



(1) ဝိတ်ချနိုင်တယ်


(2) ဗီတာမင် B6





(4) မဂ္ဂနီဆီယမ်


penny

Unicode

ငှက်ပျောသီး ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် အလှအပနဲ့ ကျန်းမာရေးကောင်းကျိုးများ

ငှက်ပျောသီးဟာ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေနဲ့ ဓာတ်တွေပေါကြွယ်ဝလျက်ရှိနေပါတယ်။

ဒီတော့ ပျိုမေတို့အနေနဲ့ အရသာလည်းရှိ၊ ဈေးလည်းသက်သာတဲ့ ငှက်ပျောသီးကနေပြီး ဘယ်လိုမျိုး အလှအပကောင်းကျိုးတွေ၊ ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်သလဲဆိုတာ ကြည့်ရအောင်။

(1) ဝိတ်ချနိုင်တယ်

ငှက်ပျောသီး တစ်နေ့ကို ၂ လုံးမှ ၃ လုံးသာစားပြီးတော့ ဝိတ်ချခြင်းဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းနဲ့ တခြားသောဓာတ်တွေကို ပြည့်ဝစွာနဲ့ ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။

(2) ဗီတာမင် B6

ဗီတာမင် B6 ဓာတ်ဟာ သွေးနီဥထုတ်လုပ်မှုကို တိုးမြှင့်စေတယ်၊ ကာဗိုဟိုက်ဒြိတ်နဲ့ ပြည့်ဝဆီတွေကို အားအင်အဖြစ် အသုံးပြုပြီး လောင်ကျွမ်းစေတယ် .. ။

amino acid ကို ကူညီပေးမယ်၊ အသည်းနဲ့ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်၊ နောက် အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတယ်။

(3) ဗီတာမင် စီ ဓာတ် ပေါကြွယ်ဝသော

ငှက်ပျောသီးမှာ ဗီတာမင်စီဓာတ် ပေါကြွယ်ဝတယ်ဆိုတာ သင်သိပါသလား။ ဗီတာမင် စီဓာတ်ဟာ ကော်လဂျင်ဓာတ်ကို လှုံ့နှိုးပေးတဲ့အတွက်ကြောင့် အသားအရေကိုလည်း ကောင်းမွန်စေပြီး စိတ်ဖိဆီးစေတဲ့ ဟော်မုန်းတွေကိုလည်း ဖယ်ရှားပေးပါတယ်။

(4) မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်ဓာတ်ဟာလည်း အသားအရေကို ကောင်းကျိုးပေးစေပါတယ်။

penny