ဒီလိုအျဖစ္ေတြ ႀကဳံေနရၿပီ ဆိုရင္ေတာ့ သင့္ခ်စ္သူနဲ႔ လမ္းခြဲလိုက္ သင့္ပါၿပီ…

ဒီလိုအျဖစ္ေတြ ႀကဳံေနရၿပီ ဆိုရင္ေတာ့ သင့္ခ်စ္သူနဲ႔ လမ္းခြဲလိုက္ သင့္ပါၿပီ…

အခ်စ္ေရးတိုင္းဟာ အၿမဲတမ္းေတာ့ လြယ္ကူေခ်ာေမြ႕ မေနပါဘူး။ ႏွစ္ဦးႏွစ္ဖက္က ႀကိဳးစားမႈေလးေတြ အမ်ားႀကီးလိုတဲ့ အျပင္ကိုမိန္းကေလးဖက္ကလည္း လုပ္ရမယ့္ တာဝန္ေလးေတြ ရွိပါတယ္။ ဒါကေတာ့ ျဖစ္သင့္ပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပမယ့္ အရာေတြကိုပါ သင္လုပ္ေနရတယ္ဆိုရင္ေတာ့ ဒီလူဟာ ဆက္တြဲဖို႔ မသင့္ေတာ့တဲ့သူ ျဖစ္ပါတယ္ေနာ္ …။

(၁) အၿမဲတမ္း လိုက္ဖမ္းေနရတယ္”

ဇာတ္လမ္းေတြထဲမွာလိုမ်ိဳး အခ်စ္ဆိုတာ အမဲလိုက္သလို အသည္းအသန္ႀကိဳးစာၿပီးမွ ခက္ခက္ခဲခဲ ရလာမယ့္ အရာလို႔ ထင္ေနရင္ေတာ့ သင္အမွားႀကီး မွားပါၿပီ။ အခ်စ္ဆိုတာ ႀကိဳးစားၿပီး လုပ္ယူစရာမလိုတဲ့ အလြယ္ကူဆုံး ရႏိုင္တဲ့အရာ ျဖစ္ပါတယ္။ ဒါေပမယ့္ သင္ဟာ တစ္စုံတစ္ေယာက္ရဲ႕ ႏွလုံးသားဒါမွမဟုတ္ အခ်စ္ကို ရဖို႔ အၿမဲတမ္း ႀကိဳးစားေနရတယ္၊ အၿမဲတမ္းသင္က သူ႔ကို လိုက္ဖမ္းေနရတဲ့ ပုံစံမ်ိဳးဆိုရင္ေတာ့ ဒီလူကို လက္လႊတ္လိုက္သင္႔ပါတယ္ …။

(၂) သူ႔အတြက္ ေျပာင္းလဲရတယ္”

သင့္ရဲ႕ ပုံစံ၊ ခႏၶာကိုယ္၊ ေမြးရာပါ သင့္ရဲ႕ျဖစ္တည္မႈ ေတြကို သူ႔အတြက္ေျပာင္းလဲေပးရတယ္ ဆိုရင္ သူ႔ကို ဆက္ၿပီး မတြဲသင့္ေတာ့ပါဘူး။သင့္ရဲ႕ သဘာဝ၊ သင့္ရဲ႕အားနည္းခ်က္ေတြကို လက္မခံႏိုင္တဲ့သူ၊ သင့္ရဲ႕ ပင္ကိုသဘာဝကို ေျပာင္းလဲဖို႔ ဖိအားေပးတဲ့သူမ်ိဳးကို သင္လုံးဝ ဆက္မတြဲသင့္ေတာ့ပါဘူး။သင့္ကို တကယ္ခ်စ္တဲ့သူဟာ သင့္ကို ဘယ္လိုပုံစံ၊ ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ခ်စ္ေနမွာပဲ ျဖစ္ပါတယ္ …။

(၃) မေသခ်ာ မေရရာဘူး”

သင့္ခ်စ္သူ သင့္အေပၚထားတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ၿပီး အၿမဲတမ္း ဒြိဟျဖစ္ေနရတယ္၊ ဇေဝဇဝါျဖစ္ေနရတယ္ဆိုရင္ေတာ့ သူ႔ကို ေရွ႕ဆက္တြဲဖို႔ မသင့္ေတာ့ပါဘူး။ဘာလို႔လဲဆိုရင္ေတာ့ ေယာက်္ားေလးတစ္ေယာက္က တကယ္ခ်စ္တယ္ဆိုရင္ သူ႔အခ်စ္ေတြနဲ႔ ပတ္သက္ၿပီး မေသခ်ာ၊ မေရရာျဖစ္စရာ အေၾကာင္းမရွိပါဘူး။သူ႔ရဲ႕မ်က္လုံးထဲကို ၾကည့္လိုက္တိုင္း၊ သူ႔အနားမွာေနရတိုင္း အၿမဲတမ္း သူ႔ခံစားခ်က္နဲ႔ ပတ္သက္ၿပီး ေသခ်ာ ေနရမွာပါ …။

(၄) ေတာင္းပန္ေနရတယ္”

အခ်စ္ေရးတစ္ခုမွာ သူ႔အခ်စ္ကိုရဖို႔၊ ဒါမွမဟုတ္ သူ႔ရဲ႕ ဂ႐ုစိုက္မႈကိုရဖို႔၊ သူလုပ္သင့္တဲ့အရာေတြကို လုပ္ဖို႔ သင့္ဖက္ကေန အၿမဲတမ္း ေတာင္းပန္ေနရတယ္ဆိုရင္ေတာ့ဒါဟာ လုံးဝမျဖစ္သင့္တဲ့ အရာပါ။ စစ္မွန္တဲ့ အခ်စ္ဆိုတာက သင့္ကို သိမ္ငယ္ေစမယ့္ အရာမဟုတ္သလို သင္ကေအာက္က်ိဳ႕ခံၿပီး ေတာင္းပန္ေနစရာ မလိုတဲ့ အရာျဖစ္ပါတယ္။ဒါေၾကာင့္ သင္ကေတာင္းပန္ေနရတယ္၊ ေအာက္က်ိဳ႕ေနရတယ္ ဆိုရင္ေတာ့ သင္တြဲေနတဲ့ သူ႕ကို လက္တြဲျဖဳတ္လိုက္သင့္ပါတယ္ …။

(၅) ငိုေနရတယ္”

အခ်စ္ေရးတစ္ခုမွာ သင္အၿမဲတမ္း ငိုေနရတယ္ ဆိုရင္ေတာ့ သင့္ကိုငိုေအာင္ အၿမဲလုပ္တဲ့ သူကို ထားခဲ့လိုက္ပါေတာ့။ သင္ဟာ ညတိုင္းကို မ်က္ရည္ေတြ သုတ္ရင္းေက်္ာျဖတ္ရတယ္၊ ေပ်ာ္ရတဲ့ေန႔ေတြထက္ ငိုရတဲ့ေန႔ေတြ ပိုမ်ားေနတယ္ဆိုရင္ေတာ့ သင္တြဲေနတဲ့သူကို လက္တြဲျဖဳတ္လိုက္သင့္ပါၿပီ။မိန္းကေလးေတြဟာ ကိုယ့္ကို အၿမဲၿပဳံးေစတဲ့ သူအနားမွာ ေနဖို႔ထိုက္တန္ပါတယ္ေနာ္ …။ ။

Credit – အန္တီေမ

Unicode Version ဖြင့်ဖတ်ရန်

ဒီလိုအဖြစ်တွေ ကြုံနေရပြီ ဆိုရင်တော့ သင့်ချစ်သူနဲ့ လမ်းခွဲလိုက် သင့်ပါပြီ…

အချစ်ရေးတိုင်းဟာ အမြဲတမ်းတော့ လွယ်ကူချောမွေ့ မနေပါဘူး။ နှစ်ဦးနှစ်ဖက်က ကြိုးစားမှုလေးတွေ အများကြီးလိုတဲ့ အပြင်ကိုမိန်းကလေးဖက်ကလည်း လုပ်ရမယ့် တာဝန်လေးတွေ ရှိပါတယ်။ ဒါကတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် အရာတွေကိုပါ သင်လုပ်နေရတယ်ဆိုရင်တော့ ဒီလူဟာ ဆက်တွဲဖို့ မသင့်တော့တဲ့သူ ဖြစ်ပါတယ်နော် …။

(၁) အမြဲတမ်း လိုက်ဖမ်းနေရတယ်”

ဇာတ်လမ်းတွေထဲမှာလိုမျိုး အချစ်ဆိုတာ အမဲလိုက်သလို အသည်းအသန်ကြိုးစာပြီးမှ ခက်ခက်ခဲခဲ ရလာမယ့် အရာလို့ ထင်နေရင်တော့ သင်အမှားကြီး မှားပါပြီ။ အချစ်ဆိုတာ ကြိုးစားပြီး လုပ်ယူစရာမလိုတဲ့ အလွယ်ကူဆုံး ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားဒါမှမဟုတ် အချစ်ကို ရဖို့ အမြဲတမ်း ကြိုးစားနေရတယ်၊ အမြဲတမ်းသင်က သူ့ကို လိုက်ဖမ်းနေရတဲ့ ပုံစံမျိုးဆိုရင်တော့ ဒီလူကို လက်လွှတ်လိုက်သင့်ပါတယ် …။

(၂) သူ့အတွက် ပြောင်းလဲရတယ်”

သင့်ရဲ့ ပုံစံ၊ ခန္ဓာကိုယ်၊ မွေးရာပါ သင့်ရဲ့ဖြစ်တည်မှု တွေကို သူ့အတွက်ပြောင်းလဲပေးရတယ် ဆိုရင် သူ့ကို ဆက်ပြီး မတွဲသင့်တော့ပါဘူး။သင့်ရဲ့ သဘာဝ၊ သင့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်တဲ့သူ၊ သင့်ရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲဖို့ ဖိအားပေးတဲ့သူမျိုးကို သင်လုံးဝ ဆက်မတွဲသင့်တော့ပါဘူး။သင့်ကို တကယ်ချစ်တဲ့သူဟာ သင့်ကို ဘယ်လိုပုံစံ၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ချစ်နေမှာပဲ ဖြစ်ပါတယ် …။

(၃) မသေချာ မရေရာဘူး”

သင့်ချစ်သူ သင့်အပေါ်ထားတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး အမြဲတမ်း ဒွိဟဖြစ်နေရတယ်၊ ဇဝေဇဝါဖြစ်နေရတယ်ဆိုရင်တော့ သူ့ကို ရှေ့ဆက်တွဲဖို့ မသင့်တော့ပါဘူး။ဘာလို့လဲဆိုရင်တော့ ယောက်ျားလေးတစ်ယောက်က တကယ်ချစ်တယ်ဆိုရင် သူ့အချစ်တွေနဲ့ ပတ်သက်ပြီး မသေချာ၊ မရေရာဖြစ်စရာ အကြောင်းမရှိပါဘူး။သူ့ရဲ့မျက်လုံးထဲကို ကြည့်လိုက်တိုင်း၊ သူ့အနားမှာနေရတိုင်း အမြဲတမ်း သူ့ခံစားချက်နဲ့ ပတ်သက်ပြီး သေချာ နေရမှာပါ …။

(၄) တောင်းပန်နေရတယ်”

အချစ်ရေးတစ်ခုမှာ သူ့အချစ်ကိုရဖို့၊ ဒါမှမဟုတ် သူ့ရဲ့ ဂရုစိုက်မှုကိုရဖို့၊ သူလုပ်သင့်တဲ့အရာတွေကို လုပ်ဖို့ သင့်ဖက်ကနေ အမြဲတမ်း တောင်းပန်နေရတယ်ဆိုရင်တော့ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အရာပါ။ စစ်မှန်တဲ့ အချစ်ဆိုတာက သင့်ကို သိမ်ငယ်စေမယ့် အရာမဟုတ်သလို သင်ကအောက်ကျို့ခံပြီး တောင်းပန်နေစရာ မလိုတဲ့ အရာဖြစ်ပါတယ်။ဒါကြောင့် သင်ကတောင်းပန်နေရတယ်၊ အောက်ကျို့နေရတယ် ဆိုရင်တော့ သင်တွဲနေတဲ့ သူ့ကို လက်တွဲဖြုတ်လိုက်သင့်ပါတယ် …။

(၅) ငိုနေရတယ်”

အချစ်ရေးတစ်ခုမှာ သင်အမြဲတမ်း ငိုနေရတယ် ဆိုရင်တော့ သင့်ကိုငိုအောင် အမြဲလုပ်တဲ့ သူကို ထားခဲ့လိုက်ပါတော့။ သင်ဟာ ညတိုင်းကို မျက်ရည်တွေ သုတ်ရင်းကျော်ဖြတ်ရတယ်၊ ပျော်ရတဲ့နေ့တွေထက် ငိုရတဲ့နေ့တွေ ပိုများနေတယ်ဆိုရင်တော့ သင်တွဲနေတဲ့သူကို လက်တွဲဖြုတ်လိုက်သင့်ပါပြီ။မိန်းကလေးတွေဟာ ကိုယ့်ကို အမြဲပြုံးစေတဲ့ သူအနားမှာ နေဖို့ထိုက်တန်ပါတယ်နော် …။ ။

Credit – အန်တီမေ