ …။

၆။ ဝါသနာတစ်ခုကို လိုက်စားပါ”

သင့်မှာ ဝါသနာတွေ ရှိပါတယ်။ သင့်စိတ်အာရုံကို ပြောင်းလဲဖို့ သင်ဝါသနာပါတဲ့ အရာတစ်ခုကို လုပ်ဆောင်ပါ။ သင့်ခေါင်းထဲက သူ့ကို ထုတ်ပစ်နိုင်သည့် ဝါသနာတစ်ခုကို ရှာဖွေလုပ်ဆောင်ပါ။ ဥပမာ နိုင်ငံခြားဘာသာစကားတစ်ခုကို လေ့တာမျိုး အကျိုးလည်းရှိစေတာမျိုး လုပ်ဆောင်လိုက်ပါ …။

လောကကြီးမှာ သင့်အချစ်နဲ့ ထိုက်တန်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ တစ်စုံတစ်ခုထဲကို စိုက်ကြည့်ပြီး အခြားအရာတွေကို မမြင်လိုက်တာမျိုး မဖြစ်ပါစေနဲ့နော် …။ ။

Auntymay

Ref:en.amerikanki