အသည္းနင့္ေနေအာင္ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ (၅) မ်ိဳး

အသည္းနင့္ေနေအာင္ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ (၅) မ်ိဳး

မိန္းကေလးေတြရဲ႕ စိတ္က ခန္႔မွန္းရခက္ပါတယ္ ။ အေၾကာင္းကေတာ့ စိတ္ထဲ႐ွိတာက တစ္ျခား၊ အျပဳအမူက တစ္ျခားျဖစ္ေနတတ္လို႔ပါ … ။

ေနာက္တစ္ခုက မိန္းကေလးေတြဟာ အရမ္းဂ႐ိုစိုက္ခံခ်င္၊ အရမ္းအခ်စ္ခံခ်င္တဲ့သူေတြပါ။ အဲလို ဂ႐ုစိုက္၊ အခ်စ္ခံရေအာင္လည္း နည္းမ်ိဳးစုံနဲ႔ႀကိးစားတတ္ၾကပါတယ္ဗ်ာ

ခုေဖာ္ျပေပးမွာကေတာ့ ခ်စ္သူအေပၚမွာ ဆိုးေပမယ့္ တကယ္တမ္း ရင္ထဲမွာက်ေတာ့ နင့္ေနေအာင္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ(၅)မ်ိဳး ျဖစ္ပါတယ္။

ဒီလိုမိန္းကေလးမ်ိဳးေတြက ကေလးဆန္တာေလးကလြဲရင္ သင့္အတြက္ အစစအရာရာ ျပည့္စုံတဲ့သူျဖစ္လို႔ လက္လႊတ္ မခံသင့္ပါဘူးေနာ္

(၁) ေဒါသႀကီးတတ္တယ္

ဒီလိုမိန္းကေလးေတြက ေဒါသအရမ္းႀကီးပါတယ္။ ဒါေပမယ့္ ဒီလိုေဒါသႀကီးတာကလည္း သင့္ကိုခ်စ္လြန္းလို႔ပဲျဖစ္ပါတယ္။ သင္နဲ႔ပတ္သက္ရင္ အေသးအမႊားေလးကအစ အရမ္းဂ႐ိုစိုက္တတ္တဲ့ သူျဖစ္တာေၾကာင့္၊ ဖုန္းမဆက္တာေလး၊ စာမျပန္တာေလးကအစ သူ႕အတြက္ အရမ္းစိတ္ထိခိုက္ရပါတယ္။

ဝမ္းနည္းသြားတဲ့ သူ႕ရဲ႕စိတ္ကို ေဒါသအျဖစ္ ေျပာင္းလိုက္တာေၾကာင့္ ေဒါသႀကီးေနရတာပါ။ တကယ္တမ္းက်ေတာ့ သင့္ကိုခ်စ္လြန္းအားႀကီးလို႔ဆိုတာ သိထားလိုက္ပါေနာ္။

(၂) အ႐ြဲ႕တိုက္တယ္

ဒီလိုမိန္းကေလးေတြဟာ ႐ြဲ႕တဲ့ေနရာမွာေတာ့ ႏွစ္ေယာက္မ႐ွိပါဘူး။ သူ႕ရင္ထဲမွာ ထိခိုက္ေလေလ ပိုၿပီး အ႐ြဲ႕တိုက္ေလေလပါပဲ။ သူသဝန္တိုရင္ပဲ ျဖစ္ျဖစ္၊ ဝမ္းနည္းရင္ပဲ ျဖစ္ျဖစ္၊ တစ္ခုခုျဖစ္တိုင္း ဘယ္ေတာ့မွ တိုက္႐ိုက္ေျပာမွာ မဟုတ္ပါဘူး။

သူ႐ြဲ႕ေနၿပီဆိုရင္ သင္ဘာအမွားလုပ္မိလဲ ကိုယ့္ကိုယ္ကိုသာ ျပန္ေမးလိုက္ပါ။ သင့္ကို႐ြဲ႕ေနတာ အရမ္းဂ႐ုစိုက္လို႔ပါ၊ သူဂ႐ုမစိုက္တဲ့သူဆိုရင္ ဘာအလုပ္လုပ္ အဖတ္ကို မလုပ္တာပါပဲ

(၃) ကိုယၠစ်ပီး ေမခၚဘူး

ခ်စ္သူအေပၚကို ဆိုးေပမယ့္ နင့္ေနေအာင္ခ်စ္တဲ့ ေကာင္မေလးေတြဟာ ခ်စ္သူကို ကိုယ့္ဖက္က စၿပီးဘယ္ေတာ့မွ ေခၚမွာမဟုတ္ပါဘူး။ နင္နဲ႔ငါျပတ္ၿပီ လို႔ေျပာသာ ေျပာေနတာ ခ်စ္သူလာေခၚမယ့္၊ လာေခ်ာ့မယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကတာ ျဖစ္ပါတယ္။

ခ်စ္သူကို စသာမေခၚတာ ရင္ထဲမွာေတာ့ မိနစ္တိုင္းက နာက်င္ေနတာ ျဖစ္ပါတယ္။ ခ်စ္သူမ်ားစိတ္ကုန္သြားမလား၊ တကယ္ျပတ္သြားမလား ဆိုတာ ေတြးၿပီး အရမ္းေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ ရန္ျဖစ္ စိတ္ေကာက္ၾကတဲ့အခါ သူ႕ကိုအၾကာႀကီး ပစ္မထားပါနဲ႔၊ အျမန္ေခ်ာ့လိုက္ပါ။ သင့္ကို နင့္ေနေအာင္ ခ်စ္ပါတယ္ဆိုတာ သင္သိထားပါ။

(၄) ရစ္တယ္

အရမ္းရစ္ႏိုင္ၾကတဲ့ သူေတြလည္း ျဖစ္ပါတယ္။ ခ်စ္သူကို ရစ္တဲ့အခါတိုင္း ခ်စ္သူရဲ႕ အျပဳအမူ အေျပာအဆိုေတြကို ေသခ်ာ အကဲခတ္ေနတာလည္း ျဖစ္ပါတယ္။ ခ်စ္သူက အရင္လို စိတ္႐ွည္ရဲ႕လား၊ ကိုယ့္ကို ၾကင္ၾကင္နာနာ ဆက္ဆံရဲ႕လားဆိုတာ သိခ်င္လို႔ တမင္ရစ္တဲ့ အခါေတြလည္း႐ွိပါတယ္။ သူဘာေၾကာင့္ပဲ ရစ္ရစ္ ေသခ်ာတာကေတာ့ သင့္ကို အရမ္းခ်စ္လို႔ ဆိုတာပါပဲ

(၅) ဦးစားေပးခံခ်င္တယ္

ခ်စ္သူအတြက္ သူကသာ နံပါတ္ (၁) ျဖစ္ခ်င္တဲ့သူပါ။ ခ်စ္သူရဲ႕ အလိုလိုက္မႈ၊ ဦးစားေပးမႈကို အၿမဲတမ္းလိုခ်င္ပါတယ္။ ဒါေၾကာင့္ပဲ တစ္ခါေလ သူငယ္ခ်င္းေတြကိုေ႐ြးမလား ကိုယ့္ကိုယ္ေ႐ြးမလားဆိုတဲ့ အက်ပ္႐ိုက္ေစတဲ့ ေမးခြန္းမ်ိဳးေတြကို ေမးတတ္တာျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ သူ႕ကိုသာ ဦးစားေပးလိုက္ရင္၊ အရာအားလုံး သင့္စိတ္ႀကိဳက္ ျဖစ္ေစမယ့္သူပါ။ ဒါေၾကာင့္ သူ႕ကို တတ္ႏိုင္သေလာက္ ဦးစားေပးလိုက္ပါ။ သူ႕ရင္ထဲမွာ ဘယ္ေလာက္ေတာင္ ၾကည္ႏူးေနမလဲဆိုတာ သင္မသိလို႔ပါ။

Credit

Unicode

အသည်းနင့်နေအောင်ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုး

မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ် ။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။

နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ်ဗျာ

ခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။

ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော်

(၁) ဒေါသကြီးတတ်တယ်

ဒီလိုမိန်းကလေးတွေက ဒေါသအရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။ သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်းဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။

ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။ တကယ်တမ်းကျတော့ သင့်ကိုချစ်လွန်းအားကြီးလို့ဆိုတာ သိထားလိုက်ပါနော်။

(၂) အရွဲ့တိုက်တယ်

ဒီလိုမိန်းကလေးတွေဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေပါပဲ။ သူသဝန်တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။

သူရွဲ့နေပြီဆိုရင် သင်ဘာအမှားလုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေးလိုက်ပါ။ သင့်ကိုရွဲ့နေတာ အရမ်းဂရုစိုက်လို့ပါ၊ သူဂရုမစိုက်တဲ့သူဆိုရင် ဘာအလုပ်လုပ် အဖတ်ကို မလုပ်တာပါပဲ

(၃) ကိုယ္ကဈပီး မေခါ်ဘူး

ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာမဟုတ်ပါဘူး။ နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။

ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။ ချစ်သူများစိတ်ကုန်သွားမလား၊ တကယ်ပြတ်သွားမလား ဆိုတာ တွေးပြီး အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ်ဆိုတာ သင်သိထားပါ။

(၄) ရစ်တယ်

အရမ်းရစ်နိုင်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို သေချာ အကဲခတ်နေတာလည်း ဖြစ်ပါတယ်။ ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား၊ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လားဆိုတာ သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။ သူဘာကြောင့်ပဲ ရစ်ရစ် သေချာတာကတော့ သင့်ကို အရမ်းချစ်လို့ ဆိုတာပါပဲ

(၅) ဦးစားပေးခံချင်တယ်

ချစ်သူအတွက် သူကသာ နံပါတ် (၁) ဖြစ်ချင်တဲ့သူပါ။ ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်းလိုချင်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကိုရွေးမလား ကိုယ့်ကိုယ်ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ်တာဖြစ်ပါတယ်။

သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။ ဒါကြောင့် သူ့ကို တတ်နိုင်သလောက် ဦးစားပေးလိုက်ပါ။ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲဆိုတာ သင်မသိလို့ပါ။

Credit