









(၃) ချစ်ပြနိုင်တယ်






penny

Unicode

သင့်ကောင်လေးက သင့်ကိုအရမ်းချစ်မိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက် (၅) ချက်

သင့်ကောင်လေးက သင့်ကို fell in love ဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ စိတ်ဝင်စားကြရဲ့လား။

ချစ်တယ်ဆိုတာနဲ့ သင့်ကိုပဲ အရမ်းချစ်ကျွမ်းဝင်သွားပြီဆိုတာ တော်တော်လေးကို ကွဲပြားလျက်ရှိနေပါတယ်။

ကဲ.. ဒါဆိုရင် သင့်ကို လုံးဝ ချစ်ကျွမ်းဝင်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အပြုအမူတွေဟာ ဘယ်လိုမျိုးလဲဆိုတာ ကြည့်လိုက်ရအောင်..

(၁) အရာရာသင့်ကိုပဲ ဦးစားပေးတယ်

ဘယ်လိုအရာ၊ ဘယ်သူတွေနဲ့ပဲယှဉ်ယှဉ် အရာရာသင့်ကိုပဲ အမြဲတမ်းဦးစားပေးလေ့ရှိပါတယ်။ နောက်ဆုံး သူ့ကိုယ်သူနဲ့ ယှဉ်ရင်တောင်မှပဲပေါ့။ ဒါပမေဲ့လည်း သင့်အနေနဲ့ သူ့ကို အနိုင်မကျင့်မိဖို့တော့ သတိပေးပါနော်။

(၂) သင်ကလွဲပြီးတခြားမရှိ

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် စိတ်ကစားတာ လက်ရှိချစ်သူအပေါ် ငြီးငွေ့တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။

သိစိတ်ကြောင့်သာလျှင် ဖောက်ပြန်ခြင်းမထမမြောက်စေတာပါ။ သင့်ကိုတကယ်ကို နှစ်နှစ်ကာကာချစ်မိသွားတဲ့လူတစ်ယောက်ကတော့ သူ့ရဲ့ စိတ်ထဲမှာရော နှလုံးသားထဲမှာပါ တခြားသူမရှိဘဲ သင့်မှသင်ပဲဖြစ်နေတာပါ။

(၃) ချစ်ပြနိုင်တယ်

ပါးစပ်ကပဲ သင့်ကို ချစ်တယ်လို့ပြောနေတာမျိုးမဟုတ်ဘဲ လုပ်ရပ်တွေ၊ အပြုအမူတွေနဲ့ သက်သေပြနေတာမျိုးပါ။ တကယ်ချစ်တဲ့ သူဆိုတာ ချစ်ကိုချစ်ပြတတ်ကြပါတယ်။

(၄) သင့်ကိုပျော်ရွှင်စေတယ်

ချစ်ရတဲ့လူဖြစ်တာကြောင့် သူဟာ သင်ပျော်ရွှင်ဖို့အတွက် ဘာမဆိုဆို လုပ်ပေးမှာပါ။ မျက်နှာတစ်ချက်အညှိုးမခံဘဲ သူတတ်နိုင်တာထက်ပိုပြီး သင့်ကိုပျော်အောင် ထားကိုထားမှာပါ။

(၅) သူ့အနာဂတ်ဟာသင့်အတွက်ပဲ

သင်နဲ့ပတ်သက်ပြီး အနာဂတ်အစီအစဉ်တွေ သူ့ဆီမှာ အပြည့်ရှိနေပါတယ်။ အရင်က ဘယ်လိုပဲ ပေပေကမ်းကမ်းနေခဲ့နေခဲ့ သူ့အနေနဲ့ သင့်ကို ချစ်မိပြီးတဲ့နောက်ပိုင်းမှာတော့ သင်နဲ့ အနာဂတ်အကြောင်းအရာတွေကို အစီအစဉ်ချပြီး ကြိုးစားလာမှာပဲဖြစ်ပါတယ်။

penny