July လဖြားေလးေတြကိုမွ ခ်စ္မိေနရင္ ဒီအခ်က္ေလးေတြကိုေတာ့ နားလည္ေပးပါ…

July လဖွားလေးတွေကိုမှ ချစ်မိနေရင် ဒီအချက်လေးတွေကိုတော့ နားလည်ပေးပါ…

လတိုင်းလတိုင်းမှာ သူ့ရဲ့ သက်ရောက်တဲ့ဲဂြိုလ်တွေ ရှိပါတယ်။ ဒီအရာကို လိုက်ပြီး ဗေဒင်နဲ့ နက္ခတ်ပညာရှင်တွေက မွေးဖွားတဲ့ရာသီအလိုက် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်လေးတွေရှိကြောင်း ဖော်ပြထားပါတယ်။

ခုဖော်ပြပေးမှာကတော့ July လဖွားလေးတွေကိုမှ ချစ်မိနေရင် ဒီအချက်လေးတွေကို နားလည်ပေးရမှာပါ။

July ဖွားလေးတွေဟာ ချစ်သူကို အရမ်းဂရုစိုက်တဲ့သူတွေပါ။ ထိုနည်းတူ ချစ်သူဆီကလည်း ဂရုစိုက်မှုကိုလိုချင်တဲ့သူတွေပါ။ နည်းနည်းလေး ဂရုမစိုက်လိုက်မိတာနဲ့ သူတို့ကို မချစ်ဘူး၊ မလိုအပ်ဘူးဆိုပြီး ဝမ်းနည်းနေတတ်သူတွေပါ။

July ဖွားလေးတွေဟာ ချစ်သူဖက်ကနေ အမြဲတမ်း ရပ်တည်ပေးမယ့်သူတွေပါ။ တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဖြစ်နေရင်တောင် ချစ်သူလက်ကိုပဲ တွဲပြီး တစ်ကမ္ဘာလုံးကို ဆန့်ကျင်နိုင်တဲ့သူတွေပါ။

July လဖွားလေးတွေဟာ အရမ်းခန့်မှန်းရခက်ပါတယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့သူတွေဖြစ်တာကြောင့် စကားအပြောအဆိုလည်း အထူးသတိထားပေးရပါမယ်။

July လဖွားတွေဟာ မလိုအပ်တဲ့နေရာ၊ မလိုအပ်တဲ့အရာမျိုးမှာ အားစိုက်မထုတ်ချင်တဲ့သူတွေပါ။ ဒါကြောင့်သူတို့ကို အကြောင်းမဲ့သက်သက်ရစ်တာ၊ စိတ်ကောက်တာတွေမလုပ်ပါနဲ့။ သင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။

July ဖွားတွေဟာ သည်းသည်းလှုပ်ချစ်ပြတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့်တကယ်တမ်း လိုအပ်လာပြီဆိုရင် ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပေးမယ့်သူတွေဖြစ်ပါတယ်။

July လဖွားလေးတွေဟာ အရမ်းအလုပ်ကြိုးစားတဲ့သူတွေပါ။ ဒါကြောင့် တစ်ခါတလေ အလုပ်ကိုပဲ ဦးစားပေးနေသလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း နားလည်ပေးလိုက်ပါ။ သူတို့တွေရဲ့ မွေးရာပါ အရည်အချင်းတစ်ခု ဖြစ်နေလို့ပါပဲ။

July လဖွားလေးတွေဟာ ခံစားချက်ကို အရမ်းမြိုသိပ်နိုင်တဲ့သူတွေပါ။ ဒါကြောင့် တစ်ခါတလေမှာ သူတို့ စိတ်တိုစိတ်ဆတ်တဲ့အခါ သင့်ဘက်က ဒေါသနဲ့ မတုန့်ပြန်ပါနဲ့။ သူ့ခံစားချက်ကို နားလည်နိုင်အောင် ကြိုးစားပါ။

ခရက်ဒစ် Em Em

Zawgyi

July လဖြားေလးေတြကိုမွ ခ်စ္မိေနရင္ ဒီအခ်က္ေလးေတြကိုေတာ့ နားလည္ေပးပါ…

လတိုင္းလတိုင္းမွာ သူ႔ရဲ႕ သက္ေရာက္တဲ့ဲၿဂိဳလ္ေတြ ရွိပါတယ္။ ဒီအရာကို လိုက္ၿပီး ေဗဒင္နဲ႔ နကၡတ္ပညာရွင္ေတြက ေမြးဖြားတဲ့ရာသီအလိုက္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ အက်င့္စ႐ိုက္ေလးေတြရွိေၾကာင္း ေဖာ္ျပထားပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ July လဖြားေလးေတြကိုမွ ခ်စ္မိေနရင္ ဒီအခ်က္ေလးေတြကို နားလည္ေပးရမွာပါ။

July ဖြားေလးေတြဟာ ခ်စ္သူကို အရမ္းဂ႐ုစိုက္တဲ့သူေတြပါ။ ထိုနည္းတူ ခ်စ္သူဆီကလည္း ဂ႐ုစိုက္မႈကိုလိုခ်င္တဲ့သူေတြပါ။ နည္းနည္းေလး ဂ႐ုမစိုက္လိုက္မိတာနဲ႔ သူတို႔ကို မခ်စ္ဘူး၊ မလိုအပ္ဘူးဆိုၿပီး ဝမ္းနည္းေနတတ္သူေတြပါ။

July ဖြားေလးေတြဟာ ခ်စ္သူဖက္ကေန အၿမဲတမ္း ရပ္တည္ေပးမယ့္သူေတြပါ။ တစ္ကမာၻလုံးနဲ႔တစ္ေယာက္ ျဖစ္ေနရင္ေတာင္ ခ်စ္သူလက္ကိုပဲ တြဲၿပီး တစ္ကမာၻလုံးကို ဆန႔္က်င္ႏိုင္တဲ့သူေတြပါ။

July လဖြားေလးေတြဟာ အရမ္းခန႔္မွန္းရခက္ပါတယ္။ စိတ္အေျပာင္းအလဲ အရမ္းျမန္တဲ့သူေတြျဖစ္တာေၾကာင့္ စကားအေျပာအဆိုလည္း အထူးသတိထားေပးရပါမယ္။

July လဖြားေတြဟာ မလိုအပ္တဲ့ေနရာ၊ မလိုအပ္တဲ့အရာမ်ိဳးမွာ အားစိုက္မထုတ္ခ်င္တဲ့သူေတြပါ။ ဒါေၾကာင့္သူတို႔ကို အေၾကာင္းမဲ့သက္သက္ရစ္တာ၊ စိတ္ေကာက္တာေတြမလုပ္ပါနဲ႔။ သင့္ကိုဂ႐ုစိုက္မွာမဟုတ္ပါဘူး။

July ဖြားေတြဟာ သည္းသည္းလႈပ္ခ်စ္ျပတတ္တဲ့သူေတြ မဟုတ္ပါဘူး။ ဒါေပမယ့္တကယ္တမ္း လိုအပ္လာၿပီဆိုရင္ ေရွ႕ဆုံးကေန မားမားမတ္မတ္ရပ္တည္ေပးမယ့္သူေတြျဖစ္ပါတယ္။

July လဖြားေလးေတြဟာ အရမ္းအလုပ္ႀကိဳးစားတဲ့သူေတြပါ။ ဒါေၾကာင့္ တစ္ခါတေလ အလုပ္ကိုပဲ ဦးစားေပးေနသလို ျဖစ္တတ္ပါတယ္။ ဒါေပမယ့္လည္း နားလည္ေပးလိုက္ပါ။ သူတို႔ေတြရဲ႕ ေမြးရာပါ အရည္အခ်င္းတစ္ခု ျဖစ္ေနလို႔ပါပဲ။

July လဖြားေလးေတြဟာ ခံစားခ်က္ကို အရမ္းၿမိဳသိပ္ႏိုင္တဲ့သူေတြပါ။ ဒါေၾကာင့္ တစ္ခါတေလမွာ သူတို႔ စိတ္တိုစိတ္ဆတ္တဲ့အခါ သင့္ဘက္က ေဒါသနဲ႔ မတုန႔္ျပန္ပါနဲ႔။ သူ႔ခံစားခ်က္ကို နားလည္ႏိုင္ေအာင္ ႀကိဳးစားပါ။

ခရက္ဒစ္ Em Em