ေရခဲေသတၱာထဲ ထည့္ျပီးရင္ မစားသံုးသင့္ေၾကာင္း လူသိပ္မသိေသးတဲ့ အစားအစာမ်ား

ေရခဲေသတၱာထဲ ထည့္ျပီးရင္ မစားသံုးသင့္ေၾကာင္း လူသိပ္မသိေသးတဲ့ အစားအစာမ်ား

အခုေခတ္ အိမ္တိုင္းလိုလိုမွာ ေရခဲေသတၱာရွိျကျပီး အစားအစာေတြကိုလည္း တစ္ပတ္စာေလာက္ သိမ္းစည္းကာစားေသာက္တတ္ျကပါတယ္။

ဒီလိုလုပ္တာက ေန႔တိုင္းေစ်းသြားေနရတဲ့ အခက္အခဲကိုေလ်ာ့က်ေစျပီး အလုပ္ရွဳပ္သက္သာေစေပမယ့္ က်န္းမာေရးထိခိုက္ေစတဲ့အေျကာင္းအရင္းေတြလည္းရွိေနပါတယ္။

ေရခဲေသတၱာထဲထည့္ထားတာနဲ႕ ပါ၀င္တဲ့ အာဟာရဓာတ္ပါေလ်ာ့က်ျပီး အဆိပ္အေတာက္ျဖစ္ေစတဲ့ အစားအစာေတြလည္း ရွိေနလို႕ပါ ။

ေရခဲေသတၱာထဲထည့္မသိမ္းထားသင့္တဲ့ အစားအစာ(၆)မ်ိဳးကေတာ့…

(၁) အာလူး

ေရခဲေသတၱာထဲထည့္သိမ္းမထားသင့္တဲ့ အစားအစာေတြရဲ႕ ထိပ္ဆံုးမွာ အာလူးပါ၀င္ပါတယ္။ အာလူးမွာပါ၀င္တဲ့ ကဆီဓာတ္က ေရခဲေသတၱာထဲေရာက္တဲ့အခါ သျကားအျဖစ္ကိုေျပာင္းသြားပါတယ္။

ဒါ့ေျကာင့္ အာဟာရမျဖစ္ပဲ ေဘးဥပါဒ္ပဲျဖစ္ေစလို႕ မထည့္ထားသင့္ပါဘူးေနာ္။

(၂) ဖရဲသီး

ဖရဲသီးကို ေအးခဲထားတ့အခါ သူ႕မွာပါ၀င္တဲ့ အာဟာရဓာတ္ ၊ ေရဓာတ္ အကုန္လံုးခမ္းေျခာက္သြားပါတယ္ ။

ဒါ့ေျကာင့္ဖရဲသီးေအးေအးေလးစားခ်င္သူေတြအတြက္ ပါ၀င္တဲ့ အာဟာရဓာတ္ဆံုးရွံဳးမွဳေလ်ာ့ေအာင္ ပလတ္စတစ္အျကည္ေလးျဖစ္ျဖစ္ ဘူးေလးထဲထည့္ျပီးေတာ့ပဲျဖစ္ျဖစ္ တစ္ခုခုနဲ႕အုပ္ျပီးေတာ့မွ ထည့္ထားသင့္ပါတယ္။

(၃) ျကက္သြန္ျဖဴ

ျကက္သြန္ျဖဴေတြ ေရခဲေသတၱာထဲေရာက္တဲ့အခါ အစိုျပန္ျပီး ျမန္ျမန္ပုတ္ေစပါတယ္ ။ ေရခဲေသတၱာ အနံ႕အသက္အတြက္လည္း မေကာင္းပါဘူး ။

ျကက္သြန္ျဖဴေတြကိုေတာ့ ေနေရာင္လည္း တိုက္ရိုက္မက်ပဲ ေျခာက္ေသြ႕တဲ့ေနရာမ်ိဳးမွာပဲထားသင့္ပါတယ္။

(၄) ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးကိုလည္း အရည္ရြမ္းရြမ္းေလးနဲ႕ ေအးေအးေတာင့္ေတာင့္ေလး စားခ်င္ျကတဲ့အတြက္ ေရခဲေသတၱာထဲထည့္ထားတတ္ျကပါတယ္ ။

ဒါေပမယ့္ ခရမ္းခ်ဥ္သီးေတြက အပူခ်ိန္ ၁၂ ဒီဂရီေအာက္ ေရာက္တဲ့အခါ သူ႕မွာပါ၀င္တဲ့ အာဟာရဓာတ္ေတြအားလံုးဆံုးရွံဳးသြားျပီး အရသာပါေျပာင္းသြားပါတယ္။

(၅) ဥမ်ား

ဥေတြကို အပူခ်ိိန္အရမ္းနည္းတဲ့ေနရာမွာထားတဲ့အခါ သူ႕မွာပါ၀င္တဲ့ အာဟာရနဲ႕ သတၱဳဓာတ္ေတြအကုန္ေလ်ာ့နည္းသြားမွာပါ။

ေရခဲေသတၱာထဲမွာထားတဲ့အခါ ဥေတြမွာ ဘက္တီးရီးယားေတြပါေပါက္ပြားေစျပီး အစာမေက်တာနဲ႕ အစာအိမ္ေရာဂါေတြပါျဖစ္ေစလို႕ အျပင္မွာပဲထားသင့္ပါတယ္။

(၆) ျကက္သြန္နီ

ျကက္သြန္နီမွာလည္း ကဆီဓာတ္ပါ၀င္တာေျကာင့္ ေရခဲေသတၱာထဲမွာမထားသင့္ပါဘူး။ ျကက္သြန္ေတြကို ေရခဲေသတၱာထဲမွာ ျကာျကာထားရင္ အထားမခံပဲ ျမန္ျမန္ပုတ္ေစပါတယ္ ။

Rain

Unicode

ရေခဲသေတ္တာထဲ ထည့်ပြီးရင် မစားသုံးသင့်ကြောင်း လူသိပ်မသိသေးတဲ့ အစားအစာများ

အခုခေတ် အိမ်တိုင်းလိုလိုမှာ ရေခဲသေတ္တာရှိကြပြီး အစားအစာတွေကိုလည်း တစ်ပတ်စာလောက် သိမ်းစည်းကာစားသောက်တတ်ကြပါတယ်။

ဒီလိုလုပ်တာက နေ့တိုင်းဈေးသွားနေရတဲ့ အခက်အခဲကိုလျော့ကျစေပြီး အလုပ်ရှုပ်သက်သာစေပေမယ့် ကျန်းမာရေးထိခိုက်စေတဲ့အကြောင်းအရင်းတွေလည်းရှိနေပါတယ်။

ရေခဲသေတ္တာထဲထည့်ထားတာနဲ့ ပါဝင်တဲ့ အာဟာရဓာတ်ပါလျော့ကျပြီး အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတွေလည်း ရှိနေလို့ပါ ။

ရေခဲသေတ္တာထဲထည့်မသိမ်းထားသင့်တဲ့ အစားအစာ(၆)မျိုးကတော့…

(၁) အာလူး

ရေခဲသေတ္တာထဲထည့်သိမ်းမထားသင့်တဲ့ အစားအစာတွေရဲ့ ထိပ်ဆုံးမှာ အာလူးပါဝင်ပါတယ်။ အာလူးမှာပါဝင်တဲ့ ကဆီဓာတ်က ရေခဲသေတ္တာထဲရောက်တဲ့အခါ သကြားအဖြစ်ကိုပြောင်းသွားပါတယ်။

ဒါ့ကြောင့် အာဟာရမဖြစ်ပဲ ဘေးဥပါဒ်ပဲဖြစ်စေလို့ မထည့်ထားသင့်ပါဘူးနော်။

(၂) ဖရဲသီး

ဖရဲသီးကို အေးခဲထားတ့အခါ သူ့မှာပါဝင်တဲ့ အာဟာရဓာတ် ၊ ရေဓာတ် အကုန်လုံးခမ်းခြောက်သွားပါတယ် ။

ဒါ့ကြောင့်ဖရဲသီးအေးအေးလေးစားချင်သူတွေအတွက် ပါဝင်တဲ့ အာဟာရဓာတ်ဆုံးရှုံးမှုလျော့အောင် ပလတ်စတစ်အကြည်လေးဖြစ်ဖြစ် ဘူးလေးထဲထည့်ပြီးတော့ပဲဖြစ်ဖြစ် တစ်ခုခုနဲ့အုပ်ပြီးတော့မှ ထည့်ထားသင့်ပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွေ ရေခဲသေတ္တာထဲရောက်တဲ့အခါ အစိုပြန်ပြီး မြန်မြန်ပုတ်စေပါတယ် ။ ရေခဲသေတ္တာ အနံ့အသက်အတွက်လည်း မကောင်းပါဘူး ။

ကြက်သွန်ဖြူတွေကိုတော့ နေရောင်လည်း တိုက်ရိုက်မကျပဲ ခြောက်သွေ့တဲ့နေရာမျိုးမှာပဲထားသင့်ပါတယ်။

(၄) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကိုလည်း အရည်ရွမ်းရွမ်းလေးနဲ့ အေးအေးတောင့်တောင့်လေး စားချင်ကြတဲ့အတွက် ရေခဲသေတ္တာထဲထည့်ထားတတ်ကြပါတယ် ။

ဒါပေမယ့် ခရမ်းချဉ်သီးတွေက အပူချိန် ၁၂ ဒီဂရီအောက် ရောက်တဲ့အခါ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေအားလုံးဆုံးရှုံးသွားပြီး အရသာပါပြောင်းသွားပါတယ်။

(၅) ဥများ

ဥတွေကို အပူချိန်အရမ်းနည်းတဲ့နေရာမှာထားတဲ့အခါ သူ့မှာပါဝင်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေအကုန်လျော့နည်းသွားမှာပါ။

ရေခဲသေတ္တာထဲမှာထားတဲ့အခါ ဥတွေမှာ ဘက်တီးရီးယားတွေပါပေါက်ပွားစေပြီး အစာမကျေတာနဲ့ အစာအိမ်ရောဂါတွေပါဖြစ်စေလို့ အပြင်မှာပဲထားသင့်ပါတယ်။

(၆) ကြက်သွန်နီ

ကြက်သွန်နီမှာလည်း ကဆီဓာတ်ပါဝင်တာကြောင့် ရေခဲသေတ္တာထဲမှာမထားသင့်ပါဘူး။ ကြက်သွန်တွေကို ရေခဲသေတ္တာထဲမှာ ကြာကြာထားရင် အထားမခံပဲ မြန်မြန်ပုတ်စေပါတယ် ။

Rain