ႏွလုံးသားကို Lock Down ခ်စရာမလိုပါဘူး

ႏွလုံးသားကို Lock Down ခ်စရာမလိုပါဘူး

ေနရာတကာ Lock Down ခ်ေနၾကတဲ့အခုလိုအခ်ိန္… အားလုံးအသြားအလာဆင္ျခင္ၿပီး အိမ္တြင္းေအာင္းေနၾကတဲ့အခ်ိန္… အျပင္ထြက္ ရတဲ့သူေတြကလည္း Social Distancing ဆိုတာကိုလိုက္နာေနၾကတဲ့အခ်ိန္… တစ္ေယာက္နဲ႔တစ္ေယာက္ ခြာေနဖို႔ႀကိဳးစားေနၾကရတဲ့အခ်ိန္မွာ ႏွလုံးသား ခ်င္းေတာ့ေဝးေနဖို႔မလိုပါဘူးေနာ္။

တစ္နည္းေျပာရရင္ ဒါဟာႏွလုံးသားကို လြတ္လပ္ခြင့္ေပးၿပီး အရင္က အာ႐ုံ မစိုက္ႏိုင္ခဲ့တာေတြကို အခ်ိန္ေပးရမယ့္အခြင့္အေရးတစ္ခုပါပဲ။ ႏွလုံးသားေရးရာမို႔ (၁၅၀၀) တစ္ခုတည္းလို႔ မထင္ပါနဲ႔… မိသားစု၊ သူငယ္ခ်င္းေတြၾကားက ျဖဴစင္တဲ့အခ်စ္ေတြအားလုံးအတြက္ ေျပာတာပါခင္ဗ်။

ကဲ ဒါဆိုရင္ Lock Down ကာလမွာ အခ်စ္ေတြဘယ္လိုသက္ေသျပမလဲဆိုတာ ၾကည့္ၾကည့္ရေအာင္ေနာ္။ အားလုံး အခ်စ္တိုးၿပီး တစ္ဦးအေပၚတစ္ဦး ပိုမိုနားလည္ႏိုင္ၾကပါေစခင္ဗ်ာ .. ။

၁. ေျပာျပပါ နားေထာင္ပါ

အလုပ္မ်ားတတ္တဲ့ Busy Bee ေလးေတြအတြက္ဆိုရင္ ဒီအခ်က္ကအရမ္းကို အေရးႀကီးပါတယ္။ ကြၽန္ေတာ့္ ပုံျပင္ကိုေျပာျပရရင္ အရင္ကအလုပ္မ်ားေတာ့ မိသားစုနဲ႔က စကားအဲေလာက္မေျပာျဖစ္ဘူး၊ အခ်ိန္လည္း သိပ္မေပးျဖစ္ဘူး၊ ျပႆနာႀကီးႀကီးမားမားမ႐ွိေတာ့ ကိုယ္လည္းသိပ္အာ႐ုံမစိုက္မိဘူးေလ…

တစ္ခုခုဆိုလည္း ကိုယ့္ဘာသာပဲေျဖ႐ွင္းဖို႔ ႀကိဳးစားတယ္၊ တစ္ေယာက္တည္း ေတာင့္ခံတယ္… အရမ္းပင္ပန္းခဲ့တာေပါ့။ တစ္ခါတစ္ေလ မိသားစုဘက္က သူတို႔ျပႆနာေတြ၊ စိတ္ညစ္စရာေတြေျပာျပလာရင္ ကိုယ္လည္းအရမ္း စိတ္ဖိစီးရတယ္… အဲ့တုန္းကေတာ့ ဘာလို႔ငါ့ဆီမွာမွ စိတ္ညစ္စရာေတြလာပုံေနတာလဲေပါ့၊ ငါလည္း ပင္ပန္းတာပဲ ဒါကိုနားမလည္ၾကဘူးလားေပါ့။

အခုက်မွ သူတို႔နဲ႔ စကားမ်ားမ်ားပိုေျပာျဖစ္လာတယ္၊ ကိုယ္စိတ္ညစ္ခဲ့တဲ့အရာေတြ ပင္ပန္းရတဲ့အေၾကာင္းေတြ ေျပာျပျဖစ္တယ္… သူတို႔အေၾကာင္းလည္း နားေထာင္ ေပးျဖစ္တယ္။ ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုနားလည္လာတယ္၊ ပိုရင္းႏွီးလာတယ္၊ ပိုေႏြးေထြးလာတယ္၊ အရင္ကထက္ေတာ့ အမ်ားႀကီးအဆင္ေျပသြားတာေပါ့။

၂. ဂ႐ုစိုက္မႈေတြေပးပါ

တစ္ခ်ိဳ႕ေတြထင္တတ္တာက “ငါခ်စ္ေနရင္ၿပီးတာပဲေလ၊ ဘာေတြမ်ားေရးႀကီးခြင္က်ယ္ လုပ္စရာလိုလို႔လဲ” ဆိုတဲ့ အခ်က္ပါပဲ။ ခ်စ္ေန႐ုံနဲ႔မၿပီးပါဘူး.. အားလုံးက ကိုယ့္စိတ္ကိုဖတ္ႏိုင္သူေတြမွ မဟုတ္တာ၊ ကိုယ္သူတို႔ကို ခ်စ္မွန္း မခ်စ္မွန္း ဘယ္နားလည္ၾကမလဲ။

ခ်စ္ျခင္းနဲ႔ ဂ႐ုစိုက္ၾကင္နာမႈဆိုတာ ခြဲမရတဲ့အတြဲအစပ္ေတြမို႔ ကိုယ့္ဘက္ကေန တကယ္ခ်စ္တယ္ဆိုရင္ ဘယ္လိုျဖစ္ျဖစ္ ကိုယ္ဂ႐ုစိုက္ေၾကာင္း ျပသေပးဖို႔လိုပါတယ္။ ဒီလိုမွ ဪသူငါ့ကို ဂ႐ုစိုက္တာပါလား… ငါ့ကိုတကယ္ခ်စ္တာပါလား ဆိုၿပီးခံစားမိလာမွာေပါ့။ ဒါေပမယ့္ ဂ႐ုစိုက္မႈေတြေပးပါ ဆိုတဲ့ ေနရာမွာ ႀကီးႀကီးက်ယ္က်ယ္ေတြ လုပ္ေပးဖို႔ေျပာေနတာမဟုတ္ဘူးေနာ္။

သူတို႔ရဲ႕စကားေတြကို ေသခ်ာ အာ႐ုံစိုက္နားေထာင္ေပးတာမ်ိဳး၊ တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ရတဲ့အခုလိုအခ်ိန္မွာ ဖုန္းမၾကာမၾကာ ေခၚေပးတာမ်ိဳး၊ စိတ္ပူေၾကာင္း သတိရေၾကာင္း ေျပာျပတာမ်ိဳး၊ မိသားစုအတြက္ ခ်က္ျပဳတ္ေပး တာမ်ိဳး၊ အေမ့ကိုအိမ္သန္႔႐ွင္းေရး ကူညီေပးတာ၊ စိတ္ပင္ပန္းေနတဲ့အခ်ိန္မွာ ႏွစ္သိမ့္အားေပးတာမ်ိဳး၊ ဒါမွမဟုတ္ သူတို႔ကိုခ်စ္ေၾကာင္းေျပာျပတာမ်ိဳး ဒါေတြအားလုံးက ဂ႐ုစိုက္ျခင္းေတြပါပဲ။ လက္ေဆာင္ႀကီး ဝယ္ေပးမွ၊ ဘယ္လိုမ်ိဳးေတြ လုပ္ေပးမွဆိုၿပီး သတ္မွတ္ထားတာမ႐ွိပါဘူး။

အ႐ိုး႐ွင္းဆုံးနဲ႔ ကိုယ့္ဂ႐ုစိုက္မႈေတြကို ေကာင္းေကာင္း သက္ေသျပလို႔ရပါတယ္။ ေဘာ္ဒါေတြဆိုရင္ “မင္းတို႔ေတြ မေသနဲ႔ဦးေနာ္… အ႐ွင္လတ္လတ္ေတြ႕ခ်င္ေသးတယ္” ဆိုတဲ့႐ႊတ္ေနာက္ေနာက္စကားမ်ိဳးဟာလည္း ရီရေပမယ့္ အရမ္းကိုခ်ိဳၿမိန္ေနတတ္ပါတယ္။

ဒီအခ်ိန္မွာ မိသားစု၊ သူငယ္ခ်င္း၊ ခ်စ္သူ တစ္ေယာက္အေပၚ တစ္ေယာက္ထားတဲ့ သံေယာဇဥ္ေႏွာင္ႀကိဳးက ဘယ္ေလာက္ခိုင္ၿမဲေၾကာင္း ေကာင္းေကာင္းနားလည္လာၾကတဲ့ အခ်ိန္မို႔လို႔ ကိုယ္သူတို႔ကိုတကယ္ခ်စ္တယ္ဆိုရင္ ဂ႐ုစိုက္မႈေတြကို ျပသဖို႔ တြန္႔ဆုတ္မေနပါနဲ႔ေနာ္။

၃. ဒီလိုလည္း႐ိုလို႔ရပါတယ္

ကဲ… ပိုင္႐ွင္႐ွိသူမ်ား ဒီအခ်ိန္မွာ ခ်စ္သူနဲ႔ေတြ႕ခြင့္မရေတာ့လို႔ ႐ိုမန္႔တစ္ေတြ ဖန္တီးလို႔မရေတာ့ဘူး မထင္ပါနဲ႔။ နည္းလမ္းေတြ႐ွိပါတယ္ေနာ္။ အလြယ္ကူဆုံးကေတာ့ ဖုန္းေျပာတာပဲေပါ့… အရင္ကတည္းကလည္း Online ကေနအဓိကဆက္သြယ္ၾကတာပဲမဟုတ္လား။

ဒါေပမယ့္အခုက အျပင္မွာေတြ႕ခြင့္မရေတာ့ Online ဘက္ကို ပိုအားစိုက္ရမယ္ေပါ့ေလ။ ၿပီးရင္ အခုကအျပင္သိပ္မထြက္ရဲၾကဘူး၊ စားစရာေတြလည္း မွာစားရတဲ့ အေျခအေန မ်ိဳးဆိုေတာ့ ခ်စ္ရတဲ့သူအတြက္ သူစားခ်င္တာေလးေတြ Surprise လုပ္ၿပီးမွာေပးလို႔လည္း ရတယ္ဗ်ာ။

အရင္လို ပန္းစည္းကို ကိုယ္တိုင္ကိုယ္က် မေပးႏိုင္ေပမယ့္ Delivery နဲ႔ပို႔ေပးလိုက္ရင္လည္း သင့္ေကာင္မေလး စိတ္မဆိုးမွာ ေသခ်ာပါတယ္ေနာ္။ တစ္ေန႔ဒီကပ္ဆိုးႀကီး ၿပီးသြားရင္ ဘာလုပ္ၾကမယ္၊ ဘယ္သြားၾကမယ္ ဆိုတဲ့ အနာဂတ္အစီအစဥ္ေတြဟာလည္း ႐ိုမန္႔တစ္ေတြထဲကတစ္ခုအပါအဝင္ပါပဲ။

႐ိုမန္႔တစ္ဆန္မႈကေတာ့ ကိုယ္တီထြင္ဖန္တီးႏိုင္သေလာက္ နည္းလမ္းေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ Online ကေနအျပတ္အသတ္ ႐ိုလို႔ရတာမို႔ အခ်စ္ေတြ႐ွင္သန္ခိုင္ၿမဲမႈက ကိုယ့္လႈပ္႐ွားမႈအေပၚမူတည္ပါတယ္။

ဒါဆိုရင္ ခ်စ္သူေတြအတြက္ပဲလား… မဟုတ္ပါဘူး မိသားစု၊ သူငယ္ခ်င္းေတြနဲ႔လည္း ႐ိုလို႔ရပါတယ္။ ေမေမ့ကို ဇက္ေၾကာဆြဲေပးတာမ်ိဳး၊ ဖုန္းမ်ားမ်ားသုံးျဖစ္ၾကတဲ့အခုလိုအခ်ိန္မွာ သူငယ္ခ်င္းကို ဖုန္းေဘလွမ္းျဖည့္ေပး လိုက္ရင္ ေဘာ္ဒါႀကီးကေတာ့ ေပ်ာ္လြန္းလို႔ေမတၱာေတြလွမ္းပို႔ေနမွာေသခ်ာပါတယ္ေနာ္။

ဆိုေတာ့ ႐ိုနည္း ေပါင္းစုံလည္းအလင္းျပၿပီးသြားၿပီ၊ က်န္တဲ့နည္းလမ္းမ်ားကေတာ့ ကိုယ့္ဘာသာတီထြင္ ၾကံဆၾကပါေလ။ အဓိကကေတာ့ ကိုယ္ခ်စ္တဲ့သူေတြနဲ႔ အၿမဲတမ္းအဆက္အသြယ္႐ွိေနဖို႔ရယ္၊ သူတို႔အတြက္ ကိုယ္႐ွိေနတယ္ ဆိုတာေလး အသိေပးဖို႔ပါေနာ္။

၄. FA တို႔ေ႐ႊ႕သင့္တဲ့အကြက္ေတြ

အျပင္မထြက္ရလို႔ အဆင္ေတြငမ္းလို႔မရေတာ့ဘူး၊ ရည္းစားမရဘဲ ေသသြားရင္ဘယ္လိုလုပ္မလဲ ဆိုတဲ့ အေတြးေတြကို ေခါင္းထဲကထုတ္ပစ္လိုက္ပါ။ အသုံးခ်တတ္ရင္ အရာရာကအခြင့္အေရးပါပဲေနာ္။ အခုက Stay Home, Lock Down ဆိုတာကို က်င့္သုံးေနၾကတဲ့ကာလမို႔ ဖုန္းကိုလည္းအရင္ကထက္ ကြၽန္ေတာ္တို႔ ပိုသုံးမိ ၾကပါတယ္… ။

သိတယ္ေနာ္ မညာနဲ႔ ေလ့က်င့္ခန္းလုပ္မယ္၊ Skincare လုပ္မယ္၊ စာေတြေလ့လာမယ္ လို႔ဆုံးျဖတ္ခ်က္ေတြအႀကီးႀကီးခ်ထားၿပီး ေနာက္ဆုံးေတာ့လည္း အိပ္လိုက္၊ စားလိုက္၊ ဖုန္းေလးပြတ္လိုက္နဲ႔ပဲ အခ်ိန္ေတြကုန္ေနၾကတယ္မလား။ အဲေတာ့ ဖုန္းသုံးမယ့္သုံး အက်ိဳး႐ွိေအာင္ သုံးရမွာေပါ့။

Crush ေလးကို စကားစေျပာၾကည့္ပါ၊ Stay Home ဆိုေတာ့ ႐ုပ္႐ွင္အေၾကာင္း သီခ်င္းအေၾကာင္းေလးေတြ ေျပာလို႔ ေကာင္းပါတယ္၊ “ညီမေလး ဘာ႐ုပ္႐ွင္ေတြႀကိဳက္လဲ” ဆိုတာကေန “သဲေရ ႐ုပ္႐ွင္သြားၾကည့္ရေအာင္ ကိုယ္လက္မွတ္ဝယ္ထားၿပီးၿပီ” ဆိုတာမ်ိဳးလည္း ျဖစ္သြားႏိုင္ပါတယ္။

ၿပီးရင္ FA မတ္မတ္မ်ား ရည္းစားက် ရခ်င္တယ္ စကားလာေျပာရင္က်ေခ်မိုးေနတာမ်ိဳးေတြ နည္းနည္းေလွ်ာ့မွျဖစ္ပါမယ္ေနာ္။ စကားေလး ေကာင္းေကာင္းေျပာၾကည့္၊ ကိုယ့္အႀကိဳက္ သူ႕အႀကိဳက္ ဖလွယ္ၾကည့္ စကားေျပာရင္း အဆင္ေျပသြားတာလည္း ျဖစ္ႏိုင္ပါတယ္. ဒါေၾကာင့္အျပင္ပိုင္းက ေျခေနၿပီး အထဲမွာတစ္မ်ိဳး မျဖစ္သင့္ပါဘူး။

ဒီလိုအခ်ိန္မွာ အင္အင္တင္တင္လုပ္ၿပီး မူးေနလို႔ မျဖစ္ပါဘူးေနာ္… သေဘာက်ရင္ စကားေျပာဖို႔ ႀကိဳးစားၾကည့္ပါ။ မဟုတ္လည္း ဝါသနာအေၾကာင္း၊ ဂီတအေၾကာင္း၊ ပညာရပ္နယ္ပယ္တစ္ခုခု အေၾကာင္း၊ ကိုယ့္အျမင္ေတြ အေၾကာင္းေျပာၾကရင္းနဲ႔ ေျခလွမ္းေလးေတြ စလို႔ရတာမို႔ ဒီလိုအကြက္ေ႐ႊ႕ပါမွ အေျခအေနက ထူးျခားလာမွာပါ။

ေျပာလို႔မရဘူးေလ… အျပင္ထြက္လို႔ရတဲ့အခါ ခ်စ္သူေလးနဲ႔ေတြ႕ဖို႔ အေျပးသြားမယ္ ဆိုတာေတြ ျဖစ္ရင္ျဖစ္လာမွာေပါ့။ အဲေတာ့ Lock Down ကာလမွာ ႏွလုံးသားကို Lock Down မခ်ဘဲ လြတ္လပ္ခြင့္ေလး ေပးၾကည့္လိုက္ပါလို႔ေနာ္။

#love

Credit

Unicode

နှလုံးသားကို Lock Down ချစရာမလိုပါဘူး

နေရာတကာ Lock Down ချနေကြတဲ့အခုလိုအချိန်… အားလုံးအသွားအလာဆင်ခြင်ပြီး အိမ်တွင်းအောင်းနေကြတဲ့အချိန်… အပြင်ထွက် ရတဲ့သူတွေကလည်း Social Distancing ဆိုတာကိုလိုက်နာနေကြတဲ့အချိန်… တစ်ယောက်နဲ့တစ်ယောက် ခွာနေဖို့ကြိုးစားနေကြရတဲ့အချိန်မှာ နှလုံးသား ချင်းတော့ဝေးနေဖို့မလိုပါဘူးနော်။

တစ်နည်းပြောရရင် ဒါဟာနှလုံးသားကို လွတ်လပ်ခွင့်ပေးပြီး အရင်က အာရုံ မစိုက်နိုင်ခဲ့တာတွေကို အချိန်ပေးရမယ့်အခွင့်အရေးတစ်ခုပါပဲ။ နှလုံးသားရေးရာမို့ (၁၅၀၀) တစ်ခုတည်းလို့ မထင်ပါနဲ့… မိသားစု၊ သူငယ်ချင်းတွေကြားက ဖြူစင်တဲ့အချစ်တွေအားလုံးအတွက် ပြောတာပါခင်ဗျ။

ကဲ ဒါဆိုရင် Lock Down ကာလမှာ အချစ်တွေဘယ်လိုသက်သေပြမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်။ အားလုံး အချစ်တိုးပြီး တစ်ဦးအပေါ်တစ်ဦး ပိုမိုနားလည်နိုင်ကြပါစေခင်ဗျာ။

၁. ပြောပြပါ နားထောင်ပါ

အလုပ်များတတ်တဲ့ Busy Bee လေးတွေအတွက်ဆိုရင် ဒီအချက်ကအရမ်းကို အရေးကြီးပါတယ်။ ကျွန်တော့် ပုံပြင်ကိုပြောပြရရင် အရင်ကအလုပ်များတော့ မိသားစုနဲ့က စကားအဲလောက်မပြောဖြစ်ဘူး၊ အချိန်လည်း သိပ်မပေးဖြစ်ဘူး၊ ပြဿနာကြီးကြီးမားမားမရှိတော့ ကိုယ်လည်းသိပ်အာရုံမစိုက်မိဘူးလေ…

တစ်ခုခုဆိုလည်း ကိုယ့်ဘာသာပဲဖြေရှင်းဖို့ ကြိုးစားတယ်၊ တစ်ယောက်တည်း တောင့်ခံတယ်… အရမ်းပင်ပန်းခဲ့တာပေါ့။ တစ်ခါတစ်လေ မိသားစုဘက်က သူတို့ပြဿနာတွေ၊ စိတ်ညစ်စရာတွေပြောပြလာရင် ကိုယ်လည်းအရမ်း စိတ်ဖိစီးရတယ်… အဲ့တုန်းကတော့ ဘာလို့ငါ့ဆီမှာမှ စိတ်ညစ်စရာတွေလာပုံနေတာလဲပေါ့၊ ငါလည်း ပင်ပန်းတာပဲ ဒါကိုနားမလည်ကြဘူးလားပေါ့။

အခုကျမှ သူတို့နဲ့ စကားများများပိုပြောဖြစ်လာတယ်၊ ကိုယ်စိတ်ညစ်ခဲ့တဲ့အရာတွေ ပင်ပန်းရတဲ့အကြောင်းတွေ ပြောပြဖြစ်တယ်… သူတို့အကြောင်းလည်း နားထောင် ပေးဖြစ်တယ်။ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာတယ်၊ ပိုရင်းနှီးလာတယ်၊ ပိုနွေးထွေးလာတယ်၊ အရင်ကထက်တော့ အများကြီးအဆင်ပြေသွားတာပေါ့။

၂. ဂရုစိုက်မှုတွေပေးပါ

တစ်ချို့တွေထင်တတ်တာက “ငါချစ်နေရင်ပြီးတာပဲလေ၊ ဘာတွေများရေးကြီးခွင်ကျယ် လုပ်စရာလိုလို့လဲ” ဆိုတဲ့ အချက်ပါပဲ။ ချစ်နေရုံနဲ့မပြီးပါဘူး.. အားလုံးက ကိုယ့်စိတ်ကိုဖတ်နိုင်သူတွေမှ မဟုတ်တာ၊ ကိုယ်သူတို့ကို ချစ်မှန်း မချစ်မှန်း ဘယ်နားလည်ကြမလဲ။

ချစ်ခြင်းနဲ့ ဂရုစိုက်ကြင်နာမှုဆိုတာ ခွဲမရတဲ့အတွဲအစပ်တွေမို့ ကိုယ့်ဘက်ကနေ တကယ်ချစ်တယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ် ကိုယ်ဂရုစိုက်ကြောင်း ပြသပေးဖို့လိုပါတယ်။ ဒီလိုမှ ဪသူငါ့ကို ဂရုစိုက်တာပါလား… ငါ့ကိုတကယ်ချစ်တာပါလား ဆိုပြီးခံစားမိလာမှာပေါ့။ ဒါပေမယ့် ဂရုစိုက်မှုတွေပေးပါ ဆိုတဲ့ နေရာမှာ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပေးဖို့ပြောနေတာမဟုတ်ဘူးနော်။

သူတို့ရဲ့စကားတွေကို သေချာ အာရုံစိုက်နားထောင်ပေးတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့အခုလိုအချိန်မှာ ဖုန်းမကြာမကြာ ခေါ်ပေးတာမျိုး၊ စိတ်ပူကြောင်း သတိရကြောင်း ပြောပြတာမျိုး၊ မိသားစုအတွက် ချက်ပြုတ်ပေး တာမျိုး၊ အမေ့ကိုအိမ်သန့်ရှင်းရေး ကူညီပေးတာ၊ စိတ်ပင်ပန်းနေတဲ့အချိန်မှာ နှစ်သိမ့်အားပေးတာမျိုး၊ ဒါမှမဟုတ် သူတို့ကိုချစ်ကြောင်းပြောပြတာမျိုး ဒါတွေအားလုံးက ဂရုစိုက်ခြင်းတွေပါပဲ။ လက်ဆောင်ကြီး ဝယ်ပေးမှ၊ ဘယ်လိုမျိုးတွေ လုပ်ပေးမှဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။

အရိုးရှင်းဆုံးနဲ့ ကိုယ့်ဂရုစိုက်မှုတွေကို ကောင်းကောင်း သက်သေပြလို့ရပါတယ်။ ဘော်ဒါတွေဆိုရင် “မင်းတို့တွေ မသေနဲ့ဦးနော်… အရှင်လတ်လတ်တွေ့ချင်သေးတယ်” ဆိုတဲ့ရွှတ်နောက်နောက်စကားမျိုးဟာလည်း ရီရပေမယ့် အရမ်းကိုချိုမြိန်နေတတ်ပါတယ်။

ဒီအချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်သူ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ သံယောဇဉ်နှောင်ကြိုးက ဘယ်လောက်ခိုင်မြဲကြောင်း ကောင်းကောင်းနားလည်လာကြတဲ့ အချိန်မို့လို့ ကိုယ်သူတို့ကိုတကယ်ချစ်တယ်ဆိုရင် ဂရုစိုက်မှုတွေကို ပြသဖို့ တွန့်ဆုတ်မနေပါနဲ့နော်။

၃. ဒီလိုလည်းရိုလို့ရပါတယ်

ကဲ… ပိုင်ရှင်ရှိသူများ ဒီအချိန်မှာ ချစ်သူနဲ့တွေ့ခွင့်မရတော့လို့ ရိုမန့်တစ်တွေ ဖန်တီးလို့မရတော့ဘူး မထင်ပါနဲ့။ နည်းလမ်းတွေရှိပါတယ်နော်။ အလွယ်ကူဆုံးကတော့ ဖုန်းပြောတာပဲပေါ့… အရင်ကတည်းကလည်း Online ကနေအဓိကဆက်သွယ်ကြတာပဲမဟုတ်လား။

ဒါပေမယ့်အခုက အပြင်မှာတွေ့ခွင့်မရတော့ Online ဘက်ကို ပိုအားစိုက်ရမယ်ပေါ့လေ။ ပြီးရင် အခုကအပြင်သိပ်မထွက်ရဲကြဘူး၊ စားစရာတွေလည်း မှာစားရတဲ့ အခြေအနေ မျိုးဆိုတော့ ချစ်ရတဲ့သူအတွက် သူစားချင်တာလေးတွေ Surprise လုပ်ပြီးမှာပေးလို့လည်း ရတယ်ဗျာ။

အရင်လို ပန်းစည်းကို ကိုယ်တိုင်ကိုယ်ကျ မပေးနိုင်ပေမယ့် Delivery နဲ့ပို့ပေးလိုက်ရင်လည်း သင့်ကောင်မလေး စိတ်မဆိုးမှာ သေချာပါတယ်နော်။ တစ်နေ့ဒီကပ်ဆိုးကြီး ပြီးသွားရင် ဘာလုပ်ကြမယ်၊ ဘယ်သွားကြမယ် ဆိုတဲ့ အနာဂတ်အစီအစဉ်တွေဟာလည်း ရိုမန့်တစ်တွေထဲကတစ်ခုအပါအဝင်ပါပဲ။

ရိုမန့်တစ်ဆန်မှုကတော့ ကိုယ်တီထွင်ဖန်တီးနိုင်သလောက် နည်းလမ်းပေါင်း သောင်းခြောက်ထောင်နဲ့ Online ကနေအပြတ်အသတ် ရိုလို့ရတာမို့ အချစ်တွေရှင်သန်ခိုင်မြဲမှုက ကိုယ့်လှုပ်ရှားမှုအပေါ်မူတည်ပါတယ်။

ဒါဆိုရင် ချစ်သူတွေအတွက်ပဲလား… မဟုတ်ပါဘူး မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း ရိုလို့ရပါတယ်။ မေမေ့ကို ဇက်ကြောဆွဲပေးတာမျိုး၊ ဖုန်းများများသုံးဖြစ်ကြတဲ့အခုလိုအချိန်မှာ သူငယ်ချင်းကို ဖုန်းဘေလှမ်းဖြည့်ပေး လိုက်ရင် ဘော်ဒါကြီးကတော့ ပျော်လွန်းလို့မေတ္တာတွေလှမ်းပို့နေမှာသေချာပါတယ်နော်။

ဆိုတော့ ရိုနည်း ပေါင်းစုံလည်းအလင်းပြပြီးသွားပြီ၊ ကျန်တဲ့နည်းလမ်းများကတော့ ကိုယ့်ဘာသာတီထွင် ကြံဆကြပါလေ။ အဓိကကတော့ ကိုယ်ချစ်တဲ့သူတွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေဖို့ရယ်၊ သူတို့အတွက် ကိုယ်ရှိနေတယ် ဆိုတာလေး အသိပေးဖို့ပါနော်။

၄. FA တို့ရွှေ့သင့်တဲ့အကွက်တွေ

အပြင်မထွက်ရလို့ အဆင်တွေငမ်းလို့မရတော့ဘူး၊ ရည်းစားမရဘဲ သေသွားရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးတွေကို ခေါင်းထဲကထုတ်ပစ်လိုက်ပါ။ အသုံးချတတ်ရင် အရာရာကအခွင့်အရေးပါပဲနော်။ အခုက Stay Home, Lock Down ဆိုတာကို ကျင့်သုံးနေကြတဲ့ကာလမို့ ဖုန်းကိုလည်းအရင်ကထက် ကျွန်တော်တို့ ပိုသုံးမိ ကြပါတယ်… ။

သိတယ်နော် မညာနဲ့ လေ့ကျင့်ခန်းလုပ်မယ်၊ Skincare လုပ်မယ်၊ စာတွေလေ့လာမယ် လို့ဆုံးဖြတ်ချက်တွေအကြီးကြီးချထားပြီး နောက်ဆုံးတော့လည်း အိပ်လိုက်၊ စားလိုက်၊ ဖုန်းလေးပွတ်လိုက်နဲ့ပဲ အချိန်တွေကုန်နေကြတယ်မလား။ အဲတော့ ဖုန်းသုံးမယ့်သုံး အကျိုးရှိအောင် သုံးရမှာပေါ့။

Crush လေးကို စကားစပြောကြည့်ပါ၊ Stay Home ဆိုတော့ ရုပ်ရှင်အကြောင်း သီချင်းအကြောင်းလေးတွေ ပြောလို့ ကောင်းပါတယ်၊ “ညီမလေး ဘာရုပ်ရှင်တွေကြိုက်လဲ” ဆိုတာကနေ “သဲရေ ရုပ်ရှင်သွားကြည့်ရအောင် ကိုယ်လက်မှတ်ဝယ်ထားပြီးပြီ” ဆိုတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ပြီးရင် FA မတ်မတ်များ ရည်းစားကျ ရချင်တယ် စကားလာပြောရင်ကျချေမိုးနေတာမျိုးတွေ နည်းနည်းလျှော့မှဖြစ်ပါမယ်နော်။ စကားလေး ကောင်းကောင်းပြောကြည့်၊ ကိုယ့်အကြိုက် သူ့အကြိုက် ဖလှယ်ကြည့် စကားပြောရင်း အဆင်ပြေသွားတာလည်း ဖြစ်နိုင်ပါတယ်. ဒါကြောင့်အပြင်ပိုင်းက ခြေနေပြီး အထဲမှာတစ်မျိုး မဖြစ်သင့်ပါဘူး။

ဒီလိုအချိန်မှာ အင်အင်တင်တင်လုပ်ပြီး မူးနေလို့ မဖြစ်ပါဘူးနော်… သဘောကျရင် စကားပြောဖို့ ကြိုးစားကြည့်ပါ။ မဟုတ်လည်း ဝါသနာအကြောင်း၊ ဂီတအကြောင်း၊ ပညာရပ်နယ်ပယ်တစ်ခုခု အကြောင်း၊ ကိုယ့်အမြင်တွေ အကြောင်းပြောကြရင်းနဲ့ ခြေလှမ်းလေးတွေ စလို့ရတာမို့ ဒီလိုအကွက်ရွှေ့ပါမှ အခြေအနေက ထူးခြားလာမှာပါ။

ပြောလို့မရဘူးလေ… အပြင်ထွက်လို့ရတဲ့အခါ ချစ်သူလေးနဲ့တွေ့ဖို့ အပြေးသွားမယ် ဆိုတာတွေ ဖြစ်ရင်ဖြစ်လာမှာပေါ့။ အဲတော့ Lock Down ကာလမှာ နှလုံးသားကို Lock Down မချဘဲ လွတ်လပ်ခွင့်လေး ပေးကြည့်လိုက်ပါလို့နော်။

#love

Credit