သင့္ကို အေပ်ာ္ၾကံတာမဟုတ္ပဲ လက္ထပ္ဖို႔ထိ ရည္ရြယ္ထားတဲ့ ခ်စ္သူမွန္းသိသာေစတဲ့ အခ်က္မ်ား…

သင့္ကို အေပ်ာ္ၾကံတာမဟုတ္ပဲ လက္ထပ္ဖို႔ထိ ရည္ရြယ္ထားတဲ့ ခ်စ္သူမွန္းသိသာေစတဲ့ အခ်က္မ်ား…

အခ်စ္ေရးတစ္ခုမွာ အေၾကာက္ရဆံုးကေတာ့ ကိုယ္က စိတ္ရင္းအမွန္နဲ႔ ပံုအပ္ျပီး ခ်စ္ရသေလာက္ ကိုယ့္ကို အေပ်ာ္တြဲခံရတာပါပဲ။ ဒါဟာ လူေတာ္ေတာ္မ်ားမ်ားလည္း ၾကံဳရေလ့ရွိတဲ့ ျပႆနာတစ္ခုျဖစ္သလို ခံစားရတာလည္း အရမ္းကို ဆိုးရြားလြန္းပါတယ္။ ဒါေၾကာင့္မို႔လို႔ ကိုယ့္ကို အေပ်ာ္တြဲတာလား၊ အတည္တြဲတာလားဆိုတာ ခြဲျခားသိျမင္တတ္ဖုိ႔ လုိပါတယ္ေနာ္ …။

အခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြကေတာ့ သင့္ကိုအတည္တြဲေနတဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ လကၡဏာေတြပဲ ျဖစ္ပါတယ္။ သင့္ခ်စ္ သူနဲ႔ ကိုက္ညီေန ရင္ေတာ့ သင္ဟာ ကံေကာင္းတဲ႔သူ တစ္ေယာက္ပါပဲ …။

(၁) သင့္အနားမွာေနရင္ ရယ္ေမာေပ်ာ္ရႊင္ေနမယ္”

သင့္ကိုအတည္တြဲတဲ့ ေယာက်္ားတစ္ေယာက္ဟာ သင့္အနားမွာေန တဲ့အခ်ိန္ေတြမွာ ရယ္ေမာေပ်ာ္ ရႊင္ေနတတ္ တဲ့သူပါ။ ဟန္ေဆာင္္ျပီး ေပ်ာ္တဲ့ပံုဖမ္းေန တာမ်ိဳးနဲ႔ေတာ့ အရမ္းကို ကြာပါတယ္။ သူ႔ကိုသင္ၾကည့္ လိုက္တာနဲ႔၊ သင့္အနားသူ ေရာက္လာတာနဲ႔ အျမဲတမ္း ေပ်ာ္ရႊင္ျပီး ၾကည္ႏူးေန တတ္တဲ့ သူမ်ိဳးပါ . . .။

(၂) သူ႔ရဲ႕အျပဳအမူမွာ ေပၚလြင္ေနတယ္”

ေယာက်္ားေလးေတြဟာ စကားအပိုေတြ၊ တီတီတာတာေတြ သိပ္မေျပာတတ္ၾကပါဘူး။ ဒါေပမယ့္ သူတုိ႔ရဲ႕ ခံစားခ်က္ကို အျပဳအမူနဲ႔ ဘယ္လိုေဖာ္ျပရမလဲ ဆိုတာကိုေတာ့ ေကာင္းေကာင္းသိၾကပါတယ္။ ဒါေၾကာင့္မုိ႔လို႔ သင့္ခ်စ္သူက သင့္ကို စကားလံုးလွလွေတြ ေျပာခ်င္မွ ေျပာမယ္။ ဒါေပမယ့္ သူ႔ရဲ႕အမူအရာမွာ၊ အျပဳအမူမွာ ထင္ဟပ္ေနတယ္ဆိုရင္ေတာ့ သင့္ကို အတည္တြဲေနတာ ေသခ်ာပါတယ္ . . .။

(၃) သင့္ပံုစံေတြကိုေျပာင္းလဲဖို႔ ဖိအားမေပးဘူး”

သူဟာသင့္ကို ေကာင္းေကာင္းနားလည္တဲ့သူပါ။ သင့္အားသာခ်က္ေတြကစလို႔ အားနည္းခ်က္အဆံုး၊ သင္နဲ႔ပတ္သက္ရင္ အရာအားလံုးကို နားလည္တဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္လည္း သင့္ရဲ႕အရွိကို အရွိအတိုင္းလက္ခံျပီး သင္မျဖစ္ခ်င္တဲ့ပံုစံမ်ိဳး၊ သင့္ပံုစံမဟုတ္တာမ်ိဳးကို အတင္းေျပာင္းလဲခိုင္းဖုိ႔ ဖိအားေပးမွာ မဟုတ္ပါဘူူး။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ရဲ႕အျပင္ပန္းထက္ အတြင္းစိတ္ကို ပိုခ်စ္တယ္ဆိုတာကို သိေစခ်င္လို႔ ျဖစ္ပါတယ္ . . .။

(၄) သင့္ရဲ႕အဆိုးဆံုးအေျခအေနကို ျမင္ျပီးတာေတာင္ပစ္မသြားဘူး”

သင္ဘယ္ေလာက္ဆိုးတယ္၊ သင့္မွာအားနည္းခ်က္ေတြ၊ ျပစ္ခ်က္ေတြဘယ္ေလာက္မ်ားလဲဆိုတာ သူေကာင္းေကာင္းသိပါတယ္။ အေၾကာင္းရင္းကေတာ့ သင့္ရဲ႕သရုပ္မွန္ေတြအားလံုးကို သူ႔ကိုသင္ျပခဲ့ျပီးျဖစ္ပါတယ္။ သင့္အေၾကာင္းအားလံုးကိုသိျပီး သင့္အားနည္းခ်က္ေတြ၊ အဆိုးဆံုးအေျခအေနေတြကို ျမင္ျပီးတာေတာင္မွ သင့္ကိုပစ္မသြားဘူးဆိုရင္ သင့္ကို အတည္တြဲေနတာပဲ ျဖစ္ပါတယ္ . . .။

Em Em

Credit – Aunty May

Unicode ဖြင့်ဖတ်ရန်

သင့်ကို အပျော်ကြံတာမဟုတ်ပဲ လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူမှန်းသိသာစေတဲ့ အချက်များ…

အချစ်ရေးတစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီး ချစ်ရသလောက် ကိုယ့်ကို အပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကို ဆိုးရွားလွန်းပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကို အပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်နော် …။

အခုဖော်ပြပေးမယ့် အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သင့်ချစ် သူနဲ့ ကိုက်ညီနေ ရင်တော့ သင်ဟာ ကံကောင်းတဲ့သူ တစ်ယောက်ပါပဲ …။

(၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ်”

သင့်ကိုအတည်တွဲတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အနားမှာနေ တဲ့အချိန်တွေမှာ ရယ်မောပျော် ရွှင်နေတတ် တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေ တာမျိုးနဲ့တော့ အရမ်းကို ကွာပါတယ်။ သူ့ကိုသင်ကြည့် လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်း ပျော်ရွှင်ပြီး ကြည်နူးနေ တတ်တဲ့ သူမျိုးပါ . . .။

(၂) သူ့ရဲ့အပြုအမူမှာ ပေါ်လွင်နေတယ်”

ယောက်ျားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့်မို့လို့ သင့်ချစ်သူက သင့်ကို စကားလုံးလှလှတွေ ပြောချင်မှ ပြောမယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာမှာ၊ အပြုအမူမှာ ထင်ဟပ်နေတယ်ဆိုရင်တော့ သင့်ကို အတည်တွဲနေတာ သေချာပါတယ် . . .။

(၃) သင့်ပုံစံတွေကိုပြောင်းလဲဖို့ ဖိအားမပေးဘူး”

သူဟာသင့်ကို ကောင်းကောင်းနားလည်တဲ့သူပါ။ သင့်အားသာချက်တွေကစလို့ အားနည်းချက်အဆုံး၊ သင်နဲ့ပတ်သက်ရင် အရာအားလုံးကို နားလည်တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီး သင်မဖြစ်ချင်တဲ့ပုံစံမျိုး၊ သင့်ပုံစံမဟုတ်တာမျိုးကို အတင်းပြောင်းလဲခိုင်းဖို့ ဖိအားပေးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အပြင်ပန်းထက် အတွင်းစိတ်ကို ပိုချစ်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ် . . .။

(၄) သင့်ရဲ့အဆိုးဆုံးအခြေအနေကို မြင်ပြီးတာတောင်ပစ်မသွားဘူး”

သင်ဘယ်လောက်ဆိုးတယ်၊ သင့်မှာအားနည်းချက်တွေ၊ ပြစ်ချက်တွေဘယ်လောက်များလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ အကြောင်းရင်းကတော့ သင့်ရဲ့သရုပ်မှန်တွေအားလုံးကို သူ့ကိုသင်ပြခဲ့ပြီးဖြစ်ပါတယ်။ သင့်အကြောင်းအားလုံးကိုသိပြီး သင့်အားနည်းချက်တွေ၊ အဆိုးဆုံးအခြေအနေတွေကို မြင်ပြီးတာတောင်မှ သင့်ကိုပစ်မသွားဘူးဆိုရင် သင့်ကို အတည်တွဲနေတာပဲ ဖြစ်ပါတယ် . . .။

Em Em

Credit – Aunty May