ေယာက်ာ္းေလးေတြရဲ႕ အျမင္မွာ ဆြဲေဆာင္မႈျမင့္မားတဲ့ မိန္းကေလးအျဖစ္ ျမင္ေစဖို႔ ….

ေယာက်ာ္းေလးေတြရဲ႕ အျမင္မွာ ဆြဲေဆာင္မႈျမင့္မားတဲ့ မိန္းကေလးအျဖစ္ ျမင္ေစဖို႔ ….

မိန္းကေလးတစ္ေယာက္ဟာ လွေန႐ံုနဲ႔ေတာ့ ဆြဲေဆာင္မႈျမင့္မားတယ္လု႔ိ မဆုိႏုိင္ပါဘူး။ တစ္ခ်ိဳ႕မိန္းကေလးေတြက ႐ုပ္မေခ်ာေပမယ့္ ဆြဲေဆာင္မႈျမင့္မားတဲ့ သူေတြထဲမွာ ပါေနတတ္ၾကပါတယ္။

တကယ္ေတာ့ ေယာက်ာ္းေလးေတြရဲ႕ အျမင္မွာ ဒီလုိမိန္းကေလးေတြက အရမ္းကို ဆြဲေဆာင္မႈ ျမင့္မားေနတတ္ပါတယ္။

(1) ကိုယ့္ကိုယ္ကို္ယ္ တန္ဖိုးထားတတ္မႈ

ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားတတ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ေကာင္ေလးေတြရဲ႕ အျမင္မွာ အရမ္းကို ဆြဲေဆာင္မႈ႐ွိေနတတ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္တယ္၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ႐ွိတယ္ ေနာက္ၿပီး ႐ွိသင့္တဲ့ မာနေတြ႐ွိတယ္။ ဒီလုိ မိန္းကေလးေတြဟာ အမ်ားအျမင္မွာလည္း တကယ့္ကို တန္ဖိုးထားခ်င္စရာ ေကာင္းေနတတ္ပါတယ္။

(2) အေကာင္းျမင္စိတ္႐ွိတယ္

ေယာက်ာ္းေလးေတြက အေကာင္းျမင္စိတ္မ်ားတတ္တဲ့ မိန္းကေလးေတြကို သေဘာက်တတ္ၾကပါတယ္။ အရာရာကို အေကာင္းျမင္စိတ္နဲ႔ ၾကည့္တတ္ၿပီး ဘယ္အရာမဆုိ ျဖစ္ေအာင္လုပ္မယ္ဆုိတဲ့ စိတ္မ်ိဳး႐ွိတဲ့ မိန္းကေလးေတြက သာမာန္မိန္းကေလးေတြထက္ ထူးျခားေနတဲ့အတြက္ ဆြဲေဆာင္မႈပို႐ွိတယ္လုိ႔ ျမင္တတ္္ၾကတာပါ။

(3) စိတ္ခံစားမႈ ေဖာ္ျပတတ္တယ္

မိန္းကေလးေတြက ဟန္ေဆာင္ေကာင္းတဲ့ သူေတြဆုိေပမယ့္ ေယာက်ာ္းေလးေတြကေတာ့ စိတ္ခံစားမႈကို ေဖာ္ျပတတ္တဲ့ မိန္းကေလးေတြကို ပိုႏွစ္သက္တတ္ၾကၿပီး ပိုဆြဲေဆာင္မႈ႐ွိတယ္လုိ႔ ျမင္တတ္ၾကပါတယ္။

အထူးသျဖင့္ ပြင့္လင္းတဲ့ မိန္းကေလးမ်ိဳး၊ လူေတြေ႐ွ႕မွာလည္း ဟန္ေဆာင္မ်က္ႏွာဖံုးေတြ ခ်ိတ္မထားတတ္ပဲ ပြင့္ပြင့္လင္းလင္း ဆက္ဆံေျပာဆုိတတ္တဲ့ သူေတြကို ပိုဆြဲေဆာင္မႈ ႐ွိတဲ့သူအျဖစ္ သတ္မွတ္တတ္ၾကပါတယ္။

(4) နားေထာင္ေကာင္းတဲ့ သူ

ေယာက်ာ္းေလးေတြက သူတုို႔ရဲ႕ စကားေတြကို စိတ္႐ွည္လက္႐ွည္ နားေထာင္ေပးတတ္တဲ့၊ သူတို႔ရဲ႕ အေၾကာင္းေတြကို ေျပာျပလုိ႔ရမယ့္ သူမ်ိဳးကို သေဘာက်တတ္ၾကတာပါ။

ဒီေတာ့ နားေထာင္ေကာင္းတတ္တဲ့ မိန္းကေလးေတြက သူတို႔အတြက္ တကယ့္ကို ဆြဲေဆာင္မႈျမင့္မားသူေတြ ျဖစ္ေနတတ္ပါတယ္။

(5) ၾကင္နာမႈေတြ

တစ္ဖက္သားအေပၚကို ၾကင္နာတတ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ တကယ့္ကို အလွစစ္နဲ႔ လွပၾကသူေတြပါ။

ဒီလို ၾကင္နာျခင္းကို ေသခ်ာနားလည္တဲ့ မိန္းကေလးမ်ိဳးေတြက ေယာက်ာ္းေလးေတြရဲ႕ အျမင္မွာ အရမ္းကို ခ်စ္စရာေကာင္းၿပီး ဆြဲေဆာင္မႈ ႐ွိေနတတ္ပါတယ္။

(6) အၾကည့္

စိတ္တံခါးေပါက္ကို ဖြင့္ေပးတတ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈျပင္းတဲ့ အၾကည့္ေတြေအာက္မွာ ေတာ္႐ံုေယာက်ာ္းေလးေတြ ၿပိဳလဲက်လြယ္တတ္ၾကပါတယ္္။

ဒီလုိပဲ မ်က္လံုးအၾကည့္ေတြ လွတဲ့၊ အဓိပၸါယ္ျပည့္စံုတဲ့ အၾကည့္ေတြက မိန္းကေလးတစ္ေယာက္ကို ပိုညိဳ႕အားျပင္းေစပါတယ္။

Khin

Unicode

ယောက်ျားလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှုမြင့်မားတဲ့ မိန်းကလေးအဖြစ် မြင်စေဖို့ ….

မိန်းကလေးတစ်ယောက်ဟာ လှနေရုံနဲ့တော့ ဆွဲဆောင်မှုမြင့်မားတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ချို့မိန်းကလေးတွေက ရုပ်မချောပေမယ့် ဆွဲဆောင်မှုမြင့်မားတဲ့ သူတွေထဲမှာ ပါနေတတ်ကြပါတယ်။

တကယ်တော့ ယောက်ျားလေးတွေရဲ့ အမြင်မှာ ဒီလိုမိန်းကလေးတွေက အရမ်းကို ဆွဲဆောင်မှု မြင့်မားနေတတ်ပါတယ်။

(1) ကိုယ့်ကိုယ်က်ိုယ် တန်ဖိုးထားတတ်မှု

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကောင်လေးတွေရဲ့ အမြင်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် နောက်ပြီး ရှိသင့်တဲ့ မာနတွေရှိတယ်။ ဒီလို မိန်းကလေးတွေဟာ အများအမြင်မှာလည်း တကယ့်ကို တန်ဖိုးထားချင်စရာ ကောင်းနေတတ်ပါတယ်။

(2) အကောင်းမြင်စိတ်ရှိတယ်

ယောက်ျားလေးတွေက အကောင်းမြင်စိတ်များတတ်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်ပြီး ဘယ်အရာမဆို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိတဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေထက် ထူးခြားနေတဲ့အတွက် ဆွဲဆောင်မှုပိုရှိတယ်လို့ မြင်တတ်ကြတာပါ။

(3) စိတ်ခံစားမှု ဖော်ပြတတ်တယ်

မိန်းကလေးတွေက ဟန်ဆောင်ကောင်းတဲ့ သူတွေဆိုပေမယ့် ယောက်ျားလေးတွေကတော့ စိတ်ခံစားမှုကို ဖော်ပြတတ်တဲ့ မိန်းကလေးတွေကို ပိုနှစ်သက်တတ်ကြပြီး ပိုဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။

အထူးသဖြင့် ပွင့်လင်းတဲ့ မိန်းကလေးမျိုး၊ လူတွေရှေ့မှာလည်း ဟန်ဆောင်မျက်နှာဖုံးတွေ ချိတ်မထားတတ်ပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုတတ်တဲ့ သူတွေကို ပိုဆွဲဆောင်မှု ရှိတဲ့သူအဖြစ် သတ်မှတ်တတ်ကြပါတယ်။

(4) နားထောင်ကောင်းတဲ့ သူ

ယောက်ျားလေးတွေက သူတိုု့ရဲ့ စကားတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်တဲ့၊ သူတို့ရဲ့ အကြောင်းတွေကို ပြောပြလို့ရမယ့် သူမျိုးကို သဘောကျတတ်ကြတာပါ။

ဒီတော့ နားထောင်ကောင်းတတ်တဲ့ မိန်းကလေးတွေက သူတို့အတွက် တကယ့်ကို ဆွဲဆောင်မှုမြင့်မားသူတွေ ဖြစ်နေတတ်ပါတယ်။

(5) ကြင်နာမှုတွေ

တစ်ဖက်သားအပေါ်ကို ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်ကို အလှစစ်နဲ့ လှပကြသူတွေပါ။

ဒီလို ကြင်နာခြင်းကို သေချာနားလည်တဲ့ မိန်းကလေးမျိုးတွေက ယောက်ျားလေးတွေရဲ့ အမြင်မှာ အရမ်းကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

(6) အကြည့်

စိတ်တံခါးပေါက်ကို ဖွင့်ပေးတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုပြင်းတဲ့ အကြည့်တွေအောက်မှာ တော်ရုံယောက်ျားလေးတွေ ပြိုလဲကျလွယ်တတ်ကြပါတယ်။

ဒီလိုပဲ မျက်လုံးအကြည့်တွေ လှတဲ့၊ အဓိပ္ပါယ်ပြည့်စုံတဲ့ အကြည့်တွေက မိန်းကလေးတစ်ယောက်ကို ပိုညို့အားပြင်းစေပါတယ်။

Khin