အသည္းကြဲၿပီးမွ မိန္းကေလးေတြ ပိုလွလာတယ္ဆိုတာ သင္သိပါသလား

အသည္းကြဲၿပီးမွ မိန္းကေလးေတြ ပိုလွလာတယ္ဆိုတာ သင္သိပါသလား

အသည္းကြဲသြားတဲ့ မိန္းကေလးတစ္ေယာက္က ပိုၿပီးလွလာတတ္တယ္တဲ့ တကယ္ေတာ့ ပိုၿပီးလွလာတာမဟုတ္ဘူး…

အရင္ကတည္းလွၿပီးသားကို အခုမွ ႐ုပ္ထြက္လာတာပါ သူနဲ႔ လမ္းမခြဲခင္တုန္းက ဆံပင္အ႐ွည္ေလးထားပါဆိုတဲ့ စကားလုံးလွလွေလးေတြေၾကာင့္ ကိုယ္နဲ႔လိုက္ဖက္တဲ့ဆံပင္အတိုေလးေတြနဲ႔ မညႇပ္ျဖစ္ခဲ့ဘူး ဆံပင္႐ွည္ႀကီးနဲ႔ အသက္ကေလး ငယ္ငယ္နဲ႔ ႐ုပ္ရင့္သြားသလိုလို ျဖစ္ေနတာပါ … ။

သူနဲ႔ လမ္းမခြဲခင္တုန္းက ဟိုလိုမဝတ္ပါနဲ႔လား ဒီလိုမဝတ္ပါနဲ႔ ဆိုတဲ့ ကန္႔သတ္ခ်က္ေတြၾကားမွာ ကိုယ္နဲ႔လိုက္ဖက္မယ့္ အဝတ္အစားေလးေတြ ေ႐ြးၿပီး မဝယ္ျဖစ္ခဲ့ဘူး သူနဲ႔ စိတ္တိုင္းက်မယ္လို႔ထင္တဲ့အရာေတြပဲ ကြၽန္မ ဝတ္ခဲ့တာ

သူနဲ႔ လမ္းမခြဲခင္တုန္းက အလွေတြ အရမ္းမျပင္ပါနဲ႔လားဆိုတဲ့ စိုးရိမ္သံလို႔ ထင္ခဲ့တဲ့ ခ်ဳပ္ျခယ္မႈေတြေအာက္မွာ ကြၽန္မ အခ်ိန္ေပးၿပီး ကိုယ့္ကိုယ္ကိုယ္ မျပင္ဆင္ျဖစ္ခဲ့ဘူး …. ။

သူသေဘာက်သလို ႐ိႈးမမ်ားပဲ ေနခဲ့မိတာ အခု . . . ကြၽန္မနဲ႔ လိုက္မယ္လို႔ထင္တဲ့ ဆံပင္ပုံစံေလးထားတယ္ … ။

ဆံပင္အ႐ွည္ျဖစ္ရင္လဲ ျဖစ္မယ္ အတိုညႇပ္ခ်င္လဲ ညႇပ္တယ္ အေရာင္ဆိုးခ်င္လဲ ဆိုးတယ္ ေကာက္ခ်င္လဲ ေကာက္တယ္ ေျဖာင့္ခ်င္လဲ ေျဖာင့္တယ္ ကိုယ္နဲ႔လိုက္မယ့္ပုံစံေလးအတိုင္းထားတယ္ အျပင္သြားတဲ့အခါ ကိုယ္နဲ႔လိုက္ဖက္မယ့္ အဝတ္အစားေလးဝတ္တယ္

ျမန္မာဆန္မွ က်က္သေရ႐ွိတာ မဟုတ္ပါဘူး အျမင္မ႐ိုင္းပဲ ဆန္းေတာေတြ မွ တစ္ပုံႀကီးပါ ။ကိုယ့္အခ်ိန္ ကိုယ္ပိုင္လာတဲ့အခါ ကိုယ့္မ်က္ႏွာကို အလွဆုံးျခယ္ဖို႔ ကိုယ္အခ်ိန္ေလးသီးသန္႔ေပးတယ္ …. ။

အသည္းကြဲတဲ့မိန္းမတစ္ေယာက္က အနည္းငယ္ေတာ့ ဝမ္းနည္းေနတတ္တယ္ေလ အဲ့ဒီဝမ္းနည္းမႈေတြကိုဖုံးဖို႔ မိတ္ကပ္ေတြ သုံးတယ္ ၿပီးေတာ့ အလွဆုံးျပဳံးတယ္ … ။

လူေတြက ထင္ၾကတယ္ ေျပာၾကတယ္ မိန္းကေလးတစ္ေယာက္က အသည္းကြဲသြားၿပီးရင္ ပိုလွလာတတ္တယ္ တဲ့ တကယ္ေတာ့ အဲ့လိုမဟုတ္ဘူး နဂို႐ွိမွ နဂိုင္းထြက္တာမ်ိဳးပါ … ။

ဂ႐ုစိုက္သလိုလိုနဲ႔ ခ်ဳပ္ခ်ယ္တာေတြ သဝန္တိုသလိုလိုနဲ႔ မယုံၾကည္တာေတြ အားလုံးနဲ႔ လြတ္ေျမာက္ခြင့္ရသြားတဲ့ မိန္းကေလးတစ္ေယာက္ အတြက္ သူ႕ကိုယ္သူ ပိုင္တဲ့ရက္ေတြတိုင္းမွာ သူဟာအလွဆုံးျဖစ္ေအာင္ေနတတ္ပါတယ္ … ။

အခ်ဳပ္ကို အခ်စ္လို႔ ထင္ခဲ့လို႔ ခဏတာ ပိတ္ေနတာမ်ိဳး အသည္းကြဲၿပီးမွ ေလွာင္အိမ္ထဲက ငွက္ေလး လြတ္လပ္စြာပ်ံသန္းေနသလိုမ်ိဳးေပါ့ မိန္းကေလးေတြကအသည္းကြဲၿပီးမွ ပိုလွလာတာမ်ိဳးမဟုတ္ဘူး တစ္ဖက္ကို ဂ႐ုစိုက္လြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ ခဏတာ ဂ႐ုစိုက္ဖို႔ ေမ့ေနတာမ်ိဳးပါ … ။

Credit #Hsu Ya Ti

Unicode

အသည်းကွဲပြီးမှ မိန်းကလေးတွေ ပိုလှလာတယ်ဆိုတာ သင်သိပါသလား

အသည်းကွဲသွားတဲ့ မိန်းကလေးတစ်ယောက်က ပိုပြီးလှလာတတ်တယ်တဲ့ တကယ်တော့ ပိုပြီးလှလာတာမဟုတ်ဘူး…

အရင်ကတည်းလှပြီးသားကို အခုမှ ရုပ်ထွက်လာတာပါ သူနဲ့ လမ်းမခွဲခင်တုန်းက ဆံပင်အရှည်လေးထားပါဆိုတဲ့ စကားလုံးလှလှလေးတွေကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်အတိုလေးတွေနဲ့ မညှပ်ဖြစ်ခဲ့ဘူး ဆံပင်ရှည်ကြီးနဲ့ အသက်ကလေး ငယ်ငယ်နဲ့ ရုပ်ရင့်သွားသလိုလို ဖြစ်နေတာပါ … ။

သူနဲ့ လမ်းမခွဲခင်တုန်းက ဟိုလိုမဝတ်ပါနဲ့လား ဒီလိုမဝတ်ပါနဲ့ ဆိုတဲ့ ကန့်သတ်ချက်တွေကြားမှာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားလေးတွေ ရွေးပြီး မဝယ်ဖြစ်ခဲ့ဘူး သူနဲ့ စိတ်တိုင်းကျမယ်လို့ထင်တဲ့အရာတွေပဲ ကျွန်မ ဝတ်ခဲ့တာ

သူနဲ့ လမ်းမခွဲခင်တုန်းက အလှတွေ အရမ်းမပြင်ပါနဲ့လားဆိုတဲ့ စိုးရိမ်သံလို့ ထင်ခဲ့တဲ့ ချုပ်ခြယ်မှုတွေအောက်မှာ ကျွန်မ အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ဖြစ်ခဲ့ဘူး …. ။

သူသဘောကျသလို ရှိုးမများပဲ နေခဲ့မိတာ အခု . . . ကျွန်မနဲ့ လိုက်မယ်လို့ထင်တဲ့ ဆံပင်ပုံစံလေးထားတယ် … ။

ဆံပင်အရှည်ဖြစ်ရင်လဲ ဖြစ်မယ် အတိုညှပ်ချင်လဲ ညှပ်တယ် အရောင်ဆိုးချင်လဲ ဆိုးတယ် ကောက်ချင်လဲ ကောက်တယ် ဖြောင့်ချင်လဲ ဖြောင့်တယ် ကိုယ်နဲ့လိုက်မယ့်ပုံစံလေးအတိုင်းထားတယ် အပြင်သွားတဲ့အခါ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားလေးဝတ်တယ်

မြန်မာဆန်မှ ကျက်သရေရှိတာ မဟုတ်ပါဘူး အမြင်မရိုင်းပဲ ဆန်းတောတွေ မှ တစ်ပုံကြီးပါ ။ကိုယ့်အချိန် ကိုယ်ပိုင်လာတဲ့အခါ ကိုယ့်မျက်နှာကို အလှဆုံးခြယ်ဖို့ ကိုယ်အချိန်လေးသီးသန့်ပေးတယ် …. ။

အသည်းကွဲတဲ့မိန်းမတစ်ယောက်က အနည်းငယ်တော့ ဝမ်းနည်းနေတတ်တယ်လေ အဲ့ဒီဝမ်းနည်းမှုတွေကိုဖုံးဖို့ မိတ်ကပ်တွေ သုံးတယ် ပြီးတော့ အလှဆုံးပြုံးတယ် … ။

လူတွေက ထင်ကြတယ် ပြောကြတယ် မိန်းကလေးတစ်ယောက်က အသည်းကွဲသွားပြီးရင် ပိုလှလာတတ်တယ် တဲ့ တကယ်တော့ အဲ့လိုမဟုတ်ဘူး နဂိုရှိမှ နဂိုင်းထွက်တာမျိုးပါ … ။

ဂရုစိုက်သလိုလိုနဲ့ ချုပ်ချယ်တာတွေ သဝန်တိုသလိုလိုနဲ့ မယုံကြည်တာတွေ အားလုံးနဲ့ လွတ်မြောက်ခွင့်ရသွားတဲ့ မိန်းကလေးတစ်ယောက် အတွက် သူ့ကိုယ်သူ ပိုင်တဲ့ရက်တွေတိုင်းမှာ သူဟာအလှဆုံးဖြစ်အောင်နေတတ်ပါတယ် … ။

အချုပ်ကို အချစ်လို့ ထင်ခဲ့လို့ ခဏတာ ပိတ်နေတာမျိုး အသည်းကွဲပြီးမှ လှောင်အိမ်ထဲက ငှက်လေး လွတ်လပ်စွာပျံသန်းနေသလိုမျိုးပေါ့ မိန်းကလေးတွေကအသည်းကွဲပြီးမှ ပိုလှလာတာမျိုးမဟုတ်ဘူး တစ်ဖက်ကို ဂရုစိုက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ခဏတာ ဂရုစိုက်ဖို့ မေ့နေတာမျိုးပါ … ။

Credit #Hsu Ya Ti