ခ်စ္သူနဲ႔လမ္းခြဲျပီး နာက်င္ခံစားေနရသူတိုင္း သိထားသင့္တဲ့ အေၾကာင္းအရာမ်ား…

ခ်စ္သူနဲ႔လမ္းခြဲျပီး နာက်င္ခံစားေနရသူတိုင္း သိထားသင့္တဲ့ အေၾကာင္းအရာမ်ား…

အေၾကာင္းမတုိက္ဆုိင္မႈေတြ ႐ွိလာၾကတဲ့အခါ ခ်စ္လ်က္နဲ႔ လမ္းခြဲလုိက္ရတာေတြလည္း ႐ွိတတ္ပါတယ္။ လမ္းခြဲလုိက္ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းေတြ ထဲမွာ စိတ္သေဘာထားခ်င္း မတုိက္ဆုိင္လုိ႔၊ ေ႐ွ႕ဆက္ဖုိ႔ လံုးဝမျဖစ္ႏုိ္င္ေတာ့လုိ႔၊ သစၥာမ႐ွိလုိ႔၊ နာက်င္ရလုိ႔ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳး ႐ွိလုိ႔ ေနပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ပဲ လမ္းခြဲခြဲ ၊ လမ္းခြဲၿပီးေနာက္မွာ ကိုယ့္ကိုယ္ကို လံုးဝ မျပစ္မတင္သင့္ပါဘူးေနာ္ …။

သင့္ရဲ႕ အမွားမဟုတ္ဘူး”

ခ်စ္တဲ့သူနဲ႔ လမ္းခြဲလုိက္ရတာဟာ သင့္ရဲ႕ အမွားေၾကာင့္ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္ေတြ မ်ားေနတာမ်ိဳး မခံစားသင့္ပါဘူး။ ဒါက သင့္ကို ပိုနာက်င္ရေစတဲ့ အတြက္ေၾကာင့္ပါ။ ၿပီးဆံုးသြားခဲ့တဲ့ ဇာတ္လမ္းတစ္ပုဒ္အတြက္ သင္ရ႐ွိလိုက္တာက ေနာင္တနဲ႔ အျပစ္တင္ျခင္းေတြ မျဖစ္သင့္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာမ်ိဳး မလုပ္ပဲ လက္လႊတ္တတ္ဖို႔ ကိုပဲ ႀကိဳးစားသင့္ပါတယ္ …။

ေနာက္ Relationship အတြက္ အခ်ိန္ယူပါ”

လူေတြက စိတ္ထိခုိက္ေနတဲ့အခ်ိန္၊ စိတ္လႈပ္႐ွားေနတဲ့ အခ်ိန္္ေတြမွာ ဆံုးျဖတ္ခ်က္္ေတြကို အလြယ္တကူ မခ်သင့္ပါဘူး။ အထူးသျဖင့္ အသည္းကြဲေနတဲ့အခ်ိန္မွာ ကိုယ္ခဏေလး စိတ္သက္သာရာရဖုိ႔ ေနာက္ထပ္ relationship ထားတာမ်ိဳးေပါ့။ ဒါမ်ိဳး မလုပ္သင့္ပါဘူး ဒါက သင့္ကို ပိုမွားယြင္းတဲ့ လမ္းေၾကာင္းကို ေရာက္သြားေစပါတယ္။ ဒါေၾကာင့္ ေလာေလာလတ္လတ္ အသည္းကြဲၿပီးတဲ့အခ်ိန္မွာ ေနာက္ relationship အတြက္ အခ်ိန္တစ္ခု မျဖစ္မေန ယူသင့္ပါတယ္ …။

Social media ကို ေလ်ာ့သံုးပါ”

အသည္းကြဲေနတဲ့ အခ်ိန္္မ်ိဳးမွာ social media က ကိုယ့္အတြက္ တကယ့္ကို စိတ္႐ႈပ္စရာေတြ ေပးႏုိင္တဲ့ အရာပါ။ သူအေကာင့္ကို သြားၾကည့္ခ်င္တာ၊ သူဘာေတြမ်ား တင္ထားလဲ သိခ်င္တာ၊ ကိုယ္အသည္းကြဲတဲ့ ပို႔စ္ေတြ တင္ခ်င္တာေတြ လုပ္ခ်င္တတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ့္ျပသနာကို တိတ္တိတ္ဆိတ္္ဆိတ္ ၿပီးသြားေစတာက သင့္အတြက္ အေကာင္းဆံုးပါပဲ။ သူက ကိုယ္က ၿပီးျပတ္သြားၿပီမို႔ သူ႔အေကာင့္ကို လည္း သြားၾကည့္ေနစရာ မလုိသလုိ၊ သင့္ကိုယ္သင္ ဒရာမာေတြ ခင္းျပေနလုိ႔လည္း ဘယ္သူကမွ သနားၾကမွာ မဟုတ္ပါဘူး။ ဒီလုိအခ်ိန္္မွာ social media ေပၚကအရာေတြကို မခံစားတာက အေကာင္းဆံုးပါ …။

သူ႕အေၾကာင္း လံုး၀ မေျပာပါနဲ႔”

ကိုယ့္ဆီက ထြက္သြားတဲ့ သူကို တမ္းတေနလုိ႔လည္း ဘာမွထူးလာမွာ မဟုတ္ေတာ့ပါဘူး။ ဒီေတာ့ သူ႔ကို ျမန္ျမန္ေမ့ပစ္ႏုိင္ဖုိ႔ သူ႔အေၾကာင္းေတြ ေျပာမေနပါနဲ႔ေတာ့။ ေ႐ွ႕ဆက္ၿပီး ကိုယ့္ကိုယ္ကုိ အေကာင္းဆံုး ႐ွင္သန္ရပ္တည္ႏုိင္ဖို႔သာ ႀကိဳးစားပါ။ သူျပန္လာဖို႔႔ကိုလည္း ေမွ်ာ္လင့္မေနပဲ သူ႔အေၾကာင္းေတြကို ထပ္ၿပီး ေျပာေနဖို႔အတြက္ သင့္အခ်ိန္ေတြ ႏွေျမာစရာ ေကာင္းပါတယ္ …။ ။

Khin

Credit – Aunty May

Unicode Version ဖြင့်ဖတ်ရန်

ချစ်သူနဲ့လမ်းခွဲပြီး နာကျင်ခံစားနေရသူတိုင်း သိထားသင့်တဲ့ အကြောင်းအရာများ…

အကြောင်းမတိုက်ဆိုင်မှုတွေ ရှိလာကြတဲ့အခါ ချစ်လျက်နဲ့ လမ်းခွဲလိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ လမ်းခွဲလိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ ထဲမှာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့၊ ရှေ့ဆက်ဖို့ လုံးဝမဖြစ်န်ိုင်တော့လို့၊ သစ္စာမရှိလို့၊ နာကျင်ရလို့ စသဖြင့် အကြောင်းအမျိုးမျိုး ရှိလို့ နေပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲ လမ်းခွဲခွဲ ၊ လမ်းခွဲပြီးနောက်မှာ ကိုယ့်ကိုယ်ကို လုံးဝ မပြစ်မတင်သင့်ပါဘူးနော် …။

သင့်ရဲ့ အမှားမဟုတ်ဘူး”

ချစ်တဲ့သူနဲ့ လမ်းခွဲလိုက်ရတာဟာ သင့်ရဲ့ အမှားကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ များနေတာမျိုး မခံစားသင့်ပါဘူး။ ဒါက သင့်ကို ပိုနာကျင်ရစေတဲ့ အတွက်ကြောင့်ပါ။ ပြီးဆုံးသွားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်အတွက် သင်ရရှိလိုက်တာက နောင်တနဲ့ အပြစ်တင်ခြင်းတွေ မဖြစ်သင့်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး မလုပ်ပဲ လက်လွှတ်တတ်ဖို့ ကိုပဲ ကြိုးစားသင့်ပါတယ် …။

နောက် Relationship အတွက် အချိန်ယူပါ”

လူတွေက စိတ်ထိခိုက်နေတဲ့အချိန်၊ စိတ်လှုပ်ရှားနေတဲ့ အချိန်တွေမှာ ဆုံးဖြတ်ချက်တွေကို အလွယ်တကူ မချသင့်ပါဘူး။ အထူးသဖြင့် အသည်းကွဲနေတဲ့အချိန်မှာ ကိုယ်ခဏလေး စိတ်သက်သာရာရဖို့ နောက်ထပ် relationship ထားတာမျိုးပေါ့။ ဒါမျိုး မလုပ်သင့်ပါဘူး ဒါက သင့်ကို ပိုမှားယွင်းတဲ့ လမ်းကြောင်းကို ရောက်သွားစေပါတယ်။ ဒါကြောင့် လောလောလတ်လတ် အသည်းကွဲပြီးတဲ့အချိန်မှာ နောက် relationship အတွက် အချိန်တစ်ခု မဖြစ်မနေ ယူသင့်ပါတယ် …။

Social media ကို လျော့သုံးပါ”

အသည်းကွဲနေတဲ့ အချိန်မျိုးမှာ social media က ကိုယ့်အတွက် တကယ့်ကို စိတ်ရှုပ်စရာတွေ ပေးနိုင်တဲ့ အရာပါ။ သူအကောင့်ကို သွားကြည့်ချင်တာ၊ သူဘာတွေများ တင်ထားလဲ သိချင်တာ၊ ကိုယ်အသည်းကွဲတဲ့ ပို့စ်တွေ တင်ချင်တာတွေ လုပ်ချင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ပြသနာကို တိတ်တိတ်ဆိတ်ဆိတ် ပြီးသွားစေတာက သင့်အတွက် အကောင်းဆုံးပါပဲ။ သူက ကိုယ်က ပြီးပြတ်သွားပြီမို့ သူ့အကောင့်ကို လည်း သွားကြည့်နေစရာ မလိုသလို၊ သင့်ကိုယ်သင် ဒရာမာတွေ ခင်းပြနေလို့လည်း ဘယ်သူကမှ သနားကြမှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ social media ပေါ်ကအရာတွေကို မခံစားတာက အကောင်းဆုံးပါ …။

သူ့အကြောင်း လုံး၀ မပြောပါနဲ့”

ကိုယ့်ဆီက ထွက်သွားတဲ့ သူကို တမ်းတနေလို့လည်း ဘာမှထူးလာမှာ မဟုတ်တော့ပါဘူး။ ဒီတော့ သူ့ကို မြန်မြန်မေ့ပစ်နိုင်ဖို့ သူ့အကြောင်းတွေ ပြောမနေပါနဲ့တော့။ ရှေ့ဆက်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံး ရှင်သန်ရပ်တည်နိုင်ဖို့သာ ကြိုးစားပါ။ သူပြန်လာဖို့ကိုလည်း မျှော်လင့်မနေပဲ သူ့အကြောင်းတွေကို ထပ်ပြီး ပြောနေဖို့အတွက် သင့်အချိန်တွေ နှမြောစရာ ကောင်းပါတယ် …။ ။

Khin

Credit – Aunty May