အသက်ဘေးကနေ သီသီလေးလွတ်မြောက်လာတဲ့ ရေမဆေးသမားတစ်ဦးရဲ ့ပြောပြချက် ( ရုပ် သံ )

ေက်ာက္စိမ္းေျမမွာ ေၾကလြင့္သြားတဲ့ အသက္မ်ား

ဇူလိုင္ -၅၊၂၀၂၀

သူကေတာ့ အသက္ေဘးကေန သီသီေလးလြတ္ေျမာက္လာတဲ့ ေရမေဆးသမားတစ္ဦးျဖစ္သူ ကိုသိန္းသန္းစိုးပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖားကန႔္ ၊ ေဝွခါေမွာ္မွာ ေျမၿပိဳ မႈျဖစ္ပြားခ်ိန္မွာ ကိုသန္းစိုးလည္း ေရမေဆးေက်ာက္ရွာေဖြ ေနခ်ိန္ ျဖစ္ပါတယ္။

ဒါေပမယ့္ ေျမၿပိဳတာကို သိသိခ်င္းပဲ အျမန္ေျပးတက္လာႏိုင္တဲ့အတြက္ အသက္ေဘးက ေနလြတ္ခဲ့တာပါ။ ကိုသန္းစိုးလို အခ်ိန္မီေျပးမတက္ ႏိုင္တဲ့သူေတြ ကေတာ့ အသက္ဆုံးရႈံးခဲ့ရပါတယ္။

ကိုသန္းစိုးလိုပဲ ရရာေျပးဆြဲၿပီး တက္ေျပးခဲ့လို႔ အသက္ေဘးက လြတ္ေျမာက္သြားသူေတြလည္းရွိပါတယ္။ ဒါေပမယ့္ ဒီလိုလူမ်ိဳးက လူနည္းစုပါ။ ျဖစ္စဥ္ကိုျမင္ေတြ႕လိုက္ရတဲ့ ေဒသခံေတြ ေျမၿပိဳက်မႈမွာပါသြားတဲ့ေရမေဆးေက်ာက္ ရွာေဖြသူဟာ ႏွစ္ရာေလာက္ရွိမယ္လို႔ခန႔္မွန္းထားပါတယ္။

ေျမၿပိဳတာကိုၾကားရၿပီးေနာက္ ျဖစ္စဥ္ကိုသြားေရာက္ၾကည့္ရႈခဲ့သူ အမ်ိဳးသမီးတစ္ဦးျဖစ္သူ မခင္ႏွင္းေဌး ကအခုလိုေျပာျပပါတယ္။

ေျမၿပိဳက်မႈ ျဖစ္စဥ္ထဲမွာ တူေတာ္စပ္သူပါသြားတဲ့ ဦးေအာင္သန္းကေတာ့ သူရဲ႕တူသားကို ျပန္ေတြ႕ ရေပမယ့္ အသက္မရွိေတာ့ပါဘူး။

ဒီကေန႔အထိေတာ့ ကယ္ဆယ္ေရးလုပ္ရာမွာ ႐ုပ္အေလာင္း ၁၇၄ ေလာင္းကိုေတြ႕ရွိထားရပါၿပီ။ ကယ္ဆယ္ေရး လုပ္ရတာကေတာ့ မလြယ္ကူလွပါဘူး။

ရာသီဥတုအေျခအေနအရ မိုးသည္းလာတဲ့အခ်ိန္မွာ ေခတၱရပ္နားလိုက္ရတာေတြရွိပါတယ္။

ရွာေဖြကယ္ဆယ္ေရးဟာ ဒီကေန႔ ဆိုရင္သုံးရက္ေျမာက္ရွိလာၿပီျဖစ္ၿပီး အေလာင္းျပန္ေတြ႕ရႏိုးႏိုးနဲ႔ လာေရာက္ေစာင့္ဆိုင္းေနတဲ့ သူေတြလည္းရွိေနဆဲပါ။

ျပန္လည္ရွာေတြ႕ ခဲ့တဲ့ ႐ုပ္အေလာင္းေတြကို သက္ဆိုင္ရာမိသားစုဝင္ေတြက ျပန္လည္သယ္ေဆာင္ၾကတာရွိသလို မိသားစုဆႏၵအရ အုပ္ခ်ဳပ္ေရး အဖြဲ႕ကလည္း သၿဂိဳဟ္ေပးတာရွိပါတယ္။

ပိုင္ရွင္မဲ့အေလာင္းအခ်ိဳ႕လည္းရွိေနၿပီး ဒီအေလာင္းေတြကိုေတာ့ အုပ္ခ်ဳပ္ေရးဘက္ကပဲ သၿဂိဳဟ္ေပးသြားမယ္လို႔သိရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ေတြကေတာ့ ႀကိဳးစားပမ္းစား ရွာေဖြေနတုန္းပါပဲ။

 

ဒါ့အတူ ေျမၿပိဳတဲ့အထဲ ပါသြားတဲ့ မိမိတို႔ရဲ႕သက္ဆိုင္သူေတြ ၊မိသားစုဝင္ေတြ ၊ မိတ္ေဆြေတြကို ျပန္ေတြ႕ ရဖို႔ ေမွ်ာ္လင့္တႀကီး နဲ႔ ​ ေစာင့္ေမွ်ာ္ေနၾကသူေတြကလည္း ကယ္ဆယ္ေရးအဖြဲ႕ေတြ ရဲ႕ခပ္လွမ္းလွမ္းမွာ ဟိုတစ္စု ၊ဒီတစ္စု ေတြ႕ျမင္ႏိုင္ပါတယ္။

ရုပ္သံၾကည့္ရန္

႐ုပ္သံသတင္းေထာက္ – ၿဖိဳးၿဖိဳးေဇာ္

Unicode

ကျောက်စိမ်းမြေမှာ ကြေလွင့်သွားတဲ့ အသက်များ

ဇူလိုင် -၅၊၂၀၂၀

သူကတော့ အသက်ဘေးကနေ သီသီလေးလွတ်မြောက်လာတဲ့ ရေမဆေးသမားတစ်ဦးဖြစ်သူ ကိုသိန်းသန်းစိုးပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖားကန့် ၊ ဝှေခါမှော်မှာ မြေပြို မှုဖြစ်ပွားချိန်မှာ ကိုသန်းစိုးလည်း ရေမဆေးကျောက်ရှာဖွေ နေချိန် ဖြစ်ပါတယ်။

ဒါပေမယ့် မြေပြိုတာကို သိသိချင်းပဲ အမြန်ပြေးတက်လာနိုင်တဲ့အတွက် အသက်ဘေးက နေလွတ်ခဲ့တာပါ။ ကိုသန်းစိုးလို အချိန်မီပြေးမတက် နိုင်တဲ့သူတွေ ကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကိုသန်းစိုးလိုပဲ ရရာပြေးဆွဲပြီး တက်ပြေးခဲ့လို့ အသက်ဘေးက လွတ်မြောက်သွားသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးက လူနည်းစုပါ။ ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ ဒေသခံတွေ မြေပြိုကျမှုမှာပါသွားတဲ့ရေမဆေးကျောက် ရှာဖွေသူဟာ နှစ်ရာလောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။

မြေပြိုတာကိုကြားရပြီးနောက် ဖြစ်စဉ်ကိုသွားရောက်ကြည့်ရှုခဲ့သူ အမျိုးသမီးတစ်ဦးဖြစ်သူ မခင်နှင်းဌေး ကအခုလိုပြောပြပါတယ်။

မြေပြိုကျမှု ဖြစ်စဉ်ထဲမှာ တူတော်စပ်သူပါသွားတဲ့ ဦးအောင်သန်းကတော့ သူရဲ့တူသားကို ပြန်တွေ့ ရပေမယ့် အသက်မရှိတော့ပါဘူး။

ဒီကနေ့အထိတော့ ကယ်ဆယ်ရေးလုပ်ရာမှာ ရုပ်အလောင်း ၁၇၄ လောင်းကိုတွေ့ရှိထားရပါပြီ။ ကယ်ဆယ်ရေး လုပ်ရတာကတော့ မလွယ်ကူလှပါဘူး။

ရာသီဥတုအခြေအနေအရ မိုးသည်းလာတဲ့အချိန်မှာ ခေတ္တရပ်နားလိုက်ရတာတွေရှိပါတယ်။

ရှာဖွေကယ်ဆယ်ရေးဟာ ဒီကနေ့ ဆိုရင်သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလောင်းပြန်တွေ့ရနိုးနိုးနဲ့ လာရောက်စောင့်ဆိုင်းနေတဲ့ သူတွေလည်းရှိနေဆဲပါ။

ပြန်လည်ရှာတွေ့ ခဲ့တဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက ပြန်လည်သယ်ဆောင်ကြတာရှိသလို မိသားစုဆန္ဒအရ အုပ်ချုပ်ရေး အဖွဲ့ကလည်း သဂြိုဟ်ပေးတာရှိပါတယ်။

ပိုင်ရှင်မဲ့အလောင်းအချို့လည်းရှိနေပြီး ဒီအလောင်းတွေကိုတော့ အုပ်ချုပ်ရေးဘက်ကပဲ သဂြိုဟ်ပေးသွားမယ်လို့သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကြိုးစားပမ်းစား ရှာဖွေနေတုန်းပါပဲ။

ဒါ့အတူ မြေပြိုတဲ့အထဲ ပါသွားတဲ့ မိမိတို့ရဲ့သက်ဆိုင်သူတွေ ၊မိသားစုဝင်တွေ ၊ မိတ်ဆွေတွေကို ပြန်တွေ့ ရဖို့ မျှော်လင့်တကြီး နဲ့ ​ စောင့်မျှော်နေကြသူတွေကလည်း ကယ်ဆယ်ရေးအဖွဲ့တွေ ရဲ့ခပ်လှမ်းလှမ်းမှာ ဟိုတစ်စု ၊ဒီတစ်စု တွေ့မြင်နိုင်ပါတယ်။

ရုပ်သံသတင်းထောက် – ဖြိုးဖြိုးဇော်