ဘဝကို အေပ်ာ္ရႊင္ဆံုးျဖစ္ေအာင္ တည္ေဆာက္ႏိုင္မယ့္ ဖူးစာဖက္ဆိုတာဒီလိုမ်ိဳးပါ…

ဘဝကို အေပ်ာ္ရႊင္ဆံုးျဖစ္ေအာင္ တည္ေဆာက္ႏိုင္မယ့္ ဖူးစာဖက္ဆိုတာဒီလိုမ်ိဳးပါ…

ဖူးစာဆိုတာ ကိုယ့္နဲ႔ သူ ဆံုဖို႔ဖန္လာတဲ့ ကံၾကမၼာေတြ ရွိတာကို ဆိုလိုတာပါ။ ဖူးစာဆိုတိုင္း လက္တြဲရတုိင္း ေပ်ာ္ရႊင္မႈေတြ ရွိၾကတာေတာ့ မဟုတ္ပါဘူးေနာ္ …။

ေပ်ာ္ရႊင္ရတဲ့ ဖူးစာဖက္ေတြကေတာ့ သက္သက္ရွိလို႔ ေနပါတယ္။ အျမဲ ေပ်ာ္ရႊင္ရတဲ့ သူေတြဆိုတာ မရွိၾကေပမယ့္လည္း အတူရွိေနတဲ့အခါမွာ ေပ်ာ္တဲ့အခ်ိန္ေတြ အမ်ားဆံုး ျဖစ္ေအာင္ ဖန္တီးတည္ေဆာက္ႏိုင္တဲ့ စံုတြဲေတြ မွာေတာ့ ဒီလို အခ်က္ေတြ ရွိေနပါတယ္ …။

(၁) နားလည္မႈ ရွိတယ္”

နားလည္မႈ မရွိတဲ့ ဆက္ဆံေရးက ျပႆနာေတြ မ်ားေနတတ္ ပါတယ္ ။ သူ ဘာပဲလုပ္လုပ္ ကိုယ္ ဘာပဲလုပ္လုပ္ နားလည္ေပးတတ္တဲ့ အသိ ရွိေနတာကလည္း ႏွစ္ေယာက္ၾကားက သံသယေတြ အျပစ္ျမင္မႈေတြကိုု ေလွ်ာ့ခ် ေပးႏိုင္ပါတယ္ ။ ဒါေၾကာင့္ အပူေတြကင္းၿပီး ေပ်ာ္စရာ အခ်ိနေတြ္ ပိုမ်ားသြားရတာ ျဖစ္ပါတယ္ …။

(၂) တန္ဖိုးထားတယ္”

တစ္ေယာက္ကို တစ္ေယာက္ တန္ဖိုးထားမႈက ဆက္ဆံေရးတိုင္းမွာ အေရးႀကီးပါတယ္။ သူရဲ႕ အလုပ္၊ ခံယူခ်က္နဲ႔ အျပဳအမူေတြကို တန္ဖိုးထားေပးၿပီး အၾကံေပးတာမ်ိဳးက ျပဳျပင္ေစတာမ်ိဳးက ခ်စ္သူေတြၾကားမွာ အႀကီးမားဆံုး အရာတစ္ခုပဲ ျဖစ္ပါတယ္ …။

ပံုသြင္းတာမ်ိဳးထက္ တန္ဖိုးထားၿပီး အျပန္အလွန္ ေဖးမတာကပဲ အခ်စ္ေတြကို ပိုခိုင္ျမဲေစၿပီး သူ႔ရဲ႕ တန္ဖိုး ကိုယ့္ရဲ႕ တန္ဖိုးကို အျပန္အလွန္ သိနားလည္ၿပီး ေပ်ာ္ရႊင္ၾကမွာ ျဖစ္ပါတယ္ေနာ္ …။

(၃) ကူညီၾကတယ္”

တစ္ေယာက္ကို တစ္ေယာက္ အျပန္္အလွန္ ကူညီႏိုင္တဲ့ အေျခအေန ရွိတာကလည္း ပိုၿပီး တန္ဖိုးထားမႈ ပိုလာေစ တတ္ပါတယ္ …။

သူလိုအပ္တာကို ကိုယ္က အၾကံေပးႏိုင္တာ၊ ကူညီေပးႏိုင္တာနဲ႔ ကုိယ္ လုိအပ္တာကိုလည္း သူ႔ဘက္ ျပန္လည္ ကူညီေပးတတ္ တာကလည္း တစ္ေယာက္ကို တစ္ေယာက္ အမွီသဟဲ ျပဳႏိုင္ၾကတာ ျဖစ္ပါတယ္။ ဒီလို အေျခအေန ရွိတာက ပိုၿပီး ေပ်ာ္ရႊင္ ေစတတ္တာမ်ိဳး ျဖစ္ပါတယ္ …။

(၄) အလိုက္ သိၾကတယ္”

တစ္ေယာက္နဲ႔ တစ္ေယာက္က ခ်စ္ၾကရံုတင္မက မိသားစုလို ရင္းႏွီးသြားတဲ့အခါမွာေတာ့ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ အျပန္အလွန္ သိၾကသလို ဘယ္လို အခ်က္ေတြကို မႀကိဳက္ဘူး ဆိုတာကိုလည္း သိလာၾကပါတယ္ …။

ဒါေၾကာင့္ သူ လိုအပ္တာေတြလည္း သိေနၿပီး လိုသလိုု ျဖည့္ေပးတတ္တဲ့ ေတြးေပးတတ္တဲ့စိတ္ေတြေၾကာင့္လည္း ပိုအဆင္ေျပၾကၿပီး ပို ေပ်ာ္ရႊင္ၾကရပါတယ္ …။

(၅) အတူ ေျဖရွင္းၾကတယ္”

ႏွစ္ေယာက္အတူလို႔ ခံစားရတဲ့အခါမွာ သူ႔ျပႆနာကလည္း ကိုယ္နဲ႔ ဆုိင္ေနၿပီး ကိုယ့္ ျပႆနာကလည္း သူနဲ႔ ဆိုင္ေန တတ္ပါတယ္ …။

ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့ အခါမွာလည္း အိမ္ေထာင္တစ္ခု အတူတက္ ညီလက္ညီ ေျဖရွင္း တာဝန္ယူတတ္ၾကလို႔ ေပ်ာ္ရႊင္တဲ့ မိသားစုကို ပိုင္ဆိုင္တတ္ၾကပါတယ္ …။

Kham

Credit

Unicode

ဘဝကို အပျော်ရွှင်ဆုံးဖြစ်အောင် တည်ဆောက်နိုင်မယ့် ဖူးစာဖက်ဆိုတာဒီလိုမျိုးပါ…

ဖူးစာဆိုတာ ကိုယ့်နဲ့ သူ ဆုံဖို့ဖန်လာတဲ့ ကံကြမ္မာတွေ ရှိတာကို ဆိုလိုတာပါ။ ဖူးစာဆိုတိုင်း လက်တွဲရတိုင်း ပျော်ရွှင်မှုတွေ ရှိကြတာတော့ မဟုတ်ပါဘူးနော် …။

ပျော်ရွှင်ရတဲ့ ဖူးစာဖက်တွေကတော့ သက်သက်ရှိလို့ နေပါတယ်။ အမြဲ ပျော်ရွှင်ရတဲ့ သူတွေဆိုတာ မရှိကြပေမယ့်လည်း အတူရှိနေတဲ့အခါမှာ ပျော်တဲ့အချိန်တွေ အများဆုံး ဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်တဲ့ စုံတွဲတွေ မှာတော့ ဒီလို အချက်တွေ ရှိနေပါတယ် …။

(၁) နားလည်မှု ရှိတယ်”

နားလည်မှု မရှိတဲ့ ဆက်ဆံရေးက ပြဿနာတွေ များနေတတ် ပါတယ် ။ သူ ဘာပဲလုပ်လုပ် ကိုယ် ဘာပဲလုပ်လုပ် နားလည်ပေးတတ်တဲ့ အသိ ရှိနေတာကလည်း နှစ်ယောက်ကြားက သံသယတွေ အပြစ်မြင်မှုတွေကို လျှော့ချ ပေးနိုင်ပါတယ် ။ ဒါကြောင့် အပူတွေကင်းပြီး ပျော်စရာ အချိနတေ်ွ ပိုများသွားရတာ ဖြစ်ပါတယ် …။

(၂) တန်ဖိုးထားတယ်”

တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားမှုက ဆက်ဆံရေးတိုင်းမှာ အရေးကြီးပါတယ်။ သူရဲ့ အလုပ်၊ ခံယူချက်နဲ့ အပြုအမူတွေကို တန်ဖိုးထားပေးပြီး အကြံပေးတာမျိုးက ပြုပြင်စေတာမျိုးက ချစ်သူတွေကြားမှာ အကြီးမားဆုံး အရာတစ်ခုပဲ ဖြစ်ပါတယ် …။

ပုံသွင်းတာမျိုးထက် တန်ဖိုးထားပြီး အပြန်အလှန် ဖေးမတာကပဲ အချစ်တွေကို ပိုခိုင်မြဲစေပြီး သူ့ရဲ့ တန်ဖိုး ကိုယ့်ရဲ့ တန်ဖိုးကို အပြန်အလှန် သိနားလည်ပြီး ပျော်ရွှင်ကြမှာ ဖြစ်ပါတယ်နော် …။

(၃) ကူညီကြတယ်”

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီနိုင်တဲ့ အခြေအနေ ရှိတာကလည်း ပိုပြီး တန်ဖိုးထားမှု ပိုလာစေ တတ်ပါတယ် …။

သူလိုအပ်တာကို ကိုယ်က အကြံပေးနိုင်တာ၊ ကူညီပေးနိုင်တာနဲ့ ကိုယ် လိုအပ်တာကိုလည်း သူ့ဘက် ပြန်လည် ကူညီပေးတတ် တာကလည်း တစ်ယောက်ကို တစ်ယောက် အမှီသဟဲ ပြုနိုင်ကြတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိတာက ပိုပြီး ပျော်ရွှင် စေတတ်တာမျိုး ဖြစ်ပါတယ် …။

(၄) အလိုက် သိကြတယ်”

တစ်ယောက်နဲ့ တစ်ယောက်က ချစ်ကြရုံတင်မက မိသားစုလို ရင်းနှီးသွားတဲ့အခါမှာတော့ သူ့အကြိုက် ကိုယ့်အကြိုက် အပြန်အလှန် သိကြသလို ဘယ်လို အချက်တွေကို မကြိုက်ဘူး ဆိုတာကိုလည်း သိလာကြပါတယ် …။

ဒါကြောင့် သူ လိုအပ်တာတွေလည်း သိနေပြီး လိုသလို ဖြည့်ပေးတတ်တဲ့ တွေးပေးတတ်တဲ့စိတ်တွေကြောင့်လည်း ပိုအဆင်ပြေကြပြီး ပို ပျော်ရွှင်ကြရပါတယ် …။

(၅) အတူ ဖြေရှင်းကြတယ်”

နှစ်ယောက်အတူလို့ ခံစားရတဲ့အခါမှာ သူ့ပြဿနာကလည်း ကိုယ်နဲ့ ဆိုင်နေပြီး ကိုယ့် ပြဿနာကလည်း သူနဲ့ ဆိုင်နေ တတ်ပါတယ် …။

ဒါကြောင့် အိမ်ထောင်ပြုတဲ့ အခါမှာလည်း အိမ်ထောင်တစ်ခု အတူတက် ညီလက်ညီ ဖြေရှင်း တာဝန်ယူတတ်ကြလို့ ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်တတ်ကြပါတယ် …။

Kham

Credit