အခ်စ္ေရး အဆင္မေျပမႈေတြျဖစ္ေစတတ္တဲ့ အဓိကအေၾကာင္းအရင္းမ်ား…

အခ်စ္ေရး အဆင္မေျပမႈေတြျဖစ္ေစတတ္တဲ့ အဓိကအေၾကာင္းအရင္းမ်ား…

ကိုယ့္ရဲ႕ အခ်စ္ေရးမွာ အဆင္္မေျပမႈေတြ၊ အဖုအထစ္ေလးေတြ မ်ားေနၿပီလား? ဒါဆုိရင္ေတာ့ ဘာေၾကာင့္ အခ်စ္ေရး အဆင္မေျပမႈေတြ ျဖစ္ေနရတာလည္းဆုိတာကို အေျဖ႐ွာၾကည့္ရေအာင္။ အခ်စ္ေရး အဆင္မေျပရတဲ့ အဓိကအေၾကာင္းအရင္းေတြက ဒီ အခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

လ်ိဳ႕ဝွက္ခ်က္ေတြ အရမ္းမ်ားေနတယ္”

အခ်စ္ေရး အဆင္မေျပရတဲ့ အေၾကာင္းအရင္းေတြထဲမွာ မပြင့္လင္းတဲ့ ဆက္ဆံေရးကလည္း အဓိကအခ်က္ ျဖစ္ေနတတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္သူေတြဆုိေပမယ့္ လ်ိဳ႕ဝွက္ဖံုးကြယ္ ထားတာေတြ မ်ားေနတဲ့အခါ၊ တစ္ေယာက္အေၾကာင္း တစ္ေယာက္ ေသခ်ာမသိတဲ့အခါ သူစိမ္းႏွစ္ေယာက္လုိပဲ ျဖစ္ေနတတ္တာပါ။ တစ္ကယ္ေတာ့ အခ်စ္ေရးဆုိတာ ေႏြးေထြးပြင့္လင္းမႈေလးေတြေတာ့ ႐ွိေနသင့္တာ မဟုတ္လား …၊

နားလည္မႈေတြ မေပးႏုိင္ဘူး”

အခ်စ္ေရးတစ္ခု တည္ျမဲဖုိ႔ဆုိရင္ ႐ွိသင့္႐ွိထုိက္တဲ့ နားလည္မႈေတြ ႐ွိဖု႔ိလုိအပ္ပါတယ္။ ကိုယ့္ခ်စ္သူက ကိုယ္အေၾကာင္းေတြ အျမဲတမ္း လုိက္စံုစမ္းေနတာမိ်ဳး၊ ဖုန္းေလးတစ္ခ်က္ မကိုင္မိတာနဲ႔ ေပါက္ကြဲတာေတြ၊ ေဒါသေတြ ျဖစ္ေနတာက ခ်စ္တာမဟုတ္ပဲ အတၱႀကီးတာ ျဖစ္သြားပါၿပီ။ ကိုယ့္တစ္ဖက္တည္းပဲ ၾကည့္ၿပီး သူ႔ဖက္ကို နားလည္မေပးႏိုင္ရင္ေတာ့ ဒီအခ်စ္ေရးဟာ ေသခ်ာေပါက္ အဆင္မေျပႏုိင္ပါဘူးေနာ္ …။

ကိုယ့္ဖက္ကပဲ တစ္ခ်ိန္လံုး ေတာင္းပန္ေနရတယ္”

ဘယ္သူ မွားမွား၊ ဘယ္သူမွန္မွန္ ဒါဟာ အေရးမႀကီးဘူးဆိုၿပီး ကိုယ္ကပဲ တစ္ဖက္သတ္ လုိက္ေတာင္းပန္ေနရတာေတြ၊ ကိုယ္ကပဲ အေလ်ာ့ေပးေနရတာေတြက အခ်စ္ေရးတစ္ခုကို အဆင္မေျပျဖစ္ေစပါတယ္။ ခ်စ္သူထားတာဟာ သိမ္ငယ္မႈကို ခံစားရဖို႔မဟုတ္ေပမယ့္ ကိုယ္ကပဲ ေတာင္းပန္ေနရတာက ကုိယ့္ကိုယ္ကိုယ္ သိမ္ငယ္သလုိ ခံစားရေစပါတယ္။ ဒါဆုိရင္ေတာ့ ေနာက္ဆက္တြဲ ျပသနာေတြက ေသခ်ာေပါက္ ႐ွိလာမွာပဲ ျဖစ္ပါတယ္ …။

သူငယ္ခ်င္းအေပါင္းအသင္းေတြ နည္းလာတယ္”

ခ်စ္သူနဲ႔ သူငယ္ခ်င္း ဆက္ဆံေရး ႏွစ္ခုက ဘယ္လုိမွ မသက္ဆုိင္ပါဘူး။ ခ်စ္သူက ခ်စ္သူျဖစ္ၿပီး၊ သူငယ္ခ်င္းက သူငယ္ခ်င္းပါပဲ ဒါကိုမွ ဟိုလူနဲ႔ မေပါင္းရဘူး၊ ဒီလူနဲ႔ ခင္တာ မႀကိဳက္ဘူးဆိုၿပီး ထိန္းခ်ဳပ္တာေတြ မ်ားလာတဲ့အခါ ဒီအခ်စ္ေရးမွာ အဆင္မေျပမႈေတြ ျဖစ္လာေစမွာပါ။ တကယ္ေတာ့ ခ်စ္သူတစ္ေယာက္ထားလုိက္တာဟာ ကိုယ့္သူငယ္ခ်င္းေတြကို စြန္႔လႊတ္လုိက္ဖုိ႔အတြက္ မဟုတ္ပါဘူး။ ဒီအခ်က္ေတြက အခ်စ္ေရးမွာ အဆင္မေျပမႈေတြကို ျဖစ္ေပၚ ေစတတ္ပါတယ္ေနာ္ …။ ။

Khin

Credit – AuntyMay

Unicode Version ဖြင့်ဖတ်ရန်

အချစ်ရေး အဆင်မပြေမှုတွေဖြစ်စေတတ်တဲ့ အဓိကအကြောင်းအရင်းများ…

ကိုယ့်ရဲ့ အချစ်ရေးမှာ အဆင်မပြေမှုတွေ၊ အဖုအထစ်လေးတွေ များနေပြီလား? ဒါဆိုရင်တော့ ဘာကြောင့် အချစ်ရေး အဆင်မပြေမှုတွေ ဖြစ်နေရတာလည်းဆိုတာကို အဖြေရှာကြည့်ရအောင်။ အချစ်ရေး အဆင်မပြေရတဲ့ အဓိကအကြောင်းအရင်းတွေက ဒီ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်နော် …။

လျို့ဝှက်ချက်တွေ အရမ်းများနေတယ်”

အချစ်ရေး အဆင်မပြေရတဲ့ အကြောင်းအရင်းတွေထဲမှာ မပွင့်လင်းတဲ့ ဆက်ဆံရေးကလည်း အဓိကအချက် ဖြစ်နေတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူတွေဆိုပေမယ့် လျို့ဝှက်ဖုံးကွယ် ထားတာတွေ များနေတဲ့အခါ၊ တစ်ယောက်အကြောင်း တစ်ယောက် သေချာမသိတဲ့အခါ သူစိမ်းနှစ်ယောက်လိုပဲ ဖြစ်နေတတ်တာပါ။ တစ်ကယ်တော့ အချစ်ရေးဆိုတာ နွေးထွေးပွင့်လင်းမှုလေးတွေတော့ ရှိနေသင့်တာ မဟုတ်လား …၊

နားလည်မှုတွေ မပေးနိုင်ဘူး”

အချစ်ရေးတစ်ခု တည်မြဲဖို့ဆိုရင် ရှိသင့်ရှိထိုက်တဲ့ နားလည်မှုတွေ ရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ်အကြောင်းတွေ အမြဲတမ်း လိုက်စုံစမ်းနေတာမျိုး၊ ဖုန်းလေးတစ်ချက် မကိုင်မိတာနဲ့ ပေါက်ကွဲတာတွေ၊ ဒေါသတွေ ဖြစ်နေတာက ချစ်တာမဟုတ်ပဲ အတ္တကြီးတာ ဖြစ်သွားပါပြီ။ ကိုယ့်တစ်ဖက်တည်းပဲ ကြည့်ပြီး သူ့ဖက်ကို နားလည်မပေးနိုင်ရင်တော့ ဒီအချစ်ရေးဟာ သေချာပေါက် အဆင်မပြေနိုင်ပါဘူးနော် …။

ကိုယ့်ဖက်ကပဲ တစ်ချိန်လုံး တောင်းပန်နေရတယ်”

ဘယ်သူ မှားမှား၊ ဘယ်သူမှန်မှန် ဒါဟာ အရေးမကြီးဘူးဆိုပြီး ကိုယ်ကပဲ တစ်ဖက်သတ် လိုက်တောင်းပန်နေရတာတွေ၊ ကိုယ်ကပဲ အလျော့ပေးနေရတာတွေက အချစ်ရေးတစ်ခုကို အဆင်မပြေဖြစ်စေပါတယ်။ ချစ်သူထားတာဟာ သိမ်ငယ်မှုကို ခံစားရဖို့မဟုတ်ပေမယ့် ကိုယ်ကပဲ တောင်းပန်နေရတာက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရစေပါတယ်။ ဒါဆိုရင်တော့ နောက်ဆက်တွဲ ပြသနာတွေက သေချာပေါက် ရှိလာမှာပဲ ဖြစ်ပါတယ် …။

သူငယ်ချင်းအပေါင်းအသင်းတွေ နည်းလာတယ်”

ချစ်သူနဲ့ သူငယ်ချင်း ဆက်ဆံရေး နှစ်ခုက ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ ချစ်သူက ချစ်သူဖြစ်ပြီး၊ သူငယ်ချင်းက သူငယ်ချင်းပါပဲ ဒါကိုမှ ဟိုလူနဲ့ မပေါင်းရဘူး၊ ဒီလူနဲ့ ခင်တာ မကြိုက်ဘူးဆိုပြီး ထိန်းချုပ်တာတွေ များလာတဲ့အခါ ဒီအချစ်ရေးမှာ အဆင်မပြေမှုတွေ ဖြစ်လာစေမှာပါ။ တကယ်တော့ ချစ်သူတစ်ယောက်ထားလိုက်တာဟာ ကိုယ့်သူငယ်ချင်းတွေကို စွန့်လွှတ်လိုက်ဖို့အတွက် မဟုတ်ပါဘူး။ ဒီအချက်တွေက အချစ်ရေးမှာ အဆင်မပြေမှုတွေကို ဖြစ်ပေါ် စေတတ်ပါတယ်နော် …။ ။

Khin

Credit – AuntyMay