သင့္ခ်စ္သူက သင့္ကို တကယ္ခ်စ္တာလား ၊ အသံုးခ်ေနတာလားဆိုတာ ဘယ္လိုခြဲျခားမလဲ

သင့္ခ်စ္သူက သင့္ကို တကယ္ခ်စ္တာလား ၊ အသံုးခ်ေနတာလားဆိုတာ ဘယ္လိုခြဲျခားမလဲ

ကိုယ္နဲ႕ခ်စ္သူျဖစ္လာတဲ့သူကို တစ္ကယ္ခ်စ္တာလား၊ အသံုးခ်ရံုသက္သက္ ခ်စ္သူနာမည္ခံတြဲေနတာလားဆိုတာ မိန္းကေလးတိုင္းသိခ်င္ျကတဲ့ေမးခြန္းေလးပါ ။

ဒါ့ေျကာင့္ ဒီေမးခြန္းေလးကိုေျဖရွင္းေပးနိုင္မယ့္ ေလ့လာသံုးသပ္သူေတြေျပာျပထားတဲ့ အခ်က္ေလးေတြကိုေဖာ္ျပေပးလုိက္ပါတယ္ … ။

တစ္ကယ္ခ်စ္တဲ့ခ်စ္သူဆိုတာ …

(၁) သင့္ကိုအျမဲေငးျကည့္ေနတတ္တယ္

သီခ်င္းစာသားေတြ ၊ အခ်စ္၀တၱဳ ၊ ရုပ္ရွင္ေတြထဲကအတိုင္းပဲ သင့့္ကုိတစ္ကယ္ခ်စ္တဲ့သူဆိုတာ သင္ဘာလုပ္လုပ္ခ်စ္ျပီး ေငးျကည့္ေနတတ္ျကပါတယ္ ။ ဒီလိုေငးေနတတ္ျကတာက သူ႕ရဲ႕စိတ္ထဲမွာ သင့္ကိုခ်စ္တဲ့အခ်စ္ေတြ ျပည့္လွ်ံေနတဲ့သေဘာပါ

(၂) သူ႕ကိုသူထက္ သင့္ကုုိပုိဂရုစိုက္တယ္

သူ႕ကိုလာထိခိုက္၊ ေနွာက္ယွက္တဲ့သူေတြကို ဂရုမစိုက္ပဲ လ်စ္လ်ဴရွဳတတ္ေပမယ့္ သင့္ကိုထိရင္ေတာ့ မီးပြင့္ေအာင္ ေဒါသေတြထြက္ျပီး အျမဲကာကြယ္ေပးတတ္သူပါ ။

(၃) သင့္ရဲ႕အေသးစိတ္ကအစမွတ္မိေနတယ္

သင့္ကိုခ်စ္တဲ့သူက သင္ေျပာသမွ် ၊ လုပ္သမွ်ေတြကို အေလးထားတတ္တာေျကာင့္ ျကိုက္တတ္တာေလးေတြ ၊ သင့္အျပဳအမူေလးေတြကို အျမဲမွတ္မိေနတတ္ျပီး သင့္ကိုျဖည့္စည္းေပးဖို႕ အသင့္ရွိေနတတ္ပါတယ္ ။

(၄) သင္နဲ႕အတူ မွ်ေ၀ဖုိ႕အသင့္ရွိေနတတ္သူ

သင့္ကိုတစ္ကယ္ခ်စ္တဲ့ ခ်စ္သူက သူ႕ရဲ႕ အေကာင္း ၊ အဆိုးေတြကို ေျပာျပ တိုင္ပင္ဖို႕ ၀န္မေလးတတ္သလို သင္ပင္ပန္း၀မ္းနည္းေနရင္လည္း ေဘးမွာအသင့္ရွိေနတတ္ျပီး သင္ေပ်ာ္ရႊင္ေနတဲ့အခ်ိန္ေတြဆို နွစ္ဆတိုးေပ်ာ္ရႊင္ေစေအာင္ ျပဳလုပ္ေပးမယ့္သူပါ

အသံုးခ်ေနရံုသက္သက္ တြဲေနတဲ့သူဆိုတာ …

(၁) ကိုယ့္ကိုအသံုခ်ရံုသက္သက္တြဲေနသူနဲ႕ ခ်စ္သူျဖစ္တဲ့အခါ သူနဲ႕သာ တြဲသာတြဲေနတာ သူတစ္ကယ္ခ်စ္တဲ့လူကငါေရာ ဟုတ္ရဲ႕လားဆိုတဲ့ အေတြးမ်ိဳး အျမဲ၀င္ေနရျပီး သင့္ကို တစ္ျခားလူေတြနဲ႕ နွိဳင္းယွဥ္ကာ သင့္ရဲ႕ပံုစံအမွန္ကို အျမဲေျပာင္းလဲဖို႕ျကိုးစားေနတတ္ျကပါတယ္

(၂) သင့္ခ်စ္သူက သင္ဘယ္သြားသြား ဘာလုပ္လုပ္ အျမင္မျကည္ပဲ အျမဲျပစ္တင္ေျပာဆိုေနတတ္ျပီး ျကာလာတဲ့အခါ ကိုယ့္ကိုယ္ကိုပါ သိမ္ငယ္စိတ္၀င္လာနိုင္ပါတယ္ …

(၃) တစ္ကယ္မခ်စ္တဲ့သူေတြက သင့္အတြက္လည္း အျမဲေဘးမွာရွိေနေပးမယ့္သူမ်ိဳးမဟုတ္ပါဘူး ။ သူလိုအပ္တဲ့အခ်ိန္လာေခၚျပီး မလုိအပ္တဲ့အခ်ိန္က်ရင္ သင္၀မ္းနည္းေနလား စိတ္ဓာတ္က်ေနလား ဘာတစ္ခုမွ ဂရုစိုက္ေနမယ့္သူမ်ိဳးမဟုတ္ပါဘူး

(၄) ဒီလိုလူေတြက သင္နဲ႕ ရန္ျဖစ္တဲ့အခ်ိန္မွာလည္္း သင့္ဘက္ကပဲအျမဲမွားသလိုလုပ္ျပီး အျမဲေတာင္းပန္ရေအာင္လုပ္တတ္ပါတယ္

(၅) သင့္ကိုမခ်စ္တဲ့သူက ညွိနွိဳင္းလို႕ရတဲ့ အမွားမ်ိဳး ျပႆနာမ်ိဳး သင္တို႕နွစ္ဦးျကားျဖစ္လာခဲ့ရင္ေတာင္ ဘယ္ေတာ့မွခြင့္မလႊတ္ပဲ သင့္ကို စြန္႕ခြာသြားဖုိ႕လည္း ၀န္မေလးတဲ့သူမ်ိဳးပါ ..

#AuntyMay

Unicode

သင့်ချစ်သူက သင့်ကို တကယ်ချစ်တာလား ၊ အသုံးချနေတာလားဆိုတာ ဘယ်လိုခွဲခြားမလဲ

ကိုယ်နဲ့ချစ်သူဖြစ်လာတဲ့သူကို တစ်ကယ်ချစ်တာလား၊ အသုံးချရုံသက်သက် ချစ်သူနာမည်ခံတွဲနေတာလားဆိုတာ မိန်းကလေးတိုင်းသိချင်ကြတဲ့မေးခွန်းလေးပါ ။

ဒါ့ကြောင့် ဒီမေးခွန်းလေးကိုဖြေရှင်းပေးနိုင်မယ့် လေ့လာသုံးသပ်သူတွေပြောပြထားတဲ့ အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ် … ။

တစ်ကယ်ချစ်တဲ့ချစ်သူဆိုတာ …

(၁) သင့်ကိုအမြဲငေးကြည့်နေတတ်တယ်

သီချင်းစာသားတွေ ၊ အချစ်ဝတ္တု ၊ ရုပ်ရှင်တွေထဲကအတိုင်းပဲ သင့်ကိုတစ်ကယ်ချစ်တဲ့သူဆိုတာ သင်ဘာလုပ်လုပ်ချစ်ပြီး ငေးကြည့်နေတတ်ကြပါတယ် ။ ဒီလိုငေးနေတတ်ကြတာက သူ့ရဲ့စိတ်ထဲမှာ သင့်ကိုချစ်တဲ့အချစ်တွေ ပြည့်လျှံနေတဲ့သဘောပါ

(၂) သူ့ကိုသူထက် သင့်ကိုပိုဂရုစိုက်တယ်

သူ့ကိုလာထိခိုက်၊ နှောက်ယှက်တဲ့သူတွေကို ဂရုမစိုက်ပဲ လျစ်လျူရှုတတ်ပေမယ့် သင့်ကိုထိရင်တော့ မီးပွင့်အောင် ဒေါသတွေထွက်ပြီး အမြဲကာကွယ်ပေးတတ်သူပါ ။

(၃) သင့်ရဲ့အသေးစိတ်ကအစမှတ်မိနေတယ်

သင့်ကိုချစ်တဲ့သူက သင်ပြောသမျှ ၊ လုပ်သမျှတွေကို အလေးထားတတ်တာကြောင့် ကြိုက်တတ်တာလေးတွေ ၊ သင့်အပြုအမူလေးတွေကို အမြဲမှတ်မိနေတတ်ပြီး သင့်ကိုဖြည့်စည်းပေးဖို့ အသင့်ရှိနေတတ်ပါတယ် ။

(၄) သင်နဲ့အတူ မျှဝေဖို့အသင့်ရှိနေတတ်သူ

သင့်ကိုတစ်ကယ်ချစ်တဲ့ ချစ်သူက သူ့ရဲ့ အကောင်း ၊ အဆိုးတွေကို ပြောပြ တိုင်ပင်ဖို့ ဝန်မလေးတတ်သလို သင်ပင်ပန်းဝမ်းနည်းနေရင်လည်း ဘေးမှာအသင့်ရှိနေတတ်ပြီး သင်ပျော်ရွှင်နေတဲ့အချိန်တွေဆို နှစ်ဆတိုးပျော်ရွှင်စေအောင် ပြုလုပ်ပေးမယ့်သူပါ

အသုံးချနေရုံသက်သက် တွဲနေတဲ့သူဆိုတာ …

(၁) ကိုယ့်ကိုအသုံချရုံသက်သက်တွဲနေသူနဲ့ ချစ်သူဖြစ်တဲ့အခါ သူနဲ့သာ တွဲသာတွဲနေတာ သူတစ်ကယ်ချစ်တဲ့လူကငါရော ဟုတ်ရဲ့လားဆိုတဲ့ အတွေးမျိုး အမြဲဝင်နေရပြီး သင့်ကို တစ်ခြားလူတွေနဲ့ နှိုင်းယှဉ်ကာ သင့်ရဲ့ပုံစံအမှန်ကို အမြဲပြောင်းလဲဖို့ကြိုးစားနေတတ်ကြပါတယ်

(၂) သင့်ချစ်သူက သင်ဘယ်သွားသွား ဘာလုပ်လုပ် အမြင်မကြည်ပဲ အမြဲပြစ်တင်ပြောဆိုနေတတ်ပြီး ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုပါ သိမ်ငယ်စိတ်ဝင်လာနိုင်ပါတယ် …

(၃) တစ်ကယ်မချစ်တဲ့သူတွေက သင့်အတွက်လည်း အမြဲဘေးမှာရှိနေပေးမယ့်သူမျိုးမဟုတ်ပါဘူး ။ သူလိုအပ်တဲ့အချိန်လာခေါ်ပြီး မလိုအပ်တဲ့အချိန်ကျရင် သင်ဝမ်းနည်းနေလား စိတ်ဓာတ်ကျနေလား ဘာတစ်ခုမှ ဂရုစိုက်နေမယ့်သူမျိုးမဟုတ်ပါဘူး

(၄) ဒီလိုလူတွေက သင်နဲ့ ရန်ဖြစ်တဲ့အချိန်မှာလည်း သင့်ဘက်ကပဲအမြဲမှားသလိုလုပ်ပြီး အမြဲတောင်းပန်ရအောင်လုပ်တတ်ပါတယ်

(၅) သင့်ကိုမချစ်တဲ့သူက ညှိနှိုင်းလို့ရတဲ့ အမှားမျိုး ပြဿနာမျိုး သင်တို့နှစ်ဦးကြားဖြစ်လာခဲ့ရင်တောင် ဘယ်တော့မှခွင့်မလွှတ်ပဲ သင့်ကို စွန့်ခွာသွားဖို့လည်း ဝန်မလေးတဲ့သူမျိုးပါ ..

#AuntyMay