


(1) ဝိတ်ကျစေတယ်


(2) ဝက်ခြံပျောက်တယ်








Penny

Unicode

ရေနွေးကြမ်းနေ့စဉ်သောက်ခြင်းဖြင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ

မြန်မာလူမျိုးများနဲ့ ရေနွေးကြမ်းဆိုတာ ခွဲခြားလို့မရပါဘူး။ ဒါဆို ပျိုမေသာ ရေနွေးကြမ်းနေ့တိုင်းသောက်တတ်တဲ့လူဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(1) ဝိတ်ကျစေတယ်

လက်ဖက်ခြောက်ဟာ အဆီတွေကိုလောင်ကျွမ်းစေပြီး metabolic rate ကို မြှင့်တင်ပေးနိုင်ပါတယ်။

(2) ဝက်ခြံပျောက်တယ်

အရင်ကတည်းက ဘတ်တီးရီးယားပိုးသေစေနိုင်ပြီး ယောင်ယမ်းမှုတွေ လျော့ကျစေတဲ့အတွက် ဝက်ခြံဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(3) ခံတွင်းနံ့မဖြစ်စေဘူး

ရေနွေးကြမ်းထဲမှာပါတဲ့ catechins ဆိုတဲ့ဓာတ်ဟာ ခံတွင်းမှ အနံ့ဆိုးဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သေစေတဲ့အတွက် ခံတွင်းနံ့ဆိုးရွားခြင်းကို မဖြစ်စေနိုင်ပါဘူး။

(4) နှလုံးရောဂါကိုကာကွယ်ပေးတယ်

နှလုံးဖောက်ခြင်း၊ အမောဖောက်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းစတဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာပါ။

(5) ဆံပင်ကျွတ်ခြင်းမှသက်သာစေတယ်

Catechins ဟာ dihydrotestosterone (DTH) ဆိုတဲ့ ဓာတ်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆံပင်ကျွတ်ခြင်း၊ ဗောက်ဖြစ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းတွေမှ ကင်းစေမှာပါ။

Penny