တစ္ဖက္လူအတြက္ ၾကားရတာအဆင္မေျပျဖစ္ေစတဲ့ အဆိပ္အေတာက္ဆန္ဆန္စကားမ်ား…

တစ္ဖက္လူအတြက္ ၾကားရတာအဆင္မေျပျဖစ္ေစတဲ့ အဆိပ္အေတာက္ဆန္ဆန္စကားမ်ား…

တစ္ခ်ိဳ႕လူေတြက တစ္ျခားသူရဲ႕ ခံစားခ်က္ေတြကို မခံစားမိပဲ စကားလံုးတစ္ခ်ိဳ႕ကို ျဖစ္သလို သံုးလုိက္တတ္ၾကပါတယ္။ ေျပာတဲ့ သူကေတာ့ ဘာရယ္မဟုတ္ ေျပာလုိက္ေပမယ့္ ကာယကံ႐ွင္အတြက္ေတာ့ ၾကားရတာ အဆင္ေျပမေနပါဘူးေနာ္။ ဒီေတာ့ ဒီလိုစကားမ်ိဳးေတြ ေျပာေတာ့မယ္ဆုိရင္ ေသခ်ာခ်င့္ခ်ိန္ စဥ္းစားၿပီးမွာသာ ေျပာသင့္ပါတယ္ေနာ္ …။

မင္းေတာ့ ဒုကၡေရာက္ၿပီ…

ျပသနာျဖစ္ေနတဲ့ သူတစ္ေယာက္ကို မင္းေတာ့ ဒုကၡေရာက္ၿပီဆုိတဲ့ စကားက အဆင္ေျပႏိုင္မယ္လုိ႔ ထင္လား။ ကိုယ္ကိုယ္တုိင္ သူ႔ေနရာမွာ ဆုိရင္ေရာ ကိုယ့္္မိတ္ေဆြ၊ သူငယ္ခ်င္းဆီက ဒီလုိစကားလံုးမ်ိဳးကို ေမွ်ာ္လင့္မိမွာလားဆုိတာကို စဥ္းစားၾကည့္သင့္ပါတယ္ေနာ္။ ျပသနာတစ္ခုခု ႀကံဳေနရၿပီဆုိတာကို အသိမေပးလည္း ျပသနာျဖစ္ေနတဲ့ သူကေတာ့ ေကာင္းေကာင္း နားလည္ပါတယ္။ ဒါေပမယ့္ ဒီလုိ ေမွ်ာ္လင့္ခ်က္ကို ႐ုိက္ခ်ိဳးတဲ့၊ ျပသနာရင္ဆုိင္ဖုိ႔ အားအင္ေတြ ကုန္္ခမ္း သြားေအာင္ေတာ့ ဒီလိုစကားမ်ိဳး မေျပာသင့္ပါဘူး …။

ငါလည္း ခံစားဖူးပါတယ္…

တစ္စံုတစ္ေယာက္ ဝမ္းနည္းစိတ္ေသာကေရာက္ေနတဲ့ အခ်ိန္မ်ိဳးမွာ ငါလည္း ဒီလို ခံစားမႈမ်ိဳး ခံစားဖူးတယ္ဆုိတဲ့ စကားမ်ိဳးကို မေျပာသင့္ပါဘူး။ အခုျဖစ္ေနတဲ့ ကိစၥရပ္အေပၚ သူဘယ္ေလာက္ ခံစားေနရတယ္ဆုိတာကို သူကလြဲလုိ႔ ဘယ္သူကမွ မသိႏုိင္ပါဘူး။ ဒီေတာ့ ဒီလုိစကားမ်ိဳးက အားေပးရာမေရာက္ပဲ တစ္မ်ိဳးႀကီး ျဖစ္ေန တတ္ပါတယ္ …။

ငါသူ႔ကို တကယ္ သေဘာမက်တာ…

ဒီစကားက အခ်င္းခ်င္း ရင္းနွီးတဲ့ ဆက္ဆံေရးမွာ ေျပာလုိ႔အဆင္ေျပတယ္ဆုိရင္ေတာင္ တစ္ဖက္လူက သင့္ကို အေကာင္းမျမင္တတ္တဲ့ သူတစ္ေယာက္အျဖစ္ ျမင္ေစမွာပါ။ တစ္ျခားလူတစ္ေယာက္ကို သေဘာမက်မိတဲ့ အေၾကာင္းကို တစ္စံုတစ္ေယာက္ဆီမွာ ေျပာတာမ်ိဳးက သိပ္ေတာ့ ၾကည့္ေကာင္း မေနပါဘူး …။

ငါမင္းကို ေျပာသားပဲ…

လူတစ္ေယာက္ ဒုကၡေရာက္ေနတဲ့ အခ်ိန္မွာ ငါမင္းကို ေျပာသားပဲ ဆုိတဲ့ စကားမ်ိဳးက ငါေျပာတာ လက္မခံလုိ႔ အခုေတာ့ ဒုကၡေရာက္ၿပီးမွလား ဆိုသလိုမ်ိဳး သတိေပးေနသလုိႀကီး ျဖစ္ေနပါတယ္။ ဒီလိုစကားမ်ိဳးကို တစ္္စံုတစ္ေယာက္ စိတ္ထိခုိက္ေနတဲ့အခ်ိန္မွာ လံုးဝမ သံုးသင့္ပါဘူးေနာ္ …။

Khin

Credit – Aunty May

Unicode

တစ်ဖက်လူအတွက် ကြားရတာအဆင်မပြေဖြစ်စေတဲ့ အဆိပ်အတောက်ဆန်ဆန်စကားများ…

တစ်ချို့လူတွေက တစ်ခြားသူရဲ့ ခံစားချက်တွေကို မခံစားမိပဲ စကားလုံးတစ်ချို့ကို ဖြစ်သလို သုံးလိုက်တတ်ကြပါတယ်။ ပြောတဲ့ သူကတော့ ဘာရယ်မဟုတ် ပြောလိုက်ပေမယ့် ကာယကံရှင်အတွက်တော့ ကြားရတာ အဆင်ပြေမနေပါဘူးနော်။ ဒီတော့ ဒီလိုစကားမျိုးတွေ ပြောတော့မယ်ဆိုရင် သေချာချင့်ချိန် စဉ်းစားပြီးမှာသာ ပြောသင့်ပါတယ်နော် …။

မင်းတော့ ဒုက္ခရောက်ပြီ…

ပြသနာဖြစ်နေတဲ့ သူတစ်ယောက်ကို မင်းတော့ ဒုက္ခရောက်ပြီဆိုတဲ့ စကားက အဆင်ပြေနိုင်မယ်လို့ ထင်လား။ ကိုယ်ကိုယ်တိုင် သူ့နေရာမှာ ဆိုရင်ရော ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းဆီက ဒီလိုစကားလုံးမျိုးကို မျှော်လင့်မိမှာလားဆိုတာကို စဉ်းစားကြည့်သင့်ပါတယ်နော်။ ပြသနာတစ်ခုခု ကြုံနေရပြီဆိုတာကို အသိမပေးလည်း ပြသနာဖြစ်နေတဲ့ သူကတော့ ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် ဒီလို မျှော်လင့်ချက်ကို ရိုက်ချိုးတဲ့၊ ပြသနာရင်ဆိုင်ဖို့ အားအင်တွေ ကုန်ခမ်း သွားအောင်တော့ ဒီလိုစကားမျိုး မပြောသင့်ပါဘူး …။

ငါလည်း ခံစားဖူးပါတယ်…

တစ်စုံတစ်ယောက် ဝမ်းနည်းစိတ်သောကရောက်နေတဲ့ အချိန်မျိုးမှာ ငါလည်း ဒီလို ခံစားမှုမျိုး ခံစားဖူးတယ်ဆိုတဲ့ စကားမျိုးကို မပြောသင့်ပါဘူး။ အခုဖြစ်နေတဲ့ ကိစ္စရပ်အပေါ် သူဘယ်လောက် ခံစားနေရတယ်ဆိုတာကို သူကလွဲလို့ ဘယ်သူကမှ မသိနိုင်ပါဘူး။ ဒီတော့ ဒီလိုစကားမျိုးက အားပေးရာမရောက်ပဲ တစ်မျိုးကြီး ဖြစ်နေ တတ်ပါတယ် …။

ငါသူ့ကို တကယ် သဘောမကျတာ…

ဒီစကားက အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးမှာ ပြောလို့အဆင်ပြေတယ်ဆိုရင်တောင် တစ်ဖက်လူက သင့်ကို အကောင်းမမြင်တတ်တဲ့ သူတစ်ယောက်အဖြစ် မြင်စေမှာပါ။ တစ်ခြားလူတစ်ယောက်ကို သဘောမကျမိတဲ့ အကြောင်းကို တစ်စုံတစ်ယောက်ဆီမှာ ပြောတာမျိုးက သိပ်တော့ ကြည့်ကောင်း မနေပါဘူး …။

ငါမင်းကို ပြောသားပဲ…

လူတစ်ယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ ငါမင်းကို ပြောသားပဲ ဆိုတဲ့ စကားမျိုးက ငါပြောတာ လက်မခံလို့ အခုတော့ ဒုက္ခရောက်ပြီးမှလား ဆိုသလိုမျိုး သတိပေးနေသလိုကြီး ဖြစ်နေပါတယ်။ ဒီလိုစကားမျိုးကို တစ်စုံတစ်ယောက် စိတ်ထိခိုက်နေတဲ့အချိန်မှာ လုံးဝမ သုံးသင့်ပါဘူးနော် …။

Khin

Credit – Aunty May