မိန်းမကတော့ ပွစိပွစိ လုပ်တာပေါ့လေ…သူလည်ဒီလိုအချိန်မှာ လင်ယောကျာ်းတစ်ယောက်အနေနဲ့ အနားမှာ ရှိစေချင်တာပေါ့…
Source – Cele Gabar
Unicode
မိန်းမက အိမ်ကိုတသက်လုံးပြန်မလာဖို့နဲ့ ကွာရှင်းပေးဖို့ပြောကြောင်း ဝမ်းနည်းစွာဆိုလာတဲ့ ဗေဒါ…
လူရွှင်တော် ဗေဒါကတော့ ဗီဒီယို နဲ့ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကားပေါင်းများစွာကို ပါဝင် သရုပ်ဆောင်ခဲ့သလို …၊
ပရိသတ်တွေရဲ့ အားပေးမှုကို တောက်လျှောက်ရရှိခဲ့ သူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိကိုဗစ်ကာလမှာတော့ ဗေဒါဟာ အနုပညာလုပ်ငန်းတွေကို ရပ်နားထားတာဖြစ်ပြီး …၊
ပရဟိတလုပ်ငန်းတွေကို လုပ် ကိုင်လျှက် ရှိ တာပဲ ဖြစ် ပါတယ် …။
ယခု ရက်ပိုင်း မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ ဦးဗေဒါက ကိုဗစ်ကာလ ပရဟိတ လုပ်ငန်းတွေကြောင့် မိန်းမက အိမ်ကို
တစ်သက်လုံး ပြန်မလာဖို့နဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ ပြောနေပြီလို့ ဆိုလာ ခဲ့ တာ ပါ …။
ဦးဗေဒါက “Quarentine ဝင်ဖို့ သံသယလူနာတွေကို ပို့ပေးတာတွေ လိုတဲ့ပစ္စည်းတွေ ဖြည့်ပေးတာတွေ လုပ်ပေးနေရတော့
လူနာနဲ့ တိုက်ရိုက်ထိတွေ့နေရသလိုပဲ တကယ်လို့ ဒီချိန်မှာ အိမ်ပြန်သွားရင် ဦးဗေဒါတို့က ကိုယ်ခံအားကောင်း လို့ ဘာမှမဖြစ်ပေမယ့်
တကယ် ကိုယ်ခံအား မကောင်း တဲ့ သူတွေကြတော့ ကူးစက် နိုင်တ ယ်လေ အဲ့ဒါနဲ့ အိမ်လုံးဝ မပြန်ဖို့ ဆုံးဖြတ် လိုက်တာပါ …။
မိန်းမကတော့ ပွစိပွစိ လုပ်တာပေါ့လေ…သူလည်ဒီလိုအချိန်မှာ လင်ယောက်ျားတစ်ယောက်အနေနဲ့ အနားမှာ ရှိစေချင်တာပေါ့…
ဒါပေမယ့်လည်း အများအတွက်ကို ဦးစားပေးရမယ့် အချိန်ဆိုတော့ တောက်လျှောက်လုပ်ဖြစ်နေတာပါ မိန်းမကို တော့
ဒီရောဂါကြီးပြီးသွားရင် အိမ်ပြန်လာမယ်လို့ ပြောထားတယ် သူကလည်းပြောပါတယ် ဒီရောဂါကြီးကတသက်လုံးမပြီးဘူးဆိုရင်
တသက်လုံးပြန်မလာနဲ့တဲ့ တခါတည်းသာ ကွာရှင်းစာချူပ်လက်မှတ်ထိုးပေးခဲ့လိုက်တော့လို့ပြောတာ
သူက ကိုယ့်တောင်ပြက်လုံး ပြန်ပြောနေသေးတယ် “လို့ ဆို လာ ခဲ့ တာ ပဲ ဖြစ် ပါ တယ် …။
ဦးဗေဒါကတော့ ကိုဗစ်ကာလကြီးမှာ ပရိဟိတလအလုပ်တွေကို အိမ်မပြန်ပဲဆောင်ရွက်နေတာကြောင့် မိန်းမရဲ့ ငြိုငြင်မှု
ကိုပါခံနေရတဲ့အကြောင်း ဟာသလေးနဲ့ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ဦးဗေဒါအတွက် အားပေး
စကား ပြော ခဲ့ ကြ ပါ အုန်း နော် …။ ။
Source – Cele Gabar