ရင့္က်က္လာတဲ့ မိန္းကေလးေတြဆီမွာ ေျပာင္းလဲလာတတ္တဲ့ စိတ္ေနစိတ္ထား ခံယူခ်က္မ်ား

ရင့္က်က္လာတဲ့ မိန္းကေလးေတြဆီမွာ ေျပာင္းလဲလာတတ္တဲ့ စိတ္ေနစိတ္ထား ခံယူခ်က္မ်ား

ငယ္႐ြယ္မႈက လွပျခင္း ျဖစ္သလုိ ရင့္က်က္မႈက က်က္သေရ ႐ွိျခင္းပါပဲ။ ငယ္႐ြယ္တဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ရင့္က်က္တဲ့ မိန္းကေလးတစ္ေယာက္ဆီမွာ မ်ားစြာေသာ ကြဲျပားမႈေလးေတြ ႐ွိလာတတ္ပါတယ္။

ရင့္က်က္မႈဆုိတာကေတာ့ အသက္အ႐ြယ္တစ္ခုေရာက္မွ ပိုင္ဆုိင္္လာတတ္တဲ့ အရာပါ။ ဒီေတာ့ ရင့္က်က္တဲ့ မိန္းကေလးေတြရဲ႕ စိတ္ဓာတ္ေတြက တျဖည္းျဖည္း ဒီလုိေျပာင္းလဲလာခဲ့ၾကပါတယ္။

ရင့္က်က္လာတဲ့ မိန္းကေလးတစ္ေယာက္ဟာ ဘဝအေၾကာင္းကို ပိုသိလာတတ္ပါတယ္။ ငယ္႐ြယ္တုန္းမွာေတာ့ ဘဝရဲ႕ ခက္ခဲပင္ပန္္းမႈေတြကို သိပ္မခံစားမိေတာ့ ႀကိဳးစားရမွန္းလည္း မသိဘူးေပါ့။

ဒါေပမယ့္ ကိုယ္တုိင္ ဘဝကို ေလွ်ာက္လွမ္းရတဲ့အခါ ဘဝက ထင္သေလာက္ မလြယ္ကူဘူးဆုိတာကို လက္ခံတတ္လာပါတယ္။

ရင့္က်က္လာတဲ့ မိန္းကေလးေတြက ေလာကမွာ ေငြဆုိတာ ဒုတိယဘုရားသခင္အမွန္ပါလား ဆုိတာကို ယံုၾကည္လာပါတယ္။

ေငြ႐ွိရင္ ေတာ္ေတာ္မ်ားမ်ားေသာ အရာေတြကို ျပဳလုပ္ႏိုင္သလုိ ေငြမ်က္ႏွာေၾကာင့္ လူေတြဟာ ေျပာင္းလဲတတ္္တယ္ဆုိတာကိုပါ သိလာရပါတယ္။

မိန္းကေလးတစ္ေယာက္ ရင့္က်က္လာတဲ့အခါ ေျပာင္းလဲတတ္တဲ့ လူေတြအေၾကာင္းကို ပိုပိုၿပီး သိလာတတ္ပါတယ္။

ငယ္႐ြယ္တုန္းမွာ လူေတြကို အယံုလြယ္သေလာက္ အသက္ႀကီးလာတာနဲ႔ ယံုၾကည္စရာေကာင္းတဲ့သူေတြက တျဖည္းျဖည္း ႐ွားပါးလာပါတယ္။ လူေတြဟာ မ်က္ႏွာဖံုးေတြ ခ်ိတ္ဆြဲထားမွန္းကိုလည္း ပိုသိလာတဲ့ အတြက္ေၾကာင့္ပါ။

ငယ္႐ြယ္တုန္းမွာေတာ့ အခ်စ္ဆုိတာကို ဖက္တြယ္ခဲ့မိေပမယ့္ အခ်စ္ဆုိတာ ဘဝႀကီးမဟုတ္ဘူးဆိိုတာကို ရင့္က်က္လာတဲ့အခါ ပိုသိလာပါတယ္။

အခ်စ္ဆုိတာ ဘဝကို အနည္းငယ္ ပိုလွသြားေအာင္ လုပ္ေပးႏုိ္င္တဲ့ ဘဝရဲ႕ တစ္စိတ္တစ္ပိုင္းမွ်သာပါ။ ဘဝမွာ အခ်စ္ကိုပဲ ကိုးကြယ္ေနလုိ႔ မျဖစ္ပဲ အခ်စ္ထက္ အေရးႀကီးတဲ့ အရာေတြ အမ်ားႀကီး႐ွိေနတယ္ဆုိတာ သေဘာေပါက္လာတတ္ၾကပါတယ္ေနာ္။

ရင့္က်က္လာတဲ့ မိန္းကေလးတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကိုယ္ အေကာင္းဆံုး ျဖစ္ေအာင္ ေနထုိင္တတ္လာပါတယ္။ ငယ္တုန္းကေတာ့ ဟိုလူကို အားက်တာ၊ ဒီလူကို အားက်တာမ်ိဳး ႐ွိခဲ့ေပမယ့္

လူတုိင္းမွာ အားနည္းခ်က္္၊ အားသာခ်က္ ကိုယ္စီ႐ွိတယ္ဆုိတာကို သိလာခဲ့တဲ့အခါမွာေတာ့ ကိုုယ့္ကိုယ္ကိုယ္သာ အေကာင္းဆံုးျဖစ္ေအာင္ ေနၿပီး ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္ဖုိ႔ သင္ယူလာတတ္ၾကပါတယ္။

မိန္းကေလးတစ္ေယာက္ဟာ ရင့္က်က္မႈကို ပိုင္ဆုိင္လာတဲ့အခါ ပိုၿပီး လူကဲခတ္ကၽြမ္းက်င္လာပါတယ္။ လူတစ္ေယာက္ကို လြယ္လြယ္မယံုတတ္သလုိ အဲဒီ႔လူရဲ႕ အျပဳအမူ၊ အေျပာအဆုိေတြကို ၾကည့္ၿပီး ဒီလူဟာ ဘယ္လုိလူပါဆုိတာကို သိလာတတ္ၾကတာပါပဲ။

ရင့္က်က္လာတဲ့ မိန္းကေလးေတြက ဟန္ေဆာင္ျခင္း အတတ္ပညာကိုလည္း မသင္ၾကားပဲ တတ္ေျမာက္လာခဲ့ၾကပါတယ္။ ကိုယ္ဘာေတြပဲ ျဖစ္ေနေန လူေတြေ႐ွ႕မွာ လွပတဲ့ အျပံဳးေလးကို ခ်ိတ္ဆြဲထားလာႏုိင္ပါတယ္။

လူေတြရဲ႕ အေၾကာင္းကို သိေပမယ့္ တစ္ခါတစ္ေလမွာ မသိခ်င္ေယာင္ေဆာင္ၿပီး ေရလုိက္ငါးလုိက္လည္း ေနတတ္လာတာမ်ိဳးပါ။ ဒါဟာ ရင့္က်က္လာတဲ့ မိန္းကေလးတစ္ေယာက္ဆီမွာ ေတြ႔လာရတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္ေနာ္။

Khin

Unicode

ရင့်ကျက်လာတဲ့ မိန်းကလေးတွေဆီမှာ ပြောင်းလဲလာတတ်တဲ့ စိတ်နေစိတ်ထား ခံယူချက်များ

ငယ်ရွယ်မှုက လှပခြင်း ဖြစ်သလို ရင့်ကျက်မှုက ကျက်သရေ ရှိခြင်းပါပဲ။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ဆီမှာ များစွာသော ကွဲပြားမှုလေးတွေ ရှိလာတတ်ပါတယ်။

ရင့်ကျက်မှုဆိုတာကတော့ အသက်အရွယ်တစ်ခုရောက်မှ ပိုင်ဆိုင်လာတတ်တဲ့ အရာပါ။ ဒီတော့ ရင့်ကျက်တဲ့ မိန်းကလေးတွေရဲ့ စိတ်ဓာတ်တွေက တဖြည်းဖြည်း ဒီလိုပြောင်းလဲလာခဲ့ကြပါတယ်။

ရင့်ကျက်လာတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘဝအကြောင်းကို ပိုသိလာတတ်ပါတယ်။ ငယ်ရွယ်တုန်းမှာတော့ ဘဝရဲ့ ခက်ခဲပင်ပန်းမှုတွေကို သိပ်မခံစားမိတော့ ကြိုးစားရမှန်းလည်း မသိဘူးပေါ့။

ဒါပေမယ့် ကိုယ်တိုင် ဘဝကို လျှောက်လှမ်းရတဲ့အခါ ဘဝက ထင်သလောက် မလွယ်ကူဘူးဆိုတာကို လက်ခံတတ်လာပါတယ်။

ရင့်ကျက်လာတဲ့ မိန်းကလေးတွေက လောကမှာ ငွေဆိုတာ ဒုတိယဘုရားသခင်အမှန်ပါလား ဆိုတာကို ယုံကြည်လာပါတယ်။

ငွေရှိရင် တော်တော်များများသော အရာတွေကို ပြုလုပ်နိုင်သလို ငွေမျက်နှာကြောင့် လူတွေဟာ ပြောင်းလဲတတ်တယ်ဆိုတာကိုပါ သိလာရပါတယ်။

မိန်းကလေးတစ်ယောက် ရင့်ကျက်လာတဲ့အခါ ပြောင်းလဲတတ်တဲ့ လူတွေအကြောင်းကို ပိုပိုပြီး သိလာတတ်ပါတယ်။

ငယ်ရွယ်တုန်းမှာ လူတွေကို အယုံလွယ်သလောက် အသက်ကြီးလာတာနဲ့ ယုံကြည်စရာကောင်းတဲ့သူတွေက တဖြည်းဖြည်း ရှားပါးလာပါတယ်။ လူတွေဟာ မျက်နှာဖုံးတွေ ချိတ်ဆွဲထားမှန်းကိုလည်း ပိုသိလာတဲ့ အတွက်ကြောင့်ပါ။

ငယ်ရွယ်တုန်းမှာတော့ အချစ်ဆိုတာကို ဖက်တွယ်ခဲ့မိပေမယ့် အချစ်ဆိုတာ ဘဝကြီးမဟုတ်ဘူးဆိုတာကို ရင့်ကျက်လာတဲ့အခါ ပိုသိလာပါတယ်။

အချစ်ဆိုတာ ဘဝကို အနည်းငယ် ပိုလှသွားအောင် လုပ်ပေးန်ိုင်တဲ့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမျှသာပါ။ ဘဝမှာ အချစ်ကိုပဲ ကိုးကွယ်နေလို့ မဖြစ်ပဲ အချစ်ထက် အရေးကြီးတဲ့ အရာတွေ အများကြီးရှိနေတယ်ဆိုတာ သဘောပေါက်လာတတ်ကြပါတယ်နော်။

ရင့်ကျက်လာတဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် နေထိုင်တတ်လာပါတယ်။ ငယ်တုန်းကတော့ ဟိုလူကို အားကျတာ၊ ဒီလူကို အားကျတာမျိုး ရှိခဲ့ပေမယ့်

လူတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိတယ်ဆိုတာကို သိလာခဲ့တဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးဖြစ်အောင် နေပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ သင်ယူလာတတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်ဟာ ရင့်ကျက်မှုကို ပိုင်ဆိုင်လာတဲ့အခါ ပိုပြီး လူကဲခတ်ကျွမ်းကျင်လာပါတယ်။ လူတစ်ယောက်ကို လွယ်လွယ်မယုံတတ်သလို အဲဒီ့လူရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ပြီး ဒီလူဟာ ဘယ်လိုလူပါဆိုတာကို သိလာတတ်ကြတာပါပဲ။

ရင့်ကျက်လာတဲ့ မိန်းကလေးတွေက ဟန်ဆောင်ခြင်း အတတ်ပညာကိုလည်း မသင်ကြားပဲ တတ်မြောက်လာခဲ့ကြပါတယ်။ ကိုယ်ဘာတွေပဲ ဖြစ်နေနေ လူတွေရှေ့မှာ လှပတဲ့ အပြုံးလေးကို ချိတ်ဆွဲထားလာနိုင်ပါတယ်။

လူတွေရဲ့ အကြောင်းကို သိပေမယ့် တစ်ခါတစ်လေမှာ မသိချင်ယောင်ဆောင်ပြီး ရေလိုက်ငါးလိုက်လည်း နေတတ်လာတာမျိုးပါ။ ဒါဟာ ရင့်ကျက်လာတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ တွေ့လာရတဲ့ အချက်တွေပဲ ဖြစ်ပါတယ်နော်။

Khin