သင္ဟာ ထင္ထားတာထက္ ပိုလွၿပီး ဆြဲေဆာင္မႈ႐ွိေနတယ္ဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား

သင္ဟာ ထင္ထားတာထက္ ပိုလွၿပီး ဆြဲေဆာင္မႈ႐ွိေနတယ္ဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား

လူတိုင္းမွာ အလွကိုယ္စီ႐ွိၿပီး ကိုယ့္ရဲ႕ အားသာခ်က္၊ အားနည္းခ်က္တြကို ကိုယ္တုိင္ အသိအမွတ္ျပဳ လက္ခံတတ္ဖုိ႔ပဲ လုိပါတယ္။ တစ္ခ်ိဳ႕လူေတြရဲ႕ အေပၚယံေတြကိုပဲ အားက်မေနပဲ ကိုယ္တုိင္ရဲ႕ အလွစစ္ကို ႐ွာေဖြၾကည့္ပါေနာ္။ တကယ္ေတာ့ သင္ထင္ထားတာထက္ သင္ဟာ ပိုလွၿပီး ဆြဲေဆာင္မႈ႐ွိတဲ့ သူတစ္ေယာက္ဆုိတာ ဒီအခ်က္ေတြက ေဖာ္္ျပလို႔ေနပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ဆြဲေဆာင္မႈ႐ွိၿပီး လွေနတာေလးကို သံသယမျဖစ္မိလိုက္ပါနဲ႔။

(1) သူမ်ားေတြဆီက ခ်ီးက်ဴးစကားေလးေတြ ၾကားရတတ္တယ္

ဒါက ဘာမွမဟုတ္တဲ့ အေၾကာင္းအရာေလးဆုိိေပမယ့္ သင့္ဟာ ဆြဲေဆာင္မႈ႐ွိတဲ့ သူတစ္ေယာက္ဆုိတာကိုေတာ့ ေဖာ္ျပေနတဲ့ စကားေလးပါ။

ဥပမာ – တစ္စံုတစ္ေယာက္က မင္းဒီေန႔ ၾကည့္ေကာင္းေနတယ္၊ အရမ္းလွလာတယ္ေနာ္ ဆိုတဲ့ စကားေလးေတြြကိုသာ ၾကားဖူးတယ္ဆုိရင္ေတာ့ ဒါဟာ သင္တကယ္ ၾကည့္ေကာင္းၿပီး လွေနလု႔ိဆုိတာ မေမ့လုိက္ပါနဲ႔ေနာ္။

(2) လူေတြက သင့္ကို သတိထားမိတယ္

သင္ အခန္းထဲ ဝင္လာတဲ့ အခ်ိန္မွာပဲ ျဖစ္ျဖစ္္၊ လမ္းသြားတဲ့ အခါမွာပဲ ျဖစ္ျဖစ္ ကိုယ့္ကိုယ္ စိတ္ဝင္တစား လုိက္ၾကည့္တတ္တဲ့ မ်က္လံုးေတြကို ရင္ဆုိင္ရတတ္ပါတယ္။

တကယ္ေတာ့ သင္သာ ဆြဲေဆာင္မႈ႐ွိမေနဘူးဆိုရင္ အဲဒီ႔အၾကည့္ေတြက သင့္ဆီပါလာမွာ မဟုတ္ပါဘူး။ ဒါက သင္ထင္ထားတာထက္ သင္ဟာ ပိုဆြဲေဆာင္မႈ႐ွိတယ္ဆုိတာကို ေဖာ္ျပေနတာပါ။

(3) သင့္အေၾကာင္းကို လူေတြစိတ္ဝင္စားတတ္တယ္

ကိုယ့္ေနာက္ကြယ္မွာ ကို္ယ့္ကိုယ္ လုိက္စံုစမ္းေနတတ္တဲ့ သူေတြ႐ွိသလုိ၊ ကိုယ့္အေၾကာင္းေတြကို ကိုယ္ေတာင္မသိပဲ စိတ္ဝင္စားေနတဲ့ သူေတြ႐ွိေနတတ္ပါတယ္။

လူေတြက ကုိယ့္ကိုယ္ ႐ုိး႐ုိးသားသား စိတ္ဝင္စားတာမ်ိဳးပဲျဖစ္ျဖစ္၊ ကိုယ့္အေပၚ မနာလုိစိတ္နဲဲ႔ စိတ္ဝင္စားတာပဲျဖစ္ျဖစ္ ဒါဟာ ကိုယ့္က သူတို႔အတြက္ ထူးျခားေနလုိ႔ပါေနာ္။ သင့္ရဲ႕ ေနထုိင္ပံုနဲ႔ ဆြဲေဆာင္မႈ႐ွိမႈေတြေၾကာင့္ သူတို႔ သင့္ကို စိတ္ဝင္စားလာတတ္တာ ျဖစ္ပါတယ္။

(4) ကိုယ့္ရဲ႕ ပံုစံေလးကို သင္ကိုယ္တုိင္ အသိအမွတ္ျပဳ ခ်စ္တတ္တယ္

ကိုယ့္ကိုယ္ကို ခ်စ္တတ္ျခင္းက သင့္ကို ပိုဆြဲေဆာင္မႈ႐ွိတဲ့ သူတစ္ေယာက္ျဖစ္ေစတဲ့ အခ်က္ပါပဲ။ ကိုယ့္ကိုယ္ကို အေကာင္းဆံုး ျဖစ္ေအာင္ေနတယ္၊ ဂ႐ုစိုက္တယ္ ေနာက္ၿပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈ႐ွိတယ္။

လူေတြရဲ႕ အေျပာေတြကိုလုိက္ၿပီး ကိုယ့္ကိုယ္ကို မေက်မနပ္မျဖစ္တတ္သလို ကိုယ့္ရဲ႕ ပံုစံအမွန္ေလးအတိုင္းကိုပဲ လက္ခံေက်နပ္တတ္တယ္။ ဒီအခ်က္ေတြက သင္ထင္ထားတာထက္ကို သင့္ဆီမွာ ဆြဲေဆာင္မႈေတြပိုေနတယ္ဆုိတာကို ေဖာ္ျပေနပါတယ္ေနာ္။

Khin

Unicode

သင်ဟာ ထင်ထားတာထက် ပိုလှပြီး ဆွဲဆောင်မှုရှိနေတယ်ဆိုတာ ဖော်ပြနေတဲ့ အချက်များ

လူတိုင်းမှာ အလှကိုယ်စီရှိပြီး ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွကို ကိုယ်တိုင် အသိအမှတ်ပြု လက်ခံတတ်ဖို့ပဲ လိုပါတယ်။ တစ်ချို့လူတွေရဲ့ အပေါ်ယံတွေကိုပဲ အားကျမနေပဲ ကိုယ်တိုင်ရဲ့ အလှစစ်ကို ရှာဖွေကြည့်ပါနော်။ တကယ်တော့ သင်ထင်ထားတာထက် သင်ဟာ ပိုလှပြီး ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဆိုတာ ဒီအချက်တွေက ဖော်ပြလို့နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဆွဲဆောင်မှုရှိပြီး လှနေတာလေးကို သံသယမဖြစ်မိလိုက်ပါနဲ့။

(1) သူများတွေဆီက ချီးကျူးစကားလေးတွေ ကြားရတတ်တယ်

ဒါက ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးဆိုပေမယ့် သင့်ဟာ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဆိုတာကိုတော့ ဖော်ပြနေတဲ့ စကားလေးပါ။

ဥပမာ – တစ်စုံတစ်ယောက်က မင်းဒီနေ့ ကြည့်ကောင်းနေတယ်၊ အရမ်းလှလာတယ်နော် ဆိုတဲ့ စကားလေးတွေကိုသာ ကြားဖူးတယ်ဆိုရင်တော့ ဒါဟာ သင်တကယ် ကြည့်ကောင်းပြီး လှနေလို့ဆိုတာ မမေ့လိုက်ပါနဲ့နော်။

(2) လူတွေက သင့်ကို သတိထားမိတယ်

သင် အခန်းထဲ ဝင်လာတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ လမ်းသွားတဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ် စိတ်ဝင်တစား လိုက်ကြည့်တတ်တဲ့ မျက်လုံးတွေကို ရင်ဆိုင်ရတတ်ပါတယ်။

တကယ်တော့ သင်သာ ဆွဲဆောင်မှုရှိမနေဘူးဆိုရင် အဲဒီ့အကြည့်တွေက သင့်ဆီပါလာမှာ မဟုတ်ပါဘူး။ ဒါက သင်ထင်ထားတာထက် သင်ဟာ ပိုဆွဲဆောင်မှုရှိတယ်ဆိုတာကို ဖော်ပြနေတာပါ။

(3) သင့်အကြောင်းကို လူတွေစိတ်ဝင်စားတတ်တယ်

ကိုယ့်နောက်ကွယ်မှာ က်ိုယ့်ကိုယ် လိုက်စုံစမ်းနေတတ်တဲ့ သူတွေရှိသလို၊ ကိုယ့်အကြောင်းတွေကို ကိုယ်တောင်မသိပဲ စိတ်ဝင်စားနေတဲ့ သူတွေရှိနေတတ်ပါတယ်။

လူတွေက ကိုယ့်ကိုယ် ရိုးရိုးသားသား စိတ်ဝင်စားတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်အပေါ် မနာလိုစိတ်နဲ့ စိတ်ဝင်စားတာပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်က သူတို့အတွက် ထူးခြားနေလို့ပါနော်။ သင့်ရဲ့ နေထိုင်ပုံနဲ့ ဆွဲဆောင်မှုရှိမှုတွေကြောင့် သူတို့ သင့်ကို စိတ်ဝင်စားလာတတ်တာ ဖြစ်ပါတယ်။

(4) ကိုယ့်ရဲ့ ပုံစံလေးကို သင်ကိုယ်တိုင် အသိအမှတ်ပြု ချစ်တတ်တယ်

ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းက သင့်ကို ပိုဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ဖြစ်စေတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင်နေတယ်၊ ဂရုစိုက်တယ် နောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။

လူတွေရဲ့ အပြောတွေကိုလိုက်ပြီး ကိုယ့်ကိုယ်ကို မကျေမနပ်မဖြစ်တတ်သလို ကိုယ့်ရဲ့ ပုံစံအမှန်လေးအတိုင်းကိုပဲ လက်ခံကျေနပ်တတ်တယ်။ ဒီအချက်တွေက သင်ထင်ထားတာထက်ကို သင့်ဆီမှာ ဆွဲဆောင်မှုတွေပိုနေတယ်ဆိုတာကို ဖော်ပြနေပါတယ်နော်။

Khin