သင့္အေမကို ခ်စ္ရင္ ဒါမ်ိဳးေတြကို မလုပ္မိပါေစနဲ႔….

သင့္အေမကို ခ်စ္ရင္ ဒါမ်ိဳးေတြကို မလုပ္မိပါေစနဲ႔….

အေမေတြဆိုတာ သားသမီးေတြအတြက္ဆိုရင္ ကိုယ့္ထက္ ပိုၿပီး ဦးစားေပးၾကတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔က သားသမီးအတြက္ အသက္ေပးဖို႔ေတာင္ ဝန္မေလးၾကတာမို႔ သင့္ဘက္ကလည္း ျပန္ေက်းဇူးသိတတ္ဖို႔ လိုပါတယ္။

သင္ အခုလို ႀကီးပ်င္းလာဖုိ႔အတြက္ အေမေတြက အခ်ိန္ေပးၿပီး ျပဳစုပ်ိဳးေထာင္ခဲ့ၾကတာပါ။ သင့္ေမေမကို သင္ ခ်စ္တယ္ဆိုရင္ေတာ့ ဒီလိုအခ်က္ေတြ မလုပ္မိဖို႔ လိုပါတယ္ေနာ္။

(၁) ၿငိဳျငင္တာ

အေမေတြနဲ႔ သားသမီးေတြက အသက္ေတြ ကြာသလို ေခတ္ေတြလည္း ကြာပါတယ္။ ဒီအတြက္ အဆင္မေျပမႈေတြလည္း ရွိလာတတ္ပါတယ္။ ကိုယ္က ေခတ္လူငယ္ ျဖစ္လို႔ ပိုၿပီး နားလည္လြယ္ေပမယ့္ အေမေတြကေတာ့ ေခတ္နဲ႔ မလိုက္မီတာေၾကာင့္ မသိတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ကို လာေမးတဲ့အခါမွာ စိတ္မရွည္တာမ်ိဳး၊ ရွင္းျပေနတာေတာင္ နားမလည္ဘူးဆုိၿပီး ၿငိဳျငင္တာမ်ိဳး မလုပ္သင့္ပါဘူး။ သင္ ကေလးဘဝတုန္းက သူတို႔ သင့္အေပၚ စိတ္ရွည္ခဲ့တာကို သတိရၾကည့္ပါေနာ္။

(၂) အဖက္မလုပ္တာ

အေမေတြက သားသမီးေတြကို အျမဲ အရိပ္တၾကည့္ၾကည့္ ေနၾကပါတယ္။ ဘယ္လို အက်င့္ေတြ ဘာေတြ ႀကိဳက္တယ္ဆိုတာကို သိၿပီး ျဖည့္ဆည္းေပးဖုိ႔ လုပ္ၾကသူေတြ ျဖစ္ပါတယ္။

ဒါကို သင္က အရြယ္ေရာက္လာေလ သင့္ သူငယ္ခ်င္းေတြ၊ ေက်ာင္းကိစၥေတြနဲ႔ အလုပ္ကိစၥေတြပဲ ရႈပ္ၿပီး သင့္အေမကို ေမးထူးေခၚေျပာေလာက္ပဲ အခ်ိန္ေပးမိတာမ်ိဳး မျဖစ္သင့္ပါဘူး။ ဒီလိုဆို သင့္အေမက အထီးက်န္ေနႏုိင္ပါတယ္။

(၃) ဂရုမစိုက္တာ

အေမေတြဆိုတာ ကိုယ္ ေနမေကာင္းရင္ တဖြဖြ ေဆးတိုက္ ဂရုစိုက္တတ္ၾကတဲ့ သူေတြ ျဖစ္ပါတယ္။ ဒီလို ေမတၱာႀကီးမားေပမယ့္ အေမေတြက သူတို႔ ေနမေကာင္းတဲ့အခါ သားသမီးေတြကိုေတာင္ မသိေစတဲ့သူ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း အေမေတြက သားသမီးေတြ ဂရုစိုက္ေပးရင္ ပီတိျဖစ္ၿပီး ေရာဂါတစ္ဝက္ သက္သာသြားတတ္ပါတယ္။ ဂရုမစိုက္တဲ့အခါလည္း ဝမ္းနည္းတတ္တာမို႔ ဂရုမစိုက္တာမ်ိဳး မလုပ္တာ အေကာင္းဆံုးပါေနာ္။

(၄) ျပစ္တင္တာ

အေမေတြက သားသမီးေတြကို ဆူပူတာေတြ ရွိေပမယ့္လည္း ေကာင္းေစခ်င္လို႔ ျဖစ္ပါတယ္။ အေမေတြ အသက္ေတြ ႀကီးလာတဲ့အခါမွာေတာ့ သူတို႔ေတြရဲ႕ ျပဳမူ ေျပာဆိုတာေတြက အဆင္မေျပေကာင္း မေျပ ျဖစ္ေနမွာပါ။

ဒါက အသက္ႀကီးလို႔ ျဖစ္လာတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဒါကို သင့္ဘက္က ျပစ္တင္မႈေတြ လုပ္ရင္ သူတိို႔ စိတ္မေကာင္း ျဖစ္သြားမွာမို႔ မလုပ္သင့္ပါဘူး။

(၅) အဆက္အသြယ္ မလုပ္တာ

အခုေခတ္မွာေတာ့ လူငယ္ေတြက မိဘေတြနဲ႔ ေဝးတဲ့ ေနရပ္ေတြမွာ အလုပ္လုပ္ေနရတတ္ပါတယ္။ အေမေတြက သားသမီးေတြ ဘယ္ေရာက္ေရာက္ အႏၱရာယ္ကင္းဖို႔ ေမွ်ာ္လင့္ေနၿပီး သားသမီးေတြရဲ႕ အေျခအေနေတြကို သိခ်င္ေနတတ္ပါတယ္။

ဒါေၾကာင့္ သင့္အေမ ဖုန္းဆက္တဲ့အခါ အခ်ိန္ေပးၿပီး ဖုန္းေျပာသင့္ပါတယ္ေနာ္။ သင့္ဘက္က အခ်ိန္မေပးရင္ သင့္အေမက စိတ္ပူေနတတ္တာမို႔ အဆက္အသြယ္ မလုပ္ဘဲ ထားတာမ်ိဳး လံုးဝ မလုပ္သင့္ပါဘူး။

Kham

Unicode

သင့်အမေကို ချစ်ရင် ဒါမျိုးတွေကို မလုပ်မိပါစေနဲ့….

အမေတွေဆိုတာ သားသမီးတွေအတွက်ဆိုရင် ကိုယ့်ထက် ပိုပြီး ဦးစားပေးကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က သားသမီးအတွက် အသက်ပေးဖို့တောင် ဝန်မလေးကြတာမို့ သင့်ဘက်ကလည်း ပြန်ကျေးဇူးသိတတ်ဖို့ လိုပါတယ်။

သင် အခုလို ကြီးပျင်းလာဖို့အတွက် အမေတွေက အချိန်ပေးပြီး ပြုစုပျိုးထောင်ခဲ့ကြတာပါ။ သင့်မေမေကို သင် ချစ်တယ်ဆိုရင်တော့ ဒီလိုအချက်တွေ မလုပ်မိဖို့ လိုပါတယ်နော်။

(၁) ငြိုငြင်တာ

အမေတွေနဲ့ သားသမီးတွေက အသက်တွေ ကွာသလို ခေတ်တွေလည်း ကွာပါတယ်။ ဒီအတွက် အဆင်မပြေမှုတွေလည်း ရှိလာတတ်ပါတယ်။ ကိုယ်က ခေတ်လူငယ် ဖြစ်လို့ ပိုပြီး နားလည်လွယ်ပေမယ့် အမေတွေကတော့ ခေတ်နဲ့ မလိုက်မီတာကြောင့် မသိတာမျိုး ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ကို လာမေးတဲ့အခါမှာ စိတ်မရှည်တာမျိုး၊ ရှင်းပြနေတာတောင် နားမလည်ဘူးဆိုပြီး ငြိုငြင်တာမျိုး မလုပ်သင့်ပါဘူး။ သင် ကလေးဘဝတုန်းက သူတို့ သင့်အပေါ် စိတ်ရှည်ခဲ့တာကို သတိရကြည့်ပါနော်။

(၂) အဖက်မလုပ်တာ

အမေတွေက သားသမီးတွေကို အမြဲ အရိပ်တကြည့်ကြည့် နေကြပါတယ်။ ဘယ်လို အကျင့်တွေ ဘာတွေ ကြိုက်တယ်ဆိုတာကို သိပြီး ဖြည့်ဆည်းပေးဖို့ လုပ်ကြသူတွေ ဖြစ်ပါတယ်။

ဒါကို သင်က အရွယ်ရောက်လာလေ သင့် သူငယ်ချင်းတွေ၊ ကျောင်းကိစ္စတွေနဲ့ အလုပ်ကိစ္စတွေပဲ ရှုပ်ပြီး သင့်အမေကို မေးထူးခေါ်ပြောလောက်ပဲ အချိန်ပေးမိတာမျိုး မဖြစ်သင့်ပါဘူး။ ဒီလိုဆို သင့်အမေက အထီးကျန်နေနိုင်ပါတယ်။

(၃) ဂရုမစိုက်တာ

အမေတွေဆိုတာ ကိုယ် နေမကောင်းရင် တဖွဖွ ဆေးတိုက် ဂရုစိုက်တတ်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီလို မေတ္တာကြီးမားပေမယ့် အမေတွေက သူတို့ နေမကောင်းတဲ့အခါ သားသမီးတွေကိုတောင် မသိစေတဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမေတွေက သားသမီးတွေ ဂရုစိုက်ပေးရင် ပီတိဖြစ်ပြီး ရောဂါတစ်ဝက် သက်သာသွားတတ်ပါတယ်။ ဂရုမစိုက်တဲ့အခါလည်း ဝမ်းနည်းတတ်တာမို့ ဂရုမစိုက်တာမျိုး မလုပ်တာ အကောင်းဆုံးပါနော်။

(၄) ပြစ်တင်တာ

အမေတွေက သားသမီးတွေကို ဆူပူတာတွေ ရှိပေမယ့်လည်း ကောင်းစေချင်လို့ ဖြစ်ပါတယ်။ အမေတွေ အသက်တွေ ကြီးလာတဲ့အခါမှာတော့ သူတို့တွေရဲ့ ပြုမူ ပြောဆိုတာတွေက အဆင်မပြေကောင်း မပြေ ဖြစ်နေမှာပါ။

ဒါက အသက်ကြီးလို့ ဖြစ်လာတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကို သင့်ဘက်က ပြစ်တင်မှုတွေ လုပ်ရင် သူတို့ စိတ်မကောင်း ဖြစ်သွားမှာမို့ မလုပ်သင့်ပါဘူး။

(၅) အဆက်အသွယ် မလုပ်တာ

အခုခေတ်မှာတော့ လူငယ်တွေက မိဘတွေနဲ့ ဝေးတဲ့ နေရပ်တွေမှာ အလုပ်လုပ်နေရတတ်ပါတယ်။ အမေတွေက သားသမီးတွေ ဘယ်ရောက်ရောက် အန္တရာယ်ကင်းဖို့ မျှော်လင့်နေပြီး သားသမီးတွေရဲ့ အခြေအနေတွေကို သိချင်နေတတ်ပါတယ်။

ဒါကြောင့် သင့်အမေ ဖုန်းဆက်တဲ့အခါ အချိန်ပေးပြီး ဖုန်းပြောသင့်ပါတယ်နော်။ သင့်ဘက်က အချိန်မပေးရင် သင့်အမေက စိတ်ပူနေတတ်တာမို့ အဆက်အသွယ် မလုပ်ဘဲ ထားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။

Kham