အသည္းကြဲတဲ့အခါ သင့္ ခႏၶာကိုယ္ကပါ ဒီလိုေတြ ဆိုးဆိုးရြားရြား ခံစားရပါတယ္…

အသည္းကြဲတဲ့အခါ သင့္ ခႏၶာကိုယ္ကပါ ဒီလိုေတြ ဆိုးဆိုးရြားရြား ခံစားရပါတယ္…

အသည္းကြဲ တဲ့အခါ လူတစ္ေယာက္ အတြက္ စိတ္ပိုင္းဆုိင္ရာ မွာပဲ ခံစားရတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္း ခႏၶာကိုယ္ကပါ အသည္းကြဲ တဲ့ ဒဏ္ကို ဆိုးဆိုးရြားရြား ခံစားရတယ္ ဆိုတာ သင္သိပါရဲ႕လား …? ဘယ္လိုေတြ ခံစားရေစလဲ ဆိုတာ ဆက္ဖတ္ၾကည္႔ လိုက္ရေအာင္ေနာ္ …။

(၁) အစားေသာက္ မမွန္တာမ်ိဳး ျဖစ္လာ ႏုိင္ပါတယ္။ အရမ္း စား မိတာမ်ိဳး၊ အစာစားခ်င္ စိတ္ကို မျဖစ္ေတာ့တာ မ်ိဳးေတြ ေပါ့ …။

(၂) ႏွလံုးခုန္ႏႈန္းေတြ နည္းလာ ပါလိမ့္ မယ္။ သင့္စိတ္ထဲမွာ ဝမ္းနည္းမႈကို ခါးဆီး ခံထားရ တဲ့အတြက္ စိတ္မွာ ဖိစီးမႈ သြားျဖစ္ကာ ေသြးလည္ပတ္မႈကို ေႏွာင့္ေႏွးေစကာ ႏွလံုးခုန္ ႏႈန္းလည္း ေလ်ာ့နည္းလာ တတ္ ပါ တယ္။ တစ္ခါတစ္ေလ ႏွလံုးေတာင္ တစ္ခ်က္ခ်က္ စူးေအာင့္ တတ္ပါေသးတယ္ …။

(၃) အသည္းကြဲ တာနဲ႔ သင့္ရဲ႕ အိပ္ေရးပ်က္တဲ့ ဒဏ္ကို ေကာင္းေကာင္းခံ ရမွာပါ။ စိတ္က မအိပ္ခ်င္ေပမယ့္ ခႏၶာကိုယ္က ေပး မအိပ္ တာမ်ိဳးေပါ့ …။

(၄) စိတ္ပိုင္းဆုိင္ရာ နာက်င္မႈ တင္သာမက ဘဲ ခႏၶာကိုယ္ မွာပါ နာက်င္မႈေတြ ခံစားလာ ရပါတယ္။ ဥပမာေခါင္း အရမ္းကိုက္တာ၊ ဗိုက္အရမ္း ေအာင့္တာ၊ ကိုယ္ ေတြ လက္ေတြ ကိုက္ခဲတာမ်ိဳးေတြ ျဖစ္တတ္ ပါ တယ္ …။

(၅) ခႏၶာကုိယ္ဟာ အျမဲတမ္း ပင္ပမ္း ႏြမ္းနယ္ ေနပါလိမ့္ မယ္ …။

(၆) ဒါကေတာ့ စိတ္ေရာကိုယ္ေရာ ခံစားမႈေတြပါ။ ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးက အစ ဝမ္းနည္းတတ္ လာမယ္၊ မ်က္ရည္ လြယ္လာ လိမ့္မယ္။ အရာရာကို အေကာင္း မျမင္ေတာ့ပါဘူး …။

(၇) လမ္းေတြေပ်ာက္လာမယ္၊ အာရံုစိုက္လို႔ပါ မရေတာ့တာ မ်ိဳးျဖစ္လာၿပီး အရာရာကို အရံႈးေပးတတ္ လာမယ္ …။

(၈) ဘယ္လို ကိစၥကို မ်ိဳးပဲျဖစ္ျဖစ္ ဆတ္ဆတ္ ထိ မခံႏုိင္ ျဖစ္လာ ပါ လိမ္႔မယ္ …။

(၉) မိမိကုိယ္ ကိုယ္မိမိ ယံုၾကည္မႈေတြေ ပ်ာက္ဆံုး လာပါ လိမ့္မယ္။ ကုိယ့္ရဲ႕ ရုပ္ရည္၊ ပံုစံ၊ အရည္အခ်င္း စတဲ့ အရာရာ အားလံုးအေပၚ ယံုၾကည္မႈေတြ ေပ်ာက္ဆံုး လာပါ လိမ့္ မယ္ ေနာ္ …။ ။

penny

Credit – အန္တီေမ

Unicode ဖြင့်ဖတ်ရန်

အသည်းကွဲတဲ့အခါ သင့် ခန္ဓာကိုယ်ကပါ ဒီလိုတွေ ဆိုးဆိုးရွားရွား ခံစားရပါတယ်…

အသည်းကွဲ တဲ့အခါ လူတစ်ယောက် အတွက် စိတ်ပိုင်းဆိုင်ရာ မှာပဲ ခံစားရတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ခန္ဓာကိုယ်ကပါ အသည်းကွဲ တဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတယ် ဆိုတာ သင်သိပါရဲ့လား …? ဘယ်လိုတွေ ခံစားရစေလဲ ဆိုတာ ဆက်ဖတ်ကြည့် လိုက်ရအောင်နော် …။

(၁) အစားသောက် မမှန်တာမျိုး ဖြစ်လာ နိုင်ပါတယ်။ အရမ်း စား မိတာမျိုး၊ အစာစားချင် စိတ်ကို မဖြစ်တော့တာ မျိုးတွေ ပေါ့ …။

(၂) နှလုံးခုန်နှုန်းတွေ နည်းလာ ပါလိမ့် မယ်။ သင့်စိတ်ထဲမှာ ဝမ်းနည်းမှုကို ခါးဆီး ခံထားရ တဲ့အတွက် စိတ်မှာ ဖိစီးမှု သွားဖြစ်ကာ သွေးလည်ပတ်မှုကို နှောင့်နှေးစေကာ နှလုံးခုန် နှုန်းလည်း လျော့နည်းလာ တတ် ပါ တယ်။ တစ်ခါတစ်လေ နှလုံးတောင် တစ်ချက်ချက် စူးအောင့် တတ်ပါသေးတယ် …။

(၃) အသည်းကွဲ တာနဲ့ သင့်ရဲ့ အိပ်ရေးပျက်တဲ့ ဒဏ်ကို ကောင်းကောင်းခံ ရမှာပါ။ စိတ်က မအိပ်ချင်ပေမယ့် ခန္ဓာကိုယ်က ပေး မအိပ် တာမျိုးပေါ့ …။

(၄) စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တင်သာမက ဘဲ ခန္ဓာကိုယ် မှာပါ နာကျင်မှုတွေ ခံစားလာ ရပါတယ်။ ဥပမာခေါင်း အရမ်းကိုက်တာ၊ ဗိုက်အရမ်း အောင့်တာ၊ ကိုယ် တွေ လက်တွေ ကိုက်ခဲတာမျိုးတွေ ဖြစ်တတ် ပါ တယ် …။

(၅) ခန္ဓာကိုယ်ဟာ အမြဲတမ်း ပင်ပမ်း နွမ်းနယ် နေပါလိမ့် မယ် …။

(၆) ဒါကတော့ စိတ်ရောကိုယ်ရော ခံစားမှုတွေပါ။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးက အစ ဝမ်းနည်းတတ် လာမယ်၊ မျက်ရည် လွယ်လာ လိမ့်မယ်။ အရာရာကို အကောင်း မမြင်တော့ပါဘူး …။

(၇) လမ်းတွေပျောက်လာမယ်၊ အာရုံစိုက်လို့ပါ မရတော့တာ မျိုးဖြစ်လာပြီး အရာရာကို အရှုံးပေးတတ် လာမယ် …။

(၈) ဘယ်လို ကိစ္စကို မျိုးပဲဖြစ်ဖြစ် ဆတ်ဆတ် ထိ မခံနိုင် ဖြစ်လာ ပါ လိမ့်မယ် …။

(၉) မိမိကိုယ် ကိုယ်မိမိ ယုံကြည်မှုတွေပောက်ဆုံး လာပါ လိမ့်မယ်။ ကိုယ့်ရဲ့ ရုပ်ရည်၊ ပုံစံ၊ အရည်အချင်း စတဲ့ အရာရာ အားလုံးအပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး လာပါ လိမ့် မယ် နော် …။ ။

penny

Credit – အန်တီမေ