ပ်ိဳပ်ိဳေမတို႔ ဘယ္လိုအေၾကာင္းနဲ႔မဆို စိတ္ဓာတ္က်တိုင္း ဖတ္ဖို႔…

ပ်ိဳပ်ိဳေမတို႔ ဘယ္လိုအေၾကာင္းနဲ႔မဆို စိတ္ဓာတ္က်တိုင္း ဖတ္ဖို႔…

အရာအားလံုး စင္းလံုးေခ်ာေနတဲ့ ဘဝဆိုတာ မရွိပါဘူး။ ဒါေၾကာင့္ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ စိတ္ေတြ ေအာက္ဆံုးထိ က်ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါမွမဟုတ္ စိတ္ဓာတ္က်ရတဲ့ အခ်ိန္ေတြကို မၾကာခဏ ၾကံဳရတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ ဘယ္လို ပဲ ျဖစ္ျဖစ္ စိတ္ဓာတ္က်တယ္လို႔ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့အရာမို႔ စိတ္ဓာတ္က်တဲ့ အခ်ိန္ေတြကေန ျပန္ၿပီး လြတ္ေျမာက္သြားဖို႔ ကိုယ့္ဘက္က အခု ေဖာ္ျပေပးမယ့္ အခ်က္ေတြလို ျပဳလုပ္ေပးေလ ကိုယ့္ အတြက္ ပိုျပီး စိတ္သက္သာေလ ျဖစ္မွာပါေနာ္ …။

ကိုယ့္ထက္ ဆိုးတဲ့သူေတြ ရွိတယ္…

ဘဝမွာ ကိုယ့္ကိုယ္ကို အေျခအေနဆိုးလြန္းတဲ့ အေျခအေနကို ေရာက္ၿပီလို႔ ခံစားရခ်ိန္မွာ ကိုယ့္ကို ျပန္ အားတက္ေစႏိုင္တဲ့ ဘဝေတြ ရွိပါေသးတယ္။ လမ္းေဘးမွာ ပဲ အိပ္၊ လမ္းေဘးမွာပဲ စားရတဲ့ ဘဝေတြ၊ စားစရာ မရွိလို႔ ခက္ခဲေနတဲ့ ဘဝေတြ၊ စစ္ေဘးေၾကာင့္ ေျပးေနရတဲ့သူေတြ၊ ငယ္ဘဝတည္းက အေဖ၊ အေမကို ဆံုးရံႈးလိုက္ရသူေတြ စသျဖင့္ ကိုယ့္ထက္ ဆိုးတဲ့သူေတြေၾကာင့္ ဘဝကို ၾကံဖန္ ျဖတ္ေက်ာ္ဖို႔ ရုန္းကန္ေနတာမို႔ သင္လည္း ဒီခြန္အားေတြကို အတုယူၿပီး ျပန္ၿပီး ျဖတ္ေက်ာ္ဖို႔ ၾကိဳးစားလိုက္ပါ …။

ဒါ ကိုယ့္ဘဝပဲ…

လူတိုင္းမွာ အေျခအေနေတြ အမ်ိဳးမ်ိဳးနဲ႔ ဘဝအမ်ိဳးမ်ိဳး ရွိပါတယ္။ ကိုယ့္ဘဝကို အားမရ ျဖစ္ေနတာထက္ စာရင္ ဒါက ငါ့ရဲ႕ ဘဝ အေျခအေနပဲလို႔ လက္ခံလိုက္တဲ့အခါမွာ သင့္ရဲ႕ ဖိစီးေနတဲ့ စိတ္ ကို ၃ ပံု ၁ ပံုေလာက္ သက္သာ သြားေစ ႏိုင္ပါတယ္ …။

အေကာင္းဆံုးေတာ့ လုပ္ရမွာေပါ့…

အေကာင္းဆံုး ေဆာင္ရြက္ၿပီးမွာ ဆက္စိတ္ညစ္လို႔လည္း ရပါတယ္။ ဘယ္ေလာက္ပဲ စိတ္ညစ္ညစ္၊ အဆင္မေျပ ျဖစ္ျဖစ္ ကိုယ္ စြမ္းႏိုင္သမွ် အေကာင္းဆံုး လုပ္ဖို႔ ႀကိဳးစားၾကည့္ပါ။ တစ္စက္ကေလးမွ လက္မေလွ်ာ့ဘဲ ႀကိဳးစားေနတာက သင့္ရဲ႕ စိတ္ဖိစီးမႈေတြကို သက္သာေစ ပါတယ္ …။

ဒီတိုင္းေတာ့ အရံႈးမေပးလိုက္ပါနဲ႔…

ငါေတာ့ ဘာမွ မတတ္ႏိုင္ဘူးဆိုတဲ့ စိတ္ကို ဘယ္ေတာ့မွ မေတြးလိုက္ပါနဲ႔။ အဆံုးအထိ ကိုယ့္ဘက္က ႀကိဳးစားေနဖို႔ လိုပါတယ္။ တစ္ ဘဝလံုး ကံမေကာင္းမႈေတြနဲ႔ ရံႈးနိမ့္ေနၿပီး လူလတ္ပိုင္းနဲ႔ လူႀကီးပိုင္း အရြယ္မွ ေအာင္ျမင္ သြားၾကသူေတြ ရွိပါတယ္။ ကိုယ့္ဘက္က အျမဲ ႀကိဳးစားေနဖို႔ပဲ လိုပါတယ္ …။

ပိုၿပီး ေလာဘေတာ့ မႀကီးလိုက္ပါနဲ႔…

ေလာဘဆိုတာလည္း ေကာင္းတဲ့အရာ မဟုတ္ပါဘူး။ ကိုယ္ ႀကိဳးစားသမွ် အရာမထင္ဘူးဆိုတာမွာ ေလာဘေၾကာင့္ ျဖစ္တတ္တာကို သတိျပဳသင့္ပါတယ္။ အလိုႀကီး အရနည္း ဆိုတဲ့ သေဘာကို သိနားလည္ၿပီး ေလာဘေတြ အရမ္း မႀကီးဖို႔လည္း ဆင္ျခင္ရမွာ ျဖစ္ပါတယ္။ ခ်က္ခ်င္း ေအာင္ျမင္ဖို႔ဆိုတာ မလြယ္ကူပါဘူးေနာ္ …။

ကိုယ္က ဘယ္အရာမွ ႀကိဳ မျမင္ႏုိင္ပါဘူး…

ဒီေန႔ ခက္ခဲေနေပမယ့္ မနက္ျဖန္မွာ ကိုယ္ မျမင္ႏိုင္တဲ့ အေၾကာင္းတရားေတြ ေရာက္လာၿပီး ကိုယ္ အဆင္ေျပသြားတာလည္း ျဖစ္ပါတယ္။ ထီတစ္ေစာင္ထိုးၿပီး ထီေပါက္တာမ်ိဳးလည္း ရွိတာမို႔ ကုိယ္ ဘယ္ေန႔ ကံေကာင္းမယ္ဆိုတာ မသိႏိုင္တာမို႔ စိတ္ဓာတ္ေတြ က်လည္း အားတင္းထားဖို႔ လိုပါတယ္ …။ ။

Kham

Credit – Aunty May

Unicode

ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့…

အရာအားလုံး စင်းလုံးချောနေတဲ့ ဘဝဆိုတာ မရှိပါဘူး။ ဒါကြောင့် တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ အောက်ဆုံးထိ ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျရတဲ့ အချိန်တွေကို မကြာခဏ ကြုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျတယ်လို့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာမို့ စိတ်ဓာတ်ကျတဲ့ အချိန်တွေကနေ ပြန်ပြီး လွတ်မြောက်သွားဖို့ ကိုယ့်ဘက်က အခု ဖော်ပြပေးမယ့် အချက်တွေလို ပြုလုပ်ပေးလေ ကိုယ့် အတွက် ပိုပြီး စိတ်သက်သာလေ ဖြစ်မှာပါနော် …။

ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိတယ်…

ဘဝမှာ ကိုယ့်ကိုယ်ကို အခြေအနေဆိုးလွန်းတဲ့ အခြေအနေကို ရောက်ပြီလို့ ခံစားရချိန်မှာ ကိုယ့်ကို ပြန် အားတက်စေနိုင်တဲ့ ဘဝတွေ ရှိပါသေးတယ်။ လမ်းဘေးမှာ ပဲ အိပ်၊ လမ်းဘေးမှာပဲ စားရတဲ့ ဘဝတွေ၊ စားစရာ မရှိလို့ ခက်ခဲနေတဲ့ ဘဝတွေ၊ စစ်ဘေးကြောင့် ပြေးနေရတဲ့သူတွေ၊ ငယ်ဘဝတည်းက အဖေ၊ အမေကို ဆုံးရှုံးလိုက်ရသူတွေ စသဖြင့် ကိုယ့်ထက် ဆိုးတဲ့သူတွေကြောင့် ဘဝကို ကြံဖန် ဖြတ်ကျော်ဖို့ ရုန်းကန်နေတာမို့ သင်လည်း ဒီခွန်အားတွေကို အတုယူပြီး ပြန်ပြီး ဖြတ်ကျော်ဖို့ ကြိုးစားလိုက်ပါ …။

ဒါ ကိုယ့်ဘဝပဲ…

လူတိုင်းမှာ အခြေအနေတွေ အမျိုးမျိုးနဲ့ ဘဝအမျိုးမျိုး ရှိပါတယ်။ ကိုယ့်ဘဝကို အားမရ ဖြစ်နေတာထက် စာရင် ဒါက ငါ့ရဲ့ ဘဝ အခြေအနေပဲလို့ လက်ခံလိုက်တဲ့အခါမှာ သင့်ရဲ့ ဖိစီးနေတဲ့ စိတ် ကို ၃ ပုံ ၁ ပုံလောက် သက်သာ သွားစေ နိုင်ပါတယ် …။

အကောင်းဆုံးတော့ လုပ်ရမှာပေါ့…

အကောင်းဆုံး ဆောင်ရွက်ပြီးမှာ ဆက်စိတ်ညစ်လို့လည်း ရပါတယ်။ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ အဆင်မပြေ ဖြစ်ဖြစ် ကိုယ် စွမ်းနိုင်သမျှ အကောင်းဆုံး လုပ်ဖို့ ကြိုးစားကြည့်ပါ။ တစ်စက်ကလေးမှ လက်မလျှော့ဘဲ ကြိုးစားနေတာက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေ ပါတယ် …။

ဒီတိုင်းတော့ အရှုံးမပေးလိုက်ပါနဲ့…

ငါတော့ ဘာမှ မတတ်နိုင်ဘူးဆိုတဲ့ စိတ်ကို ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ အဆုံးအထိ ကိုယ့်ဘက်က ကြိုးစားနေဖို့ လိုပါတယ်။ တစ် ဘဝလုံး ကံမကောင်းမှုတွေနဲ့ ရှုံးနိမ့်နေပြီး လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အရွယ်မှ အောင်မြင် သွားကြသူတွေ ရှိပါတယ်။ ကိုယ့်ဘက်က အမြဲ ကြိုးစားနေဖို့ပဲ လိုပါတယ် …။

ပိုပြီး လောဘတော့ မကြီးလိုက်ပါနဲ့…

လောဘဆိုတာလည်း ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကိုယ် ကြိုးစားသမျှ အရာမထင်ဘူးဆိုတာမှာ လောဘကြောင့် ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။ အလိုကြီး အရနည်း ဆိုတဲ့ သဘောကို သိနားလည်ပြီး လောဘတွေ အရမ်း မကြီးဖို့လည်း ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ချက်ချင်း အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါဘူးနော် …။

ကိုယ်က ဘယ်အရာမှ ကြို မမြင်နိုင်ပါဘူး…

ဒီနေ့ ခက်ခဲနေပေမယ့် မနက်ဖြန်မှာ ကိုယ် မမြင်နိုင်တဲ့ အကြောင်းတရားတွေ ရောက်လာပြီး ကိုယ် အဆင်ပြေသွားတာလည်း ဖြစ်ပါတယ်။ ထီတစ်စောင်ထိုးပြီး ထီပေါက်တာမျိုးလည်း ရှိတာမို့ ကိုယ် ဘယ်နေ့ ကံကောင်းမယ်ဆိုတာ မသိနိုင်တာမို့ စိတ်ဓာတ်တွေ ကျလည်း အားတင်းထားဖို့ လိုပါတယ် …။ ။

Kham

Credit – Aunty May