1. နော်…
2. ဗျာ / ရှင်သုံးပါ…
3.လေး ဟု သုံးပါ…
5. ဟုတ်+ခေါင်းညိမ့်…
Credit – မူရင်း
Unicode
ချစ်စရာကောင်းအောင် စကားပြောနည်း…
ရုပ်လေးပဲ ချစ်ဖို့ကောင်းနေ လို့မပြီးပါဘူး။ စကား ပြောဆိုရာတွင်လည်း ချစ်စရာကောင်းအောင်ပြော တတ်ရပါတယ်။ ယောက်ကျားများ အသုံးပြုမည် ဆိုပါက တစ်ချို့နည်းများကို သာအသုံး ချရန် သတိပေးပါရစေ …။(အကုန်သုံးရင် Gay သွားနိုင်လို့ပါ)
1. နော်…
စကားပြောဆိုရာတွင် “နော်” ဟုထည့်သွင်းပြော ဆိုခြင်းက စကားကို နူးညံ့သွားစေ ပါတယ်။ခိုင်းစေသည့် အရာများ/ပူဆာသည့် အရာများတွင် နော်ဟု အသုံးပြုခြင်း က သင့်တော်ပါတယ် …။ (ကိုကိုနော် / ကလေးကလည်းနော် ဆိုပြီး ချွဲနိုင်ပါတယ်)
2. ဗျာ / ရှင်သုံးပါ…
ကျွန်တော်ချော ပါတယ် ဟုပြောမည့်အစား/ ကျွန်တော်ချော ပါတယ် ဗျာ လို့ ပြောခြင်းက ပိုချစ်စရာကောင်း ပါတယ် …။
3.လေး ဟု သုံးပါ…
လူတစ်ယောက်ရဲ့ နာမည် အပြည့်အစုံခေါာမည့် အစားကျော်ကြီးလေးဟု ခေါာလိုက်ခြင်းက ကြားရ သူအ ဖို့ရင်ခုန်နှုန်း ပါမြင့်မားစေ ပါတယ်။ ရိုင်းစိုင်းစွာဆဲ ရင်တောင် လေး ဟုထည့် ဆဲခြင်းက ချစ်စရာကောင်းစေပါတယ် …။(e.g-နင့်ဂျီးတော်လေး)
4. လက်ကိုင်စကားပြောခြင်း…
နားထောင်နေ သူရဲ့လက်လေးကို ကိုင်ထားပြီး စကားပြောပါ။ ဒီနည်းလေး ကိုတော့ ကိုယ်ချစ်ရ တယ့်သူတွေ နဲ့စကားပြော တယ့်အခါမှာ သုံးပါ။ အားပေးစကားပြော တယ့် အခါမျိုးတွင် အသုံးပြုခြင်းက ပိုပြီး သင့်တော်ပါတယ် …။(ရည်းစား စကားပြော သည့် အခါများတွင်အခြေ အနေကြည့် လက်ကလေး ကိုင်၍ပြောနိုင်)
5. ဟုတ်+ခေါင်းညိမ့်…
ဟုတ်တစ်လုံး ထဲပြော မည့်အစား ခေါင်းလေးညိမ့်ကာ ဟုတ် လို့ပြောခြင်းက ပို၍ချစ် စရာကောင်းစေပါတယ် ။ ဟုတ်ကဲ့ပါ လို့ သုံးခြင်းက ပိုကောင်းပါတယ် …။ (အဖြေပေးသည့် အခါများတွင် လည်း ချစ်တယ် ဟုပြောပြီးခေါင်းလေးညိမ့်ပြ တာပိုပြီးရင် ခုန်ရပါတယ်။)
ဒီ 5 ချက်လောက် သိပြီဆိုလျှင် စကားပြောလိုက်တာနဲ့ သင့်ကိုချစ်သွားစေ မှာ ပဲ ဖြစ်ပါတယ်။ ချီးကျူးခြင်းများကိုလည်း ရ ရှိနိုင်သလို လိုချင်တာ များကိုလည်းပူဆာ နိုင်ပါတယ်။💟 စာဖတ်သူလေးများ အားလုံးကိုကျေးဇူး တင်ပါတယ်..💟 ကိုယ်စကားပြော တယ့်အခါ ဒီ 5 ချက်ထဲက တစ်ချက်မှ မပါရင် တော်တော်ကြမ်းနေပါပြီ။😑 ချစ်စရာကောင်းအောင် တစ်ခွန်းလောက်အ စမ်းပြောကြည့်ခဲ့ပါနော် …။ ။💟
Credit – မူရင်း