ကြက်ဥ အနှစ် (၁) လုံး
Credit – မူရင်း
Unicode
ဆံပင်အုံပါးသူတွေ ဆံပင် ပိုထူစေမယ့် နည်းလမ်း…
လှပသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ အမျိုးသမီးတိုင်း အိပ်မက်မက်ကြပါတယ်။ တကယ်တော့ သင့်ဆံပင်ဟာ တစ်လ လက်မဝက်ခန့် ကြီးထွားနေတာပါ …။
ဒါပေမယ့် ဆံပင်ကြီးထွားမှုနဲ့ ဖွဲ့စည်းမှုပုံစံက ပတ်ဝန်းကျင်အကြောင်းခံတွေနဲ့ ဗီဇအပါအဝင် များစွာသော အချက်တွေပေါ်မှာ မူတည်ပါတယ် …။
သင့်ဆံပင်ဟာ သင့်ပုံမှန်စားသုံးတဲ့ အလေ့အကျင့်တိုင်း သန်စွမ်းမှု ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ ပုံမှန်အစားအသောက်က ရှည်လျားပြီး ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာအတွက် အဓိကဖြစ်ပါတယ်နော် …။
ဒီဆေးနည်းက သင့်ဆံပင်ပိုမိုထူထပ်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ် …။
ဆံပင်ပိုထူစေမယ့် ဆေးနည်းလမ်းလေးကတော့…
လိုအပ်တဲ့ပစ္စည်းများ
ကြက်ဆူဆီ ထမင်းစား ဇွန်း (၂) ဇွန်း
ကြက်ဥ အနှစ် (၁) လုံး
ပျားရည် ထမင်းစား ဇွန်း (၁) ဇွန်း
ပါဝင်ပစ္စည်းအားလုံးကို အတူ ရောစပ်လိုက်ပါ။ အဲဒီအရောအနှောနဲ့ ဆံပင်အမြစ်တွေ နှိပ်နယ်ပေးပြီး ကျန်တာနဲ့ ဆံပင်လိမ်းကျံပြီး
ဦးထုပ် သို့မဟုတ် ပလတ်စတစ်အိတ်လေးနဲ့ အုပ်ပေးရပါမယ်။ အဲဒီ အတိုင်း ၂- ၄ နာရီကြာ ထားပြီးနောက် ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးနဲ့ ဆေးကြော သန့်စင်ပေးပါ …။
ဒီ နည်းလမ်းအတိုင်း တစ်ပတ် ၁-၂ ကြိမ် နှစ်လ လုပ်ပေးရပါမယ်နော် …။ ။
Credit – မူရင်း