ဘဝမွာ ႀကီးႀကီးမားမား အေျပာင္းအလဲ ျဖစ္ေစဖို႔ လုပ္ၾကည့္သင့္တဲ့ အေသးအဖြဲအရာ(၄)ခု

ဘဝမွာ ႀကီးႀကီးမားမား အေျပာင္းအလဲ ျဖစ္ေစဖို႔ လုပ္ၾကည့္သင့္တဲ့ အေသးအဖြဲအရာ(၄)ခု

ကိုယ့္ရဲ႕ ဘဝမွာ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ၊ လုိခ်င္တဲ့ ပန္းတုိင္ေတြကို အေကာင္အထည္ ေဖာ္ခ်င္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ ဒီအခ်က္ေလးေတြကေန စတင္ၾကည့္သင့္ပါတယ္။

ဒါေလးေတြက ေသးေသးမႊားမႊားဆုိေပမယ့္ ကိုယ့္ဘဝအတြက္ ႀကီးႀကီးမားမားကို ေျပာင္းလဲသြားေစမယ့္ အရာေတြပါ။ ဒီေတာ့ ကိုယ့္ဘဝကို ႀကီးႀကီးမားမားေျပာင္းလဲေစဖို႔ ဒီအခ်က္ေလးေတြကေန လုပ္ေဆာင္ၾကည့္ပါ။

(1) ကုိယ့္ရဲ႕ လုပ္ေဆာင္ႏုိင္စြမ္းကို အသိအမွတ္ျပဳပါ

လူေတြက အိပ္မက္ေတြ၊ ပန္းတုိင္ေတြေတာ့ ႐ွိၾကတာပဲ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားေသာသူေတြဟာ ဒီအိပ္မက္ေတြအတြက္ က်႐ံႈးမွာကို ေၾကာက္တတ္ၾကတယ္။ ဒီလုိနဲ႔ပဲ အိပ္မက္ေတြကို ရပ္တန္႔ပစ္လုိက္ၿပီး ေ႐ွ႕မဆက္ျဖစ္ၾကတာ မ်ားပါတယ္။

တကယ္ေတာ့ ဒါဟာ မွားယြင္းမႈတစ္ခုျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ စိတ္ဓာတ္ခြန္အားေပးဖို႔၊ ကိုယ္ရဲ႕ လုပ္ႏုိင္စြမ္းကို အသိအမွတ္ျပဳဖုိ႔ လုိအပ္ပါတယ္။ ဒီေတာ့ အရင္ဆံုး ကုိယ့္ရဲ႕ လုပ္ႏုိင္စြမ္းကို အသိအမွတ္ျပဳႏုိင္ေအာင္ ႀကိဳးစားၾကည့္သင့္ပါတယ္။

(2) ကိုယ့္ရဲ႕စိတ္ကို ယံုၾကည္ပါ

လုပ္ခ်င္တာေတြေတာ့ ႐ွိပါရဲ႕ ဒါေပမယ့္ မျဖစ္ႏုိင္ပါဘူး၊ ငါမလုပ္ႏုိင္ဘူး၊ ျဖစ္လာမွ မဟုတ္ဘူး စတဲ့ negative ဆန္တဲ့ စကားလံုးေတြနဲ႔ ကိုယ့္ရဲ႕အိပ္မက္ေတြကို ႐ုိက္ခ်ိဳးမပစ္လုိက္ပါနဲ႔။

ကိုယ့္ကုိယ္ကုိယ္ ဒီထက္ တုိးတက္ခ်င္ရင္ေတာ့ ကိုယ့္စိတ္ကို ယံုၾကည္ဖုိ႔၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ဖုိ႔ လုိအပ္ပါတယ္။ ဒါက အဓိက က်တဲ့အခ်က္ပါပဲ။ ကိုယ့္ကိုယ္္ကိုယ္ ယံုၾကည္တဲ့အခါ ဘာမဆုိ ျဖစ္ေအာင္လုပ္ေဆာင္ႏုိင္္လာမွာပါ။

(3) ျဖစ္ႏိုင္တဲ့ အိပ္မက္ေတြကို အာ႐ံုစိုက္ပါ

လူတစ္ေယာက္မွာ ျဖစ္ခ်င္တဲ့ အရာေတြက တစ္ခုမက ႐ွိႏုိင္ပါတယ္။ ဒီေတာ ့အရင္ဆံုး ကိုယ္ေျခလွမ္းစလွမ္းေတာ့မယ္ဆုိရင္ေတာ့ ျဖစ္ႏုိင္ေျခ႐ွိတာက အရင္ စသင့္ပါတယ္။ ဒီေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို စာအုပ္မွာ ခ်ေရးပါ။ ၿပီးရင္ ဘာကျဖစ္ႏုိင္တယ္၊ ဘာကိုအရင္လုပ္ရမယ္ဆုိတာကိုု အရင္ဆံုး စဥ္းစားသင့္ပါတယ္။

(4) ျဖစ္ခ်င္တာေတြကို အေလ့အက်င့္အျဖစ္ ေျပာင္းလဲပါ

ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို ပါးစပ္က တတြက္တြက္ ေျပာေန႐ံုနဲ႔ေတာ့ အလုပ္ျဖစ္မလာႏုိင္ပါဘူး။ ကိုယ္ျဖစ္ခ်င္တဲ့ အရာေတြအတြက္ လက္ေတြ႔လုပ္ေဆာင္ၾကည့္ရပါမယ္။ ဥပမာ- ကိုယ္က စာေရးဆရာ တစ္ေယာက္ျဖစ္ခ်င္တယ္ဆုိရင္ စာေရးၾကည့္ဖုိ႔ လုိအပ္ပါတယ္ ဒီလုိပဲ ဓာတ္ပံုဆရာတစ္ေယာက္ျဖစ္္လာဖုိ႔ ဓာတ္ပံုေတြေတာ့ စမ္း႐ုိက္ၾကည့္ရပါမလိမ့္မယ္။

ဒီလုိပဲ ကိုယ္ျဖစ္ခ်င္တာေတြကို တစ္ေန႔ကို အခ်ိန္နည္းနည္းစီေပး လုပ္ၾကည့္္ၿပီး တျဖည္းျဖည္း ကိုယ့္အေလ့့အက်င့္ျဖစ္ေအာင္ ေမြးျမဴသင့္ပါတယ္။ ဒါက တကယ့္ကို ထိေရာက္တဲဲ့နည္းျဖစ္လို႔ သင့္ဘဝကို ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲလာေစမွာပါ။

Khin

Unicode

ဘဝမှာ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်စေဖို့ လုပ်ကြည့်သင့်တဲ့ အသေးအဖွဲအရာ(၄)ခု

ကိုယ့်ရဲ့ ဘဝမှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ လိုချင်တဲ့ ပန်းတိုင်တွေကို အကောင်အထည် ဖော်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေကနေ စတင်ကြည့်သင့်ပါတယ်။

ဒါလေးတွေက သေးသေးမွှားမွှားဆိုပေမယ့် ကိုယ့်ဘဝအတွက် ကြီးကြီးမားမားကို ပြောင်းလဲသွားစေမယ့် အရာတွေပါ။ ဒီတော့ ကိုယ့်ဘဝကို ကြီးကြီးမားမားပြောင်းလဲစေဖို့ ဒီအချက်လေးတွေကနေ လုပ်ဆောင်ကြည့်ပါ။

(1) ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုပါ

လူတွေက အိပ်မက်တွေ၊ ပန်းတိုင်တွေတော့ ရှိကြတာပဲ ဒါပေမယ့် တော်တော်များများသောသူတွေဟာ ဒီအိပ်မက်တွေအတွက် ကျရှုံးမှာကို ကြောက်တတ်ကြတယ်။ ဒီလိုနဲ့ပဲ အိပ်မက်တွေကို ရပ်တန့်ပစ်လိုက်ပြီး ရှေ့မဆက်ဖြစ်ကြတာ များပါတယ်။

တကယ်တော့ ဒါဟာ မှားယွင်းမှုတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ခွန်အားပေးဖို့၊ ကိုယ်ရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒီတော့ အရင်ဆုံး ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို အသိအမှတ်ပြုနိုင်အောင် ကြိုးစားကြည့်သင့်ပါတယ်။

(2) ကိုယ့်ရဲ့စိတ်ကို ယုံကြည်ပါ

လုပ်ချင်တာတွေတော့ ရှိပါရဲ့ ဒါပေမယ့် မဖြစ်နိုင်ပါဘူး၊ ငါမလုပ်နိုင်ဘူး၊ ဖြစ်လာမှ မဟုတ်ဘူး စတဲ့ negative ဆန်တဲ့ စကားလုံးတွေနဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို ရိုက်ချိုးမပစ်လိုက်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် ဒီထက် တိုးတက်ချင်ရင်တော့ ကိုယ့်စိတ်ကို ယုံကြည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုအပ်ပါတယ်။ ဒါက အဓိက ကျတဲ့အချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အခါ ဘာမဆို ဖြစ်အောင်လုပ်ဆောင်နိုင်လာမှာပါ။

(3) ဖြစ်နိုင်တဲ့ အိပ်မက်တွေကို အာရုံစိုက်ပါ

လူတစ်ယောက်မှာ ဖြစ်ချင်တဲ့ အရာတွေက တစ်ခုမက ရှိနိုင်ပါတယ်။ ဒီတော့အရင်ဆုံး ကိုယ်ခြေလှမ်းစလှမ်းတော့မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတာက အရင် စသင့်ပါတယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို စာအုပ်မှာ ချရေးပါ။ ပြီးရင် ဘာကဖြစ်နိုင်တယ်၊ ဘာကိုအရင်လုပ်ရမယ်ဆိုတာကို အရင်ဆုံး စဉ်းစားသင့်ပါတယ်။

(4) ဖြစ်ချင်တာတွေကို အလေ့အကျင့်အဖြစ် ပြောင်းလဲပါ

ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ပါးစပ်က တတွက်တွက် ပြောနေရုံနဲ့တော့ အလုပ်ဖြစ်မလာနိုင်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် လက်တွေ့လုပ်ဆောင်ကြည့်ရပါမယ်။ ဥပမာ- ကိုယ်က စာရေးဆရာ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စာရေးကြည့်ဖို့ လိုအပ်ပါတယ် ဒီလိုပဲ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့ ဓာတ်ပုံတွေတော့ စမ်းရိုက်ကြည့်ရပါမလိမ့်မယ်။

ဒီလိုပဲ ကိုယ်ဖြစ်ချင်တာတွေကို တစ်နေ့ကို အချိန်နည်းနည်းစီပေး လုပ်ကြည့်ပြီး တဖြည်းဖြည်း ကိုယ့်အလေ့အကျင့်ဖြစ်အောင် မွေးမြူသင့်ပါတယ်။ ဒါက တကယ့်ကို ထိရောက်တဲ့နည်းဖြစ်လို့ သင့်ဘဝကို မြန်မြန်ဆန်ဆန် ပြောင်းလဲလာစေမှာပါ။

Khin