Credit – မူရင်း
Unicode ဖြင့်ဖတ်ရန်
(၂)မိနစ်အတွင်း မျက်နှာကို မည်းညစ်ခြင်းကင်းပြီး ကြည်လင်ဝင်းပစေတဲ့ နည်းလမ်း…
တစ်ခါတစ်လေမှာ အဆင်သင့် လိမ်းနိုင်တဲ့ အလှကုန်တွေထက် အိမ်တွင်းဖြစ် ဓာတုပစ္စည်းမပါတဲ့ မီးဖိုချောင်ပစ္စည်းတွေက ပိုပြီး အစွမ်းထက်တာပဲ ဖြစ်ပါတယ် …။
အကယ်၍ သင့်ရဲ့အသားအရေက ဝင်းပဖြူစင်မှု မရှိဘဲ ဆဲလ်သေတွေကြောင့် မဲညစ်နေမယ်ဆိုလျှင် ဆားသံပုယိုသီးခြမ်းက အပြည့်အဝ ကူညီပေးပါလိမ့်မယ်နော် …..။
သံပုယိုသီးကို မထူမပါးလှီးပြီး ဆားအနည်းငယ်ကပ်ကာ မျက်နှာပြင် အနှံ့ ညှင်သာစွာ ပွတ်ပေးပါ။ (၂)မိနစ်ခန့် ပြုလုပ်ပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သဘက်ဖြင့် ညှင်သာစွာ ပုတ်သုတ်ပါ …။
ခြောက်သွေ့အောင်သုတ်ပြီးလျှင် အသားအရေကို ပိုပြီး စိုပြေဝင်းပစေဖို့အတွက် မျက်နှာကို ပေါင်းတင်ပေးပါ …။
ပေါင်းတင်ရမယ့် နည်းလမ်းကတော့ ပျားရည် နှင့် သံပုယိုရည်ကို ရောပါ။ ရေကို လိုအပ်သလောက် ရောထည့် နိုင်ပါတယ် …။
ထို့နောက် မျက်နာအနှံ့လိမ်းပြီး ၁၅ မိနစ်ခန့်ကြာလျှင် ရေနှင့် ဆေးကြောလိုက်ပါ …။
ပြီးသွားလျှင် သန့်စင်အောင်သုတ်ပြီး အသားအရေ စိုပြေစေမယ့် ခရင်မ် ၊ moisturizer တစ်မျိုးမျိုး လိမ်းထားလိုက်ပါ …။(သံပုယိုသီးက အသားအရေကို ခြောက်သွေ့စေနိုင်လို့ပါပဲ)
အားလုံးပြီးသွားလျှင်တော့ သင့်မျက်နှာလေး သိသိသာသာ ဝင်းပဖြူစင်သွားပါလိ့မ်မယ်နော် …။ ။
Credit – မူရင်း