ဘ၀ရဲ႕လက္တြဲေဖာ္ ေရြးခ်ယ္တဲ႔အခါ ဒီလို လူမ်ိဳးကို ေရြးခ်ယ္ပါ…

ဘ၀ရဲ႕လက္တြဲေဖာ္ ေရြးခ်ယ္တဲ႔အခါ ဒီလို လူမ်ိဳးကို ေရြးခ်ယ္ပါ…

လူ တစ္ဦး တစ္ေယာက္ကုိ မိမိ ဘ၀ တစ္ သက္လုံး အတြက္ ဘ၀ လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္တဲ့ အခါ

မိမိ တစ္ေယာက္ တည္း အေပၚ သိ္ပ္ခ်စ္ ျပီး ခ်စ္ေန တုန္း အ ခ်ိန္ အနစ္ နာခံမႈ၊ ဘာမဆုိ လုပ္ေပး မႈ၊ ကုိယ္တစ္ေယာက္ တည္းအေပၚ ခ်စ္ေန တုန္း ေကာင္းျခင္း၊ ယုယ ျခင္း၊ ရုိးသား ျခင္းေလာက္ နဲ႔ ဘ၀ရဲ့ လက္ တြဲ ေဖာ္ဆုိျပီး ေရြးခ်ယ္ လုိ႔ မရႏုိင္ပါဘူး …။

ဘာလုိ႔ လဲ ဆုိ ေတာ့ လူ ဆုိ တာ မိမိ သေဘာ က်ေနတဲ့ အခ်ိန္၊ မိမိ သိပ္ခ်စ္ ေနတဲ့ အခ်ိန္ ၊ မိမိ ခ်စ္ေနေသာသူကုိ အရာရာ အေကာင္းပဲ ျမင္ၿပီး အရာရာ ခြင့္ လႊတ္ ေပး တတ္ၾက တာ သ ဘာ ၀ ျဖစ္ ပါ တယ္ …။

ကုိယ္နဲ႔ အဆင္ မေျပေသာ တစ္ေန႔မွာ ကုိယ့္အေပၚမွာ ၾကမ္း တမ္းေသာ အျပဳအမူ၊ ရုိင္းစုိင္းေသာ အေျပာအဆုိ၊ ရက္စက္ေသာ လုပ္ရပ္ေတြနဲ႔ ထာ၀ရ ရန္သူႀကီး ေတြျဖစ္ေနၾကတာ ေလာကမွာ ျမင္ေတြ႕ ဖူးၾကပါ လိမ္႔မယ္ …။

အဲ႔တာေၾကာင့္ လူတစ္ေယာက္ ကုိ ဘ၀အတြက္ တစ္သက္လုံး ေရြးခ်ယ္တဲ့အခါ – ကုိယ္နဲ႔ လက္တြဲမဲ့သူက တစ္ျခား သူတစ္ဦးေပၚ

– တကယ္ ကုိယ္ခ်င္းစာတရား ရွိရဲ႕လား …၊

– တကယ္ စိတ္ေကာင္း ေစတနာေကာင္း ရွိရဲ႕လား …၊

– ပင္က ုိရုိးသားျဖဴစင္ေသာ စိတ္ ရွိရဲ႕လား …၊

– စကားေျပာတာဆုိတာကအစ ရုိးသားယဥ္ေက်းသိမ္ေမြ႔မႈ တကယ္ရွိရဲ႕လား …၊

– သေဘာထားႀကီးမႈ၊ နားလည္ ခြင့္လြတ္တတ္မႈ ရွိရဲ႕လား …၊

– ကုိယ့္အေပၚအရမ္းေကာင္းတယ္၊ သူမ်ားေပၚမွာ ကုိယ္ေလာက္ မေကာင္းေပမယ့္ ပုံမွန္စိတ္ေကာင္း စိတ္ျမတ္ ရွိရဲ့လား၊ ဆုိတာ စဥ္းစားရ ပါလိမ့္မယ္ …။

ဒီလုိလူနဲ႔ ဘ၀ တစ္သက္လုံး လက္တြဲမွ၊ ေရရွည္မွာ စိတ္ခ်မ္း သာမႈရမွာ ျဖစ္တယ္။ မိမိတစ္ေယာက္တည္း အေပၚ ေကာင္းတာေလာက္နဲ႔ ဘ၀မွာ လက္တြဲမိရင္ေတာ့

ဘ၀မွာ ျပင္လုိ႔မရတဲ႔ “ေနာင္တတရားေတြ” က မိမိကုိ ေစာင့္ႀကိဳေန လိမ့္ပါမယ္။ ဒါေၾကာင့္ ဘ၀တစ္သက္တာအတြက္ လက္တြဲေဖာ္ကုိ ကိုယ့္အေပၚခ်စ္မိေနတုန္း

ေကာင္းျခင္း ေလာက္နဲ႔ မေရြး ခ်ယ္ၾကပါ နဲ႔ လုိ႔ တုိက္တြန္း လုိက္ ရ ပါ တယ္ ေနာ္ …။ ။

ေမတၲာျဖင့္ … အရွင္ဇနက – မႏၲေလးစာသင္သား (ဓမၼလက္ေဆာင္)

Credit – မူရင္း

Unicode ဖြင့်ဖတ်ရန်

ဘဝရဲ့လက်တွဲဖော် ရွေးချယ်တဲ့အခါ ဒီလို လူမျိုးကို ရွေးချယ်ပါ…

လူ တစ်ဦး တစ်ယောက်ကို မိမိ ဘ၀ တစ် သက်လုံး အတွက် ဘ၀ လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့ အခါ

မိမိ တစ်ယောက် တည်း အပေါ် သ်ိပ်ချစ် ပြီး ချစ်နေ တုန်း အ ချိန် အနစ် နာခံမှု၊ ဘာမဆို လုပ်ပေး မှု၊ ကိုယ်တစ်ယောက် တည်းအပေါ် ချစ်နေ တုန်း ကောင်းခြင်း၊ ယုယ ခြင်း၊ ရိုးသား ခြင်းလောက် နဲ့ ဘဝရဲ့ လက် တွဲ ဖော်ဆိုပြီး ရွေးချယ် လို့ မရနိုင်ပါဘူး …။

ဘာလို့ လဲ ဆို တော့ လူ ဆို တာ မိမိ သဘော ကျနေတဲ့ အချိန်၊ မိမိ သိပ်ချစ် နေတဲ့ အချိန် ၊ မိမိ ချစ်နေသောသူကို အရာရာ အကောင်းပဲ မြင်ပြီး အရာရာ ခွင့် လွှတ် ပေး တတ်ကြ တာ သ ဘာ ၀ ဖြစ် ပါ တယ် …။

ကိုယ်နဲ့ အဆင် မပြေသော တစ်နေ့မှာ ကိုယ့်အပေါ်မှာ ကြမ်း တမ်းသော အပြုအမူ၊ ရိုင်းစိုင်းသော အပြောအဆို၊ ရက်စက်သော လုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီး တွေဖြစ်နေကြတာ လောကမှာ မြင်တွေ့ ဖူးကြပါ လိမ့်မယ် …။

အဲ့တာကြောင့် လူတစ်ယောက် ကို ဘဝအတွက် တစ်သက်လုံး ရွေးချယ်တဲ့အခါ – ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြား သူတစ်ဦးပေါ်

– တကယ် ကိုယ်ချင်းစာတရား ရှိရဲ့လား …၊

– တကယ် စိတ်ကောင်း စေတနာကောင်း ရှိရဲ့လား …၊

– ပင်ကိုရိုးသားဖြူစင်သော စိတ် ရှိရဲ့လား …၊

– စကားပြောတာဆိုတာကအစ ရိုးသားယဉ်ကျေးသိမ်မွေ့မှု တကယ်ရှိရဲ့လား …၊

– သဘောထားကြီးမှု၊ နားလည် ခွင့်လွတ်တတ်မှု ရှိရဲ့လား …၊

– ကိုယ့်အပေါ်အရမ်းကောင်းတယ်၊ သူများပေါ်မှာ ကိုယ်လောက် မကောင်းပေမယ့် ပုံမှန်စိတ်ကောင်း စိတ်မြတ် ရှိရဲ့လား၊ ဆိုတာ စဉ်းစားရ ပါလိမ့်မယ် …။

ဒီလိုလူနဲ့ ဘ၀ တစ်သက်လုံး လက်တွဲမှ၊ ရေရှည်မှာ စိတ်ချမ်း သာမှုရမှာ ဖြစ်တယ်။ မိမိတစ်ယောက်တည်း အပေါ် ကောင်းတာလောက်နဲ့ ဘဝမှာ လက်တွဲမိရင်တော့

ဘဝမှာ ပြင်လို့မရတဲ့ “နောင်တတရားတွေ” က မိမိကို စောင့်ကြိုနေ လိမ့်ပါမယ်။ ဒါကြောင့် ဘဝတစ်သက်တာအတွက် လက်တွဲဖော်ကို ကိုယ့်အပေါ်ချစ်မိနေတုန်း

ကောင်းခြင်း လောက်နဲ့ မရွေး ချယ်ကြပါ နဲ့ လို့ တိုက်တွန်း လိုက် ရ ပါ တယ် နော် …။ ။

မေတ္တာဖြင့် … အရှင်ဇနက – မန္တလေးစာသင်သား (ဓမ္မလက်ဆောင်)

Credit – မူရင်း