ကိုယ့္ကိုယ္ကို ေလးစားမႈ ေပ်ာက္ေနတဲ့ မိန္းကေလးေတြမွာ ေတြ႔ရတဲ့ အခ်က္မ်ား

ကိုယ့္ကိုယ္ကို ေလးစားမႈ ေပ်ာက္ေနတဲ့ မိန္းကေလးေတြမွာ ေတြ႔ရတဲ့ အခ်က္မ်ား

လူတိုင္းက တျခားသူေတြ ကိုယ့္ကို ဘယ္လိုပဲျမင္ျမင္ ကိုယ့္ကိုယ္ကို တန္ဖိုးထား ေလးစားဖို႔ လိုပါတယ္။ ဒါမွသာ ကိုယ့္ဘဝက ပိုၿပီး ေနေပ်ာ္စရာ ျဖစ္လာမွာပါ။

ကိုယ့္ကိုယ္ကို ေလးစားမႈ တန္ဖိုးထားမႈ မရွိတဲ့အခါ စိတ္က်န္းမာေရးကို ထိခိုက္လာၿပီး စိုးရိမ္ပူပန္မႈေတြနဲ႔ စိတ္က်ေရာဂါေတြကိုေတာင္ ျဖစ္လာေစပါတယ္။ ကိုယ့္ကိုယ့္ကို ေလးစားတန္ဖိုးထားမႈ ေပ်ာက္ေနတဲ့ မိန္းကေလးေတြမွာ ဒီလကၡဏာရပ္ေတြ ေတြ႔ေနရတတ္ပါတယ္။

၁။ ကုိယ့္ကိုယ္ကို ယံုၾကည္မႈ မရွိေနဘူး

ကိုယ့္မွာ ရွိေနတဲ့ ေကာင္းတဲ့အခ်က္ေတြအတြက္ ကိုယ္တိုင္လည္း လက္ခံဖို႔ လိုပါတယ္။ တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ လွေနရင္ေတာင္မွ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိမေနပါဘူး။

အသားအေရေလးက လွလိုက္တာဆိုရင္ ပင္ကိုက မလွပါဘူးလို႔ ျပန္ေျဖတာမ်ိဳးေပါ့။ ကိုယ့္ရဲ႕ ေကာင္းတဲ့အခ်က္ေတြကို တျခားသူေတြ လာေျပာရင္ အသာတၾကည္လက္မခံႏိုင္ဘဲ ျပန္ျငင္းခ်က္ထုတ္မိေနတာမ်ိဳးက ကိုယ့္ကိုယ္ကို အေလးမထားလို႔ ျဖစ္ပါတယ္။

၂။ တျခားသူေတြကို အာရံုစိုက္မိေနတယ္

လူတိုင္းက ကိုယ့္ဘဝနဲ႔ ကိုယ္ပါ။ သူ႔အေၾကာင္း ကိုယ့္အေၾကာင္း ေျပာမိတဲ့အခါေတြလည္း ရွိတတ္တာ လူ႔သဘာဝပါ။ ဒီအတြက္ ပူပင္ေနစရာ မလိုပါဘူး။

သင္က တျခားသူေတြက သင့္ကို ျပစ္တင္ေဝဖန္ေနၿပီ၊ သင့္ရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္ေနၿပီလားဆိုတာေတြကို အျမဲ ခံစားေနရၿပီး အာရံုစိုက္ေနမိရင္ေတာ့ ကိုယ့္ကိုယ္ကို ေလးစားမႈ ေပ်ာက္ဆံုးေနပါၿပီ။

၃။ ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ မရွိဘူး

သင္က အျမဲတမ္း သူမ်ားရဲ႕ အၾကံဉာဏ္ေတြကိုပဲ ယူမိတယ္။ ကိုယ့္ကို အၾကံဉာဏ္ေတာင္းရင္လည္း တျခားတေယာက္ကို ထပ္ေမးမိတာမ်ိဳးေတြ လုပ္တတ္တာမ်ိဳးက ကိုယ့္ရဲ႕ အေတြးေတြကို ကိုယ္တိုင္ တန္ဖိုးမထားတာပါပဲ။

၄။ ကိုယ့္ကိုယ္ကို ေဝဖန္လြန္းတယ္

သင္က ကိုယ့္ကိုယ္ကို မေလးစားဘူးဆိုရင္ ကိုယ့္ကိုယ္ကိုေတာင္ ေပ်ာ္ရႊင္ေစဖို႔ထက္ ေဝဖန္မႈေတြ ပိုေနတတ္ပါတယ္။ ကိုယ္ ေပ်ာ္ရႊင္ရမယ့္အရာေတြ မလုပ္ျဖစ္ဘဲ ကိုယ့္ကိုယ္ကို အကဲျဖတ္ေနမိတာမ်ိဳး ရွိေနတတ္ပါတယ္။

သင္ လုပ္ခ်င္ေနတဲ့အရာ ရိုးရိုးေလးကိုေတာင္ အေတြးေပါင္းမ်ားစြာ၊ အေၾကာင္းျပခ်က္မ်ားစြာနဲ႔ အကဲျဖတ္ေဝဖန္ရင္း မလုပ္ျဖစ္လိုက္တာမ်ိဳးေတြ ရွိေနတာက ကိုယ့္ေပ်ာ္ရႊင္မႈေတြကို မဖန္တီးႏိုင္ ျဖစ္သြားေစပါတယ္။

၅။ တျခားသူေတြနဲ႔ ႏိႈင္းယွဥ္မိတယ္

လူတိုင္းက ကိုယ့္ကို တျခားသူနဲ႔ ႏိႈင္းယွဥ္ၿပီး ေျပာတာမ်ိဳးကို မႏွစ္သက္တတ္ၾကပါဘူး .. ။

ကိုယ့္ကိုယ္ကို ေလးစားမႈ ေပ်ာက္ေနတဲ့ အခါမွာေတာ့ ဟိုလူကေတာ့ ငါ့ထက္ သာလိုက္တာ၊ သူက ငါ့လို ဝတ္ရင္ေတာင္ ပိုလွတယ္၊ ငါက ဘာလို႔ သူ႔ေလာက္ ၾကည့္မေကာင္းတာလဲ စတဲ့ ကိုယ့္ကိုယ္ကို တျခားသူေတြနဲ႔ ႏိႈင္းယွဥ္ေနတဲ့ အေတြးေတြနဲ႔ ျပည့္ႏွက္ေနတတ္ပါတယ္။

Kham

Unicode

ကိုယ့်ကိုယ်ကို လေးစားမှု ပျောက်နေတဲ့ မိန်းကလေးတွေမှာ တွေ့ရတဲ့ အချက်များ

လူတိုင်းက တခြားသူတွေ ကိုယ့်ကို ဘယ်လိုပဲမြင်မြင် ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ဘဝက ပိုပြီး နေပျော်စရာ ဖြစ်လာမှာပါ။

ကိုယ့်ကိုယ်ကို လေးစားမှု တန်ဖိုးထားမှု မရှိတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်လာပြီး စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ကျရောဂါတွေကိုတောင် ဖြစ်လာစေပါတယ်။ ကိုယ့်ကိုယ့်ကို လေးစားတန်ဖိုးထားမှု ပျောက်နေတဲ့ မိန်းကလေးတွေမှာ ဒီလက္ခဏာရပ်တွေ တွေ့နေရတတ်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိနေဘူး

ကိုယ့်မှာ ရှိနေတဲ့ ကောင်းတဲ့အချက်တွေအတွက် ကိုယ်တိုင်လည်း လက်ခံဖို့ လိုပါတယ်။ တစ်ချို့မိန်းကလေးတွေကတော့ လှနေရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမနေပါဘူး။

အသားအရေလေးက လှလိုက်တာဆိုရင် ပင်ကိုက မလှပါဘူးလို့ ပြန်ဖြေတာမျိုးပေါ့။ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို တခြားသူတွေ လာပြောရင် အသာတကြည်လက်မခံနိုင်ဘဲ ပြန်ငြင်းချက်ထုတ်မိနေတာမျိုးက ကိုယ့်ကိုယ်ကို အလေးမထားလို့ ဖြစ်ပါတယ်။

၂။ တခြားသူတွေကို အာရုံစိုက်မိနေတယ်

လူတိုင်းက ကိုယ့်ဘဝနဲ့ ကိုယ်ပါ။ သူ့အကြောင်း ကိုယ့်အကြောင်း ပြောမိတဲ့အခါတွေလည်း ရှိတတ်တာ လူ့သဘာဝပါ။ ဒီအတွက် ပူပင်နေစရာ မလိုပါဘူး။

သင်က တခြားသူတွေက သင့်ကို ပြစ်တင်ဝေဖန်နေပြီ၊ သင့်ရဲ့ အားနည်းချက်ကို လှောင်ပြောင်နေပြီလားဆိုတာတွေကို အမြဲ ခံစားနေရပြီး အာရုံစိုက်နေမိရင်တော့ ကိုယ့်ကိုယ်ကို လေးစားမှု ပျောက်ဆုံးနေပါပြီ။

၃။ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိဘူး

သင်က အမြဲတမ်း သူများရဲ့ အကြံဉာဏ်တွေကိုပဲ ယူမိတယ်။ ကိုယ့်ကို အကြံဉာဏ်တောင်းရင်လည်း တခြားတယောက်ကို ထပ်မေးမိတာမျိုးတွေ လုပ်တတ်တာမျိုးက ကိုယ့်ရဲ့ အတွေးတွေကို ကိုယ်တိုင် တန်ဖိုးမထားတာပါပဲ။

၄။ ကိုယ့်ကိုယ်ကို ဝေဖန်လွန်းတယ်

သင်က ကိုယ့်ကိုယ်ကို မလေးစားဘူးဆိုရင် ကိုယ့်ကိုယ်ကိုတောင် ပျော်ရွှင်စေဖို့ထက် ဝေဖန်မှုတွေ ပိုနေတတ်ပါတယ်။ ကိုယ် ပျော်ရွှင်ရမယ့်အရာတွေ မလုပ်ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကဲဖြတ်နေမိတာမျိုး ရှိနေတတ်ပါတယ်။

သင် လုပ်ချင်နေတဲ့အရာ ရိုးရိုးလေးကိုတောင် အတွေးပေါင်းများစွာ၊ အကြောင်းပြချက်များစွာနဲ့ အကဲဖြတ်ဝေဖန်ရင်း မလုပ်ဖြစ်လိုက်တာမျိုးတွေ ရှိနေတာက ကိုယ့်ပျော်ရွှင်မှုတွေကို မဖန်တီးနိုင် ဖြစ်သွားစေပါတယ်။

၅။ တခြားသူတွေနဲ့ နှိုင်းယှဉ်မိတယ်

လူတိုင်းက ကိုယ့်ကို တခြားသူနဲ့ နှိုင်းယှဉ်ပြီး ပြောတာမျိုးကို မနှစ်သက်တတ်ကြပါဘူး .. ။

ကိုယ့်ကိုယ်ကို လေးစားမှု ပျောက်နေတဲ့ အခါမှာတော့ ဟိုလူကတော့ ငါ့ထက် သာလိုက်တာ၊ သူက ငါ့လို ဝတ်ရင်တောင် ပိုလှတယ်၊ ငါက ဘာလို့ သူ့လောက် ကြည့်မကောင်းတာလဲ စတဲ့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်နေတဲ့ အတွေးတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

Kham