

ဖတ်ကြည့်လိုက်ပါနော် …။












Credit

Unicode Version

သင့်ရဲ့ ဆံပင်ပုံစံကိုကြည့်ပြီး သင့်ရဲ့စိတ်ဓါတ်က ဘယ်လိုဆိုတာ သိနိုင်ပါတယ်…

ဖတ်ကြည့်လိုက်ပါနော် …။

ဆံသားတွေမှ တစ်ဆင့် မိန်းကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သူ့ရဲ့ ပုံစံအမျိုးအစုံကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ် …။

ဒီလို နည်းလမ်းမျိုးစုံထဲကမှ သူ့ရဲ့ ဆံပင် ပုံစံကို ကြည့်ပြီး ခံစားနိုင်ပါတယ် …။

လူတစ်ယောက်က သူနဲ့ လိုက်မဲ့ ဆံပင် ပုံစံသူကြိုက်နှစ်သက်တဲ့ ဆံပင်ပုံစံ မျိုးစုံကို ထားကြပါတယ်။ သူတို့ ဆံပင်ပုံစံလေးတွေကမှ သူတို့ အကြောင်းလေးတွေကို သိရှိနိုင်ကြောင်း မျှဝေ ပေးမယ်နော် …။

ဆံပင်တိုကြိုက်နှစ်သက်သော မိန်းကလေးများ – ဒီလိုမိန်းကလေးမျိုးက အနုပညာသွေးအပြည့်အဝ ပါရှိကြပါတယ်။ သူတို့သဘာဝ အလှအပကိုလည်း ကြိုက်နှစ်သက်ကြပါတယ် …။

သူတို့ကို သူတို့ ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေး ကောင်းမွန်ကြပါတယ် …။

ဆံပင်ရှည်ကြိုက်နှစ်သက်သော မိန်းကလေးများ- ဆံပင်ရှည်ကိုမိန်းကလေး အများစုက သဘောကြ ကြပါတယ်။ ဆံပင်ရှည်ကြိုက်နှစ်သက်မိန်းကလေးတွေကစဉ်းစားတွေးခေါ်မှု နက်နဲတယ်။ လူမှုဆက်ဆံရေးမှာ ခေါင်းမာတဲ့၊ အသည်းမာတဲ့မိန်းကလေးမျိုးတွေ ဖြစ်ကြပါတယ် …။

ဆံပင်ကောက်ကြိုက်နှစ်သက်သော မိန်းကလေးများ – ဆံပင်ကောက် ကြိုက်နှစ်သက်သော မိန်းကလေးများက အများအားဖြင့် ချစ်စရာကောင်းကြပါတယ်။ဒါ့အပြင် အချစ်ခံရသော မိန်းကလေးများဖြစ်ကြတယ်။သူတို့ရဲ့ တွေးခေါ်မှု့တွေက မော်ဒန်ကြပြီး ပြိုင်ဘက်ကင်းကြတယ်။

ဆံပင်တွန့်လိမ် ကြိုက်နှစ်သက်သော မိန်းကလေးများ – အများအားဖြင့် ဒီလိုမိန်းကလေးမျိုးက စိတ်မြန်ကိုယ်မြန်လူမျိုးပါ။ခေါင်းဆောင်ကောင်း ပီသတယ်။ ကျော်ကြားသော မိန်းကလေးမျိုး ဖြစ်ပါတယ် …။

ဆံပင်ဖြောင့်ဆင်းသော မိန်းကလေးများ – ဖြောင့်စင်း ပျော့ပျောင်းသော ဆံသားပိုင်ရှင်များကတော့ ဆက်ဆံရေး ကောင်းမွန်းတဲ့လူမျိုးပါပဲအစီအစဉ်များဖြင့် ပြုလုပ်နိုင်သော မိန်းကလေးမျိုးပါ။ ဒါပေမဲ့ အရာဝတ္တုတွေနဲ့ ရှုပ်ပွအောင် နေတတ်ပါတယ် …။

ဂတုံး ဆံပင် မိန်းကလေးများ – ဒီလို မိန်းကလေးမျိုးကတော့ စိတ်ကူးယဉ်ဆန်သောမိန်းကလေးမျိုးဖြစ်ပါတယ်။ ချစ်တတ်သော နှလုံးသား ပိုင်ရှင်တြွေဖစ်ကြတယ်။ တစ်ခြား တစ်ယောက်ကိုချစ်ခြင်းမေတ္တာ ပေးစွမ်းနိုင်ကြတယ်။ ဖော်ရွေသော မိန်းကလေးမျိုးတွေ ဖြစ်ကြပါတယ် …။

မူရင်းရေးသားသူအားလေးစားစွာဖြင့်

Credit