“Hair Care/Treatment ”
ကြက်ဥ – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
သံပုရာသီး – ၁ လုံး
Vaseline – အနည်းငယ်
ပြုလုပ်ပုံကတော့….
အသုံးပြုပုံကတော့….
ကောင်းကျိုးတွေကတော့….
#Irene Pretty
Unicode Version ဖြင့်ဖတ်ရန်
ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့အတွက် အိမ်တွင်းနည်းလမ်း…
ချစ်တို့ရေ မင်္ဂလာပါရှင့်…
အရင်အပတ်တွေ​က Skin care နဲ့ ပတ်သက်တာတွေ Sharing လုပ်ပေးခဲ့တာမို့ ဒီတစ်ပတ်မှာတော့
တောင်းဆိုမှုအများဆုံးဖြစ်နေတဲ့ Hair care / Hair treatment လုပ်နည်းလေး ကို တင်ပေးလိုက်ပါတယ် …။
Irene ရဲ့ လုပ်ထုံးအတိုင်းပဲ။ သဘာဝပစ္စည်း / chemical မများတဲ့ product လေးတွေနဲ့ Irene ကိုယ်တိုင် လုပ်ကြည့်ပြီးဖြစ်တဲ့
ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေးမို့ စိတ်ချလက်ချ လိုက်လုပ်လို့ ရပါတယ် နော် …။
“Hair Care/Treatment ”
ပါဝင်ပစ္စည်းတွေကတော့….
ကြက်ဥ – ၁ လုံး
ကြက်သွန်နီ – ၁ လုံး
သံပုရာသီး – ၁ လုံး
သံလွင်ဆီ – ထမင်းစားဇွန်း ၁ – ၂ ဇွန်း
Vaseline – အနည်းငယ်
ပြုလုပ်ပုံကတော့….
ကြက်သွန်နီကို bender နဲ့ ကျိတ်ပြီး အရည်ကို strainer နဲ့စစ်ပြီး ယူပါမယ် …။(မှတ်ချက် – အရည်ဖြစ်ရပါမယ်)
ကြက်ဥ တစ်လုံး (အကာပဲယူပါမယ်) အဆီအနှစ် မယူပါဘူး …။
ကြက်သွန်နီနဲ့ ကြက်ဥအကာကို အရင်ဆုံး မွှေရပါမယ် …။
သံပုရာသီး တစ်လုံးအရည်ညစ်ပြီး ထည့်ရောပါမယ် …။
သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း – ၂ ဇွန်း အထိ ထည့်ပါမယ် …။
Vaseline အနည်းငယ် ထည့်ပါမယ် …။
ပါဝင်ပစ္စည်း အားလုံးထည့်ပြီးရင်တော့ နှံ့အောင်ရောမွှေပေးပါ …။
အသုံးပြုပုံကတော့….
ခေါင်းမလျှော်မီ ဦးရေမှ ဆံပင်အဖျားလေးတွေအထိ နှံအောင်လိမ်းပြီး ၁၅ – ၂၀ မိနစ်လောက်အထိ ပေါင်းပြီး ဆံပင်လေးတွေကို နှိပ်နယ်ပေးပါ …။
မိနစ် 15-20 ပြည့်ရင် မိမိ သုံးနေကျ shampoo နဲ့ ပဲ ခေါင်းလျှော်လိုက်လို့ရပါပြီ …။
ကောင်းကျိုးတွေကတော့….
ကြက်ဥ – Protein ဓာတ်အပြည့်အဝပါဝင်တဲ့ အတွက် ဆံပင်ကို အားရှိစေပြီး အရှည်မြန်စေပါတယ်။ ဆံသား ထူစေပါတယ် …။
ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းကိုလည်း အထောက်အပံ့ ပေးနိုင်ပါတယ် …။
ကြက်သွန်နီ – ဆံပင်ကျွတ်တဲ့သူများအတွက် အထူးသင့်တော်ပါတယ်။ အကျွတ်သက်သာပြီး ဆံပင်တွေ ပြန် ပေါက်စေပါတယ် …။
သံပုရာသီး – Citric Acid / Vitamin C ပါဝင်လို့ ဆံသားကို သဘာဝအတိုင်း နက်မှောင်တောက်ပြောင်စေခြင်း၊ ဆံပင်ကျွတ်ခြင်း အထောက်အကူပေးပြီး
အထူးသဖြင့် ဦးရေမှာ ဖောက်၊ ဒက် ရှိခြင်းများကို ပျောက်ကင်းသက်သာစေပါတယ် …။
သံလွင်ဆီ – ဆံသားကို moisturizing ဖြစ်စေပါတယ်။ ဦးရေခြောက်ခြင်း၊ ဦးရေယားယံခြင်း၊ ဗောက်၊ ဒက် နှင့် ဆံသားပျက်စီးခြင်းအတွက် အထူးသင့်တော်တဲ့ ဆီတစ်မျိုး ဖြစ်ပါတယ် …။
Vaseline – အဆီတစ်မျိုးဖြစ်ပြီး ဆံသားကို နက်ပြောင်စေပါတယ်။ ဆံသားကို ပိုမိုသန်မာစေပြီး ဆံပင်ရှည်နှုန်းမြန်စေတဲ့အပြင်
ကြည့်လိုက်ရုံနဲ့ သဘာဝအတိုင်း ကျန်းမာတဲ့ဆံသားပိုင်ရှင်လေးဖြစ်စေဖို့ ကူညီပေးပါတယ် …။
တစ်ပတ်တစ်ကြိမ် ၊ တစ်လတစ်ကြိမ် လိုအပ်သလို အသုံးပြုလို့ရပါတယ်နော် …။ ။
#Irene Pretty