သင့္ေမေမကို လံုးဝ စိတ္မေကာင္းျဖစ္သြားေစႏိုင္တဲ့ သင့္ရဲ႕အျပဳအမူ (၄) မ်ိဳး

သင့္ေမေမကို လံုးဝ စိတ္မေကာင္းျဖစ္သြားေစႏိုင္တဲ့ သင့္ရဲ႕အျပဳအမူ (၄) မ်ိဳး

မိဘဆိုတာ ကိုယ္ဆိုတာ ျဖစ္တည္လာေအာင္ ဖန္တီးေပးခဲ့တဲ့ အဖိုးတန္ လူသားေတြပါ။ မိဘေတြဆိုတာ သားသမီးကို အေကာင္းဆံုး အေျခအေနနဲ႔ ျမင္ခ်င္ၾကသူေတြခ်ည္းပါပဲ။

မိဘေတြက ထုတ္မေျပာရင္ေတာင္မွ သူတို႔ေတြက သားသမီးေတြကို ခ်စ္လြန္းလွပါတယ္။ သားသမီးေတြဆီက ဒီလိုမ်ိဳး အေျခအေနေတြကို ျမင္လိုက္ သိလိုက္ရရင္ေတာ့ ေမေမေတြက အႀကီးအက်ယ္ စိတ္မေကာင္း ျဖစ္သြားတတ္ၾကပါတယ္။

တစ္ခ်ိဳ႕ေမေမေတြက စိတ္မေကာင္း ျဖစ္တာကို သားသမီးကို မျမင္ေစခ်င္ၾကပါဘူး။

(၁) မိဘထက္ တျခားသူကို ပိုဂရုစိုက္တာ

သားသမီးေတြက မိဘကို ခ်စ္ျပရင္ မိဘေတြက အေပ်ာ္ရႊင္ဆံုး လူသား ျဖစ္မွာပါ။ ကိုယ္က ရင္နဲ႔ ရင္းၿပီး ေမြးထားရတဲ့ သားသမီးက သူတို႔ရဲ႕ ရည္းစားေတြ၊ ခ်စ္သူေတြနဲ႔ အိမ္ေထာင္ဖက္ကိုပဲ ဂရုစိုက္ၿပီး မိဘကို အဲ့ေလာက္ေလးေတာင္ ဂရုမစိုက္တာက မိဘေတြကို ရင္နာေစတဲ့ အခ်က္ပါပဲ။

မိဘေတြက အျပစ္မျမင္ေပမယ့္လည္း ဒီအခ်က္က သိပ္ကို စိတ္မေကာင္း ျဖစ္ေစတဲ့ အခ်က္ပါေနာ္။

(၂) မိဘကို မိဘလို မေတြးတာ

မိဘေတြကေတာ့ အျမဲ အသက္ႀကီးတဲ့အထိ မိဘလိုပဲ သားသမီးအေပၚ ေတြးၾကတာပါ။ ကိုယ့္သားသမီး ထိခိုက္မွာကို စိတ္ပူတယ္၊ စိတ္ညစ္ေနတာေတြကို မျဖစ္ေစခ်င္ဘူးဆိုတာေတြက မိဘေတြရဲ႕ ဘယ္ေတာ့မွ မေျပာင္းလဲတဲ့ စိတ္ထားေတြပါပဲ။

မိဘေတြကို မိဘအျဖစ္ ျပန္ၿပီး အထီးမက်န္ေအာင္၊ ေလးစားသမႈ ေပးတာ၊ အခ်စ္ေတြ ေပးတာေတြကို အသက္ႀကီးလာတဲ့ သားသမီးေတြက မလုပ္ေတာ့ဘဲ အေဝးကို ထြက္သြားတဲ့အခါ မိဘေတြက သူစိမ္းဆန္ဆန္ လူတစ္ေယာက္လုိ ျဖစ္လာပါေတာ့တယ္။ ဒီအေျခအေနကလည္း သင့္ေမေမကို ဝမ္းနည္းေစတဲ့ အခ်က္ပါပဲ။

(၃) မသိတတ္တာ

မိဘဆိုတာ သားသမီးကို ေမွ်ာ္လင့္ေပမယ့္လည္း ကိုယ့္အတြက္ သားသမီးက ျပန္ျဖည့္ဆည္းေပးဖို႔ သိပ္မေတြးထားၾကတဲ့သူေတြ ျဖစ္ပါတယ္။ ကိုယ့္ သားသမီးပဲ ဆိုတဲ့ တစ္ခ်က္နဲ႔ မိဘတိုင္းက သားသမီးေတြရဲ႕ ဆိုးေမြ ေကာင္းေမြ အားလံုးကို လက္ခံႏိုင္ၾကပါတယ္။

ဒါေပမယ့္လည္း သားသမီးက ကိုယ့္ကို တစ္ခုေလးေတာင္ မသိတတ္တာမ်ိဳးကို ျမင္ရတာက မိဘေတြအတြက္ စကားနဲ႔ ထုတ္မေျပာရဲေလာက္ေအာင္ ျဖစ္တဲ့ စိတ္မေကာင္းစရာ အေျခအေန တစ္ခု ျဖစ္ေစပါတယ္။

(၄) သားသမီးနဲ႔ မေတြ႔ရတဲ့အခါ

မိဘေတြက သူတို႔ရဲ႕ ဘဝမွာ သူတို႔ရဲ႕ မိသားစုနဲ႔ သားသမီးက အေရးအႀကီးဆံုးပါပဲ။ သားသမီး မ်က္ႏွာေလးကို ျမင္လိုက္ရတာက မိဘေတြရဲ႕ ပီတိနဲ႔ စိတ္ပူပန္မႈ၊ လြမ္းေဆြးမႈေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ တနယ္တေက်းမွာ သြားအလုပ္လုပ္ရတဲ့ သားသမီးကို လြမ္းေနရတဲ့ မိဘေတြ အမ်ားႀကီးပါပဲ။

သားသမီးေတြကို ေတြ႔ခ်င္ေပမယ့္ သားသမီးေတြက ၿမိဳ႕မွာ ေပ်ာ္ေနၿပီး အိမ္ျပန္္မလာျဖစ္ေတာ့တာေတြမ်ိဳးက မိဘေတြအတြက္ တကယ့္ကို ဝမ္းနည္းလြမ္းဆြတ္ရေစပါတယ္။

Kham

Unicode

သင့်မေမေကို လုံးဝ စိတ်မကောင်းဖြစ်သွားစေနိုင်တဲ့ သင့်ရဲ့အပြုအမူ (၄) မျိုး

မိဘဆိုတာ ကိုယ်ဆိုတာ ဖြစ်တည်လာအောင် ဖန်တီးပေးခဲ့တဲ့ အဖိုးတန် လူသားတွေပါ။ မိဘတွေဆိုတာ သားသမီးကို အကောင်းဆုံး အခြေအနေနဲ့ မြင်ချင်ကြသူတွေချည်းပါပဲ။

မိဘတွေက ထုတ်မပြောရင်တောင်မှ သူတို့တွေက သားသမီးတွေကို ချစ်လွန်းလှပါတယ်။ သားသမီးတွေဆီက ဒီလိုမျိုး အခြေအနေတွေကို မြင်လိုက် သိလိုက်ရရင်တော့ မေမေတွေက အကြီးအကျယ် စိတ်မကောင်း ဖြစ်သွားတတ်ကြပါတယ်။

တစ်ချို့မေမေတွေက စိတ်မကောင်း ဖြစ်တာကို သားသမီးကို မမြင်စေချင်ကြပါဘူး။

(၁) မိဘထက် တခြားသူကို ပိုဂရုစိုက်တာ

သားသမီးတွေက မိဘကို ချစ်ပြရင် မိဘတွေက အပျော်ရွှင်ဆုံး လူသား ဖြစ်မှာပါ။ ကိုယ်က ရင်နဲ့ ရင်းပြီး မွေးထားရတဲ့ သားသမီးက သူတို့ရဲ့ ရည်းစားတွေ၊ ချစ်သူတွေနဲ့ အိမ်ထောင်ဖက်ကိုပဲ ဂရုစိုက်ပြီး မိဘကို အဲ့လောက်လေးတောင် ဂရုမစိုက်တာက မိဘတွေကို ရင်နာစေတဲ့ အချက်ပါပဲ။

မိဘတွေက အပြစ်မမြင်ပေမယ့်လည်း ဒီအချက်က သိပ်ကို စိတ်မကောင်း ဖြစ်စေတဲ့ အချက်ပါနော်။

(၂) မိဘကို မိဘလို မတွေးတာ

မိဘတွေကတော့ အမြဲ အသက်ကြီးတဲ့အထိ မိဘလိုပဲ သားသမီးအပေါ် တွေးကြတာပါ။ ကိုယ့်သားသမီး ထိခိုက်မှာကို စိတ်ပူတယ်၊ စိတ်ညစ်နေတာတွေကို မဖြစ်စေချင်ဘူးဆိုတာတွေက မိဘတွေရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ စိတ်ထားတွေပါပဲ။

မိဘတွေကို မိဘအဖြစ် ပြန်ပြီး အထီးမကျန်အောင်၊ လေးစားသမှု ပေးတာ၊ အချစ်တွေ ပေးတာတွေကို အသက်ကြီးလာတဲ့ သားသမီးတွေက မလုပ်တော့ဘဲ အဝေးကို ထွက်သွားတဲ့အခါ မိဘတွေက သူစိမ်းဆန်ဆန် လူတစ်ယောက်လို ဖြစ်လာပါတော့တယ်။ ဒီအခြေအနေကလည်း သင့်မေမေကို ဝမ်းနည်းစေတဲ့ အချက်ပါပဲ။

(၃) မသိတတ်တာ

မိဘဆိုတာ သားသမီးကို မျှော်လင့်ပေမယ့်လည်း ကိုယ့်အတွက် သားသမီးက ပြန်ဖြည့်ဆည်းပေးဖို့ သိပ်မတွေးထားကြတဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့် သားသမီးပဲ ဆိုတဲ့ တစ်ချက်နဲ့ မိဘတိုင်းက သားသမီးတွေရဲ့ ဆိုးမွေ ကောင်းမွေ အားလုံးကို လက်ခံနိုင်ကြပါတယ်။

ဒါပေမယ့်လည်း သားသမီးက ကိုယ့်ကို တစ်ခုလေးတောင် မသိတတ်တာမျိုးကို မြင်ရတာက မိဘတွေအတွက် စကားနဲ့ ထုတ်မပြောရဲလောက်အောင် ဖြစ်တဲ့ စိတ်မကောင်းစရာ အခြေအနေ တစ်ခု ဖြစ်စေပါတယ်။

(၄) သားသမီးနဲ့ မတွေ့ရတဲ့အခါ

မိဘတွေက သူတို့ရဲ့ ဘဝမှာ သူတို့ရဲ့ မိသားစုနဲ့ သားသမီးက အရေးအကြီးဆုံးပါပဲ။ သားသမီး မျက်နှာလေးကို မြင်လိုက်ရတာက မိဘတွေရဲ့ ပီတိနဲ့ စိတ်ပူပန်မှု၊ လွမ်းဆွေးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ တနယ်တကျေးမှာ သွားအလုပ်လုပ်ရတဲ့ သားသမီးကို လွမ်းနေရတဲ့ မိဘတွေ အများကြီးပါပဲ။

သားသမီးတွေကို တွေ့ချင်ပေမယ့် သားသမီးတွေက မြို့မှာ ပျော်နေပြီး အိမ်ပြန်မလာဖြစ်တော့တာတွေမျိုးက မိဘတွေအတွက် တကယ့်ကို ဝမ်းနည်းလွမ်းဆွတ်ရစေပါတယ်။

Kham