

ခွဲမသွားသေးလည်း

တွယ်ဖက်ထားလည်း

ကိုယ်ကထွက်သွားမလား

သေချာတာတစ်ခုကတော့





Crd #Bhone

Unicode

ထားခဲ့ခြင်း(သို့)ကျန်ခဲ့ခြင်းတွေမှာ သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ

ခွဲမသွားသေးလည်း
နောက်ဆုံးကျရင် ခွဲခွါသွားကြရမယ် .. ။

တွယ်ဖက်ထားလည်း
နောက်ဆုံးကြ စွန့်ပစ်သွားရမယ် … ။

ကိုယ်ကထွက်သွားမလား
ကိုယ်ကပဲ ထားခဲ့မလားဆိုတာ မသိဘူး … ။

သေချာတာတစ်ခုကတော့
ကိုယ်က ပိုချစ်ရင် ကိုယ်ကပိုခံစားရမယ် … ။

ကိုယ်က ပိုသံယောဇဉ်ကြီးရင်
ကိုယ်ကပဲ ပိုပြီးနာကျင်မှုကို ပိုခံစားရမယ် … ။

သေကွဲပဲဖြစ်ဖြစ် ရှင်ကွဲပဲဖြစ်ဖြစ်
ပိုပြီး တွယ်ကပ်သူက ပိုပြီးပူလောင်ရမယ် …. ။

သူက မထားခဲ့ရင် ကိုယ်က ထားခဲ့ရမယ်
အရေးကြီးတာကထားခဲ့ခြင်း ကျန်ခဲ့ခြင်းတွေမှာ

သူသူ ကိုယ်ကိုယ် သံယောဇဉ်တွေ နည်းလေ ကောင်းလေပဲ … ။

Crd #Bhone