ဆီပူ၊မီးပူေလာင္ျဖစ္ခဲ့လၽွင္ အမာရြတ္ေတြ မရွိရေအာင္ ခ်က္ျခင္းေျဖရွင္းလုိ႔ရမယ္႔ အလြယ္ကူဆံုးနည္းလမ္းေကာင္းမ်ား…

ဆီပူ၊မီးပူေလာင္ျဖစ္ခဲ့လၽွင္ အမာရြတ္ေတြ မရွိရေအာင္ ခ်က္ျခင္းေျဖရွင္းလုိ႔ရမယ္႔ အလြယ္ကူဆံုးနည္းလမ္းေကာင္းမ်ား…

ဆီပူေလာင္၊ေရေႏြးပူေလာင္ အတြက္ ေဆးနည္းမ်ား…

(၁) ၾကက္ဥ ျပဳတ္ပီး အကာကိုဖယ္ပါ ။ အႏွစ္ကို ဒယ္အိုး သန႔္သန႔္နဲ႔ မီး အပူ ေပးေလွာ္ပါ ။ အရည္ ေပ်ာ္ေအာင္ထိေပါ့ အရည္ေပ်ာ္လာရင္ ဆီလိုျဖစ္လာပါလိမ့္မယ္ …။

၎ကိုအနာမွာ လိမ္းေပးၾကပါ။ က်ေနာ္ လက္ေတြ႕သုံးခဲ့ဘူးတာ မီးေလာင္ဒဏ္ရာေတာင္ ေပ်ာက္တယ္။ အမာရြက္ လို႔ေတာင္မရွိဘူး နဂိုအသားတိုင္း ျပန္ျဖစ္ပါတယ္ …။

ကူညီနိုင္တာဆို လို႔ ဘာမွမရွိလို႔ ေဆးမီးတိုေလး ေရးပီးတင္ေပး ရတာပါ။ ျမန္ျမန္ ေနျပန္ေကာင္း ၾကပါေစ။ ေက်းဇူးတင္ပါတယ္ …။

(၂) ၾကက္သား၏ အဆီကိုေၾကာ္ထားေသာဆီကို အပူေလာင္ အနာမ်ားကိုလိမ္းေပး လ်င္လည္း သက္သာေပ်ာက္ကင္းၿပီး အနာအမာရြတ္ မက်န္ပါ။တကယ္ေကာင္းေသာ လက္ေတြ႕ေဆးနည္း ျဖစ္ပါတယ္ …။

(၃) ဆီပူေလာင္၊ အပူေလာင္ အမာရြတ္ေဟာင္းမ်ားအားကြမ္းသီးေျခာက္ကို ေသြးလူးေပးပါ ။ အမာရြတ္ေပ်ာက္ကင္းပါသည္ စိတ္ရွည္ရွည္နဲ႔ လူးပါ …။

ေနာက္တစ္ခုကေတာ့ ခံရခက္ေသာ အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္း (၅) ခု ျဖစ္ပါတယ္ …။

အပူေလာင္ျခင္းဟာ အျဖစ္မ်ားတဲ့ မေတာ္တဆမႈ တခုျဖစ္ၿပီး ႀကီးႀကီးမားမား အပူေလာင္တာမ်ိဳးမဟုတ္ဘူးဆိုရင္ အိမ္မွာ အလြယ္တကူရွိတဲ့

သဘာဝပစၥည္းေတြနဲ႔တင္ သက္သာေပ်ာက္ကင္းေအာင္ ကုသေပးနိုင္ပါတယ္ေနာ္ …။

ဒါေၾကာင့္မို႔ိလို႔ အပူေလာင္ ဒဏ္ရာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္း သဘာဝကုထုံး နည္းလမ္းေတြကို မၽွေဝေပးလိုက္ပါတယ္ …။

(၁) ဆီပူေလာင္တာမ်ိဳးပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ ပူေနတဲ့ အရာဝတၳဳတခုခုနဲ႔ ကပ္မိတဲ့အခါမ်ိဳးမွာပဲျဖစ္ျဖစ္၊ အပူေလာင္သြားတဲ့ အေရျပားေနရာေပၚကို ေရခဲေရနဲ႔ ေလာင္းေပးၿပီး

အိမ္မွာ အလြယ္တကူရွိတဲ့ သြားတိုက္ေဆး အနည္းငယ္ကို ပြတ္လိမ္း ေပးထားျခင္းအားျဖင့္

အပူေလာင္ျခင္းေၾကာင့္ အရည္ၾကည္ဖုထျခင္းကို သက္သာေပ်ာက္ကင္းေစ နိုင္ပါတယ္ …။

(၂) ပ်ားရည္ဟာ အေသးစား အပူေလာင္ဒဏ္ရာေတြအတြက္ အသင့္ေတာ္ဆုံး သဘာဝ ပစၥည္းတစ္မ်ိဳး ျဖစ္ပါတယ္ …။

အပူေလာင္ထားတဲ့ အေရျပားေပၚကို ပ်ားရည္အနည္းငယ္ သုတ္လိမ္းေပးျခင္းအားျဖင့္ အပူေလာင္ျခင္းေၾကာင့္ ခံစားရတဲ့ စပ္ဖ်င္းဖ်င္း ေဝဒနာေတြကို သက္သာေစတဲ့ အျပင္

ကူးစက္ပိုးေတြ ဝင္ေရာက္ျခင္းကေနလည္း ကာကြယ္ေပး ႏိုင္ပါတယ္ …။

(၃) အုန္းဆီမွာ ဗီတာမင္အီးနဲ႔ F a t t y A c i d တို႔ပါဝင္တာေၾကာင့္ အပူေလာင္ျခင္းကို သက္သာေစနိုင္ၿပီး သံပုရာရည္နဲ႔ အုန္းဆီတို႔ကို ေရာစပ္ၿပီး

အပူေလာင္ဒဏ္ရာေပၚ လိမ္းေပးျခင္းအားျဖင့္ အပူေလာင္ဒဏ္ရာေၾကာင့္ က်န္ခဲ့တဲ့ အမာရြတ္ေတြ ကို ေပ်ာက္ကင္းေစနိုင္ပါတယ္ …။

(၄) ႏြားနို႔မွာ ပရိုတင္းဓာတ္နဲ႔ အဆီဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အပူေလာင္သြားတဲ့ အေရျပားကို အနာက်က္ ျမန္ေစမွာပဲ ျဖစ္ပါတယ္ …။

အပူေလာင္ထားတဲ့ အေရျပားေပၚကို ႏြားနို႔နဲ႔ ေသခ်ာစြာေဆးေၾကာ သန႔္စင္ေပး႐ုံနဲ႔ အေရျပားကို ေအးျမေစၿပီး ေရဓာတ္ျပည့္ေနေစမွာ ျဖစ္ပါတယ္ …။

(၅) ရွာလကာရည္မွာ ပါဝင္တဲ့ဲ A s c e t i c A c i d ဟာ အပူေလာင္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္းနဲ႔ အရည္ၾကည္ဖု ထျခင္းတို႔ကို ေပ်ာက္ကင္းေစပါတယ္ …။

အပူေလာင္ထားတဲ့ အေရျပားကို ရွာလကာရည္ အနည္းငယ္ ေလာင္းခ်ေပးၿပီး ေရေအးေအးနဲ႔ ျပန္လည္ ေဆးေၾကာေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ေလးစားမႈျဖင့္ ျပန္လည္မၽွေဝပါသည္ (အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ)

Unicode Version ဖြင့် ဖတ်ရန်

ဆီပူ၊မီးပူလောင်ဖြစ်ခဲ့လျှင် အမာရွတ်တွေ မရှိရအောင် ချက်ခြင်းဖြေရှင်းလို့ရမယ့် အလွယ်ကူဆုံးနည်းလမ်းကောင်းများ…

ဆီပူလောင်၊ရေနွေးပူလောင် အတွက် ဆေးနည်းများ…

(၁) ကြက်ဥ ပြုတ်ပီး အကာကိုဖယ်ပါ ။ အနှစ်ကို ဒယ်အိုး သန့်သန့်နဲ့ မီး အပူ ပေးလှော်ပါ ။ အရည် ပျော်အောင်ထိပေါ့ အရည်ပျော်လာရင် ဆီလိုဖြစ်လာပါလိမ့်မယ် …။

၎င်းကိုအနာမှာ လိမ်းပေးကြပါ။ ကျနော် လက်တွေ့သုံးခဲ့ဘူးတာ မီးလောင်ဒဏ်ရာတောင် ပျောက်တယ်။ အမာရွက် လို့တောင်မရှိဘူး နဂိုအသားတိုင်း ပြန်ဖြစ်ပါတယ် …။

ကူညီနိုင်တာဆို လို့ ဘာမှမရှိလို့ ဆေးမီးတိုလေး ရေးပီးတင်ပေး ရတာပါ။ မြန်မြန် နေပြန်ကောင်း ကြပါစေ။ ကျေးဇူးတင်ပါတယ် …။

(၂) ကြက်သား၏ အဆီကိုကြော်ထားသောဆီကို အပူလောင် အနာများကိုလိမ်းပေး လျင်လည်း သက်သာပျောက်ကင်းပြီး အနာအမာရွတ် မကျန်ပါ။တကယ်ကောင်းသော လက်တွေ့ဆေးနည်း ဖြစ်ပါတယ် …။

(၃) ဆီပူလောင်၊ အပူလောင် အမာရွတ်ဟောင်းများအားကွမ်းသီးခြောက်ကို သွေးလူးပေးပါ ။ အမာရွတ်ပျောက်ကင်းပါသည် စိတ်ရှည်ရှည်နဲ့ လူးပါ …။

နောက်တစ်ခုကတော့ ခံရခက်သော အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်း (၅) ခု ဖြစ်ပါတယ် …။

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုးမဟုတ်ဘူးဆိုရင် အိမ်မှာ အလွယ်တကူရှိတဲ့

သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်နော် …။

ဒါကြောင့်မိို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်း သဘာဝကုထုံး နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ် …။

(၁) ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီး

အိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို ပွတ်လိမ်း ပေးထားခြင်းအားဖြင့်

အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေ နိုင်ပါတယ် …။

(၂) ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ် …။

အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့ အပြင်

ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေး နိုင်ပါတယ် …။

(၃) အုန်းဆီမှာ ဗီတာမင်အီးနဲ့ F a t t y A c i d တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး

အပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ ကို ပျောက်ကင်းစေနိုင်ပါတယ် …။

(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာပဲ ဖြစ်ပါတယ် …။

အပူလောင်ထားတဲ့ အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့ အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ် …။

(၅) ရှာလကာရည်မှာ ပါဝင်တဲဲ့ A s c e t i c A c i d ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေပါတယ် …။

အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

လေးစားမှုဖြင့် ပြန်လည်မျှဝေပါသည် (အိမ်တွင်းဆေးမြီးတိုများစုစည်းမှု)