မျက်ခွံ အောက်”
ပခုံး”
နား”
ညာလက်ဖ၀ါး”
မျက်ခုံးအောက်”
နှုတ်ခမ်း”
နဖူး”
ရင်ဘတ်”
Credit – AUNTYMAY
Unicode
ဒီလို နေရာတွေမှာ မှဲ့ ရှိတယ်ဆိုရင် သင်ဟာ ကံကောင်းသူတစ်ယောက်ပါ
မှဲ့ တွေ နဲ့ ပတ်သက်ပြီး ယုံကြည်တဲ့ အယူအဆ တွေ ရှိကြ ပါတယ်။ ဒါ ကို လက်ခံ တဲ့ သူတွေ လည်း ရှိ သလို လက်မခံတဲ့ လူတွေ လည်း အများကြီး ပါ။ Indiatime ရဲ့ သတင်းတစ်ပုဒ်မှာတော့ ဒီလို နေရာတွေ မှာ မှဲ့ ရှိ ရ င် ကံ ကောင်း တယ် လို့ ဖော် ပြ ထား ပါ တယ် နော် …။
မျက်ခွံ အောက်”
မျက်ခွံ အောက်မှာ မှဲ့ ရှိရင်တော့ သင်ဟာ ချမ်းလဲ ချမ်းသာ နာမည်လည်းကြီးမယ့် လက္ခဏာပါ။ဒါပေမယ့် ညာ ဖက် မျက်ခွံ အောက် အတွင်းပိုင်းမှာဆိုရင် တော့ ချမ်းသာ ပေမယ့် အသုံးအဖြုန်းကြီး တဲ့ လူမျိုး ဖြစ်ပါတယ် …။
ပခုံး”
ပခုံးပေါ်မှာ မှဲ့ ရှိရင် တော့ ငွေ ကိုလည်း ကောင်းကောင်းရှာနိုင်သလို စနစ်တကျ သုံးစွဲ တတ် တဲ့ လူမျိုးပါ …။
နား”
နားအတွင်းမှာပဲ ရှိရှိ၊ အပြင်မှာပဲ ရှိရှိ အဲ့လို မှဲ့ မျိုးကိုတော့ မင်္ဂလာရှိတဲ့ မှဲ့ မျိုး အဖြစ် သတ်မှတ် ကြပါတယ်။ချမ်း ချမ်းသာသာ တော့ နေ ရ ပေမယ့် အသုံးအဖြုန်းကြီးတတ်တဲ့ အကျင့်ကို တော့ ဆင်ခြင် ဖို့ လိုပါ မယ် …။
ညာလက်ဖဝါး”
ညာလက်ဖဝါးမှာ မှဲ့ ရှိရင်တော့ ချမ်းသာ အောင်မြင်မယ့် လက္ခဏာ ပဲ ဖြစ်ပါတယ် …။
မျက်ခုံးအောက်”
မျက်ခုံးအောက် မှာ မှဲ့ ရှိတယ်ဆိုရင်တော့ စည်းစိမ်ချမ်းသာ လည်း ပြည့်၀ သလို ကျန်းကျန်းမာမာ နဲ့ နေရ မယ့် လက္ခဏာပါ။ မျက်ခုံး နှစ်ဖက်လုံး အောက်မှာ မှဲ့ ရှိ ရင် တော့ အိမ် ထောင် ကျပြီး ရင် ပို ချမ်းသာမယ့် လက္ခဏာပါနော် …။
နှုတ်ခမ်း”
နှုတ်ခမ်း ပေါ်က မှဲ့ ကိုလည်း ကောင်းတဲ့ မှဲ့ မျိုး၊မင်္ဂလာ ရှိတဲ့ မှဲ့ မျိုး လို့ သတ်မှတ် ကြပါတယ်။နှုတ် ခမ်း အောက်ဆိုရင်တော့ အသုံးအဖြုန်းကြီးတတ်၊ လောင်းကစားကိုခုံ မင် တတ်ပါတယ် …။
နဖူး”
နဖူးမှာ မှဲ့ ရှိတယ်ဆိုရင် တော့ သင်ဟာ အိုဇာတာ ကောင်းသူတစ်ယောက်ပါ။အသက်ကြီး လာရင် ချမ်းသာ မယ့် လက္ခဏာပါ။ခရီးတွေ လည်း အများကြီး ထွက်ရမယ့် သူမျိုးပါ။နဖူးရဲ့ ဘယ် ဖက် မှာ မှဲ့ ရှိတယ်ဆိုရင်တော့ ချမ်းသာ ပေမယ့် ကပ်စေးနှဲ သူ တစ်ယောက် ဖြစ်ပါတယ် …။
ရင်ဘတ်”
ရင်ဘတ်မှာ မှဲ့ ရှိရင်တော့ သင်က ရည်မှန်းချက်ကြီးတဲ့ လူမျိုးပါ။သင့်ရဲ့ ရည်မှန်းချက် ကို ဘယ်လို အ ခြေ အ နေ မျိုးပဲ ရောက်ပါ စေ ရ အောင် အ ကောင်အထည် ဖော်တဲ့ စိတ် ကြောင့် ဘဝမှာ အောင်မြင်မှုတွေနဲ့ ကြုံ တွေ့ ရမယ့် လူမျိုးပဲ ဖြစ်ပါတယ်နာ် …။ ။
Credit – AUNTYMAY