(၂) လိပ်ပြာလုံချင်လို့”
(၃) ပြောကို မပြောတတ်တာ”
(၄) ဘာသာရေးကြောင့်”
Credit
Kham
Unicode
ဘာအကြောင်းနဲ့မှ မလိမ်ညာတတ် သူတွေရဲ့ စိတ်ရင်းက ဒီလိုမျိုးပါ…
အသက်ကြီးလာတာနဲ့ အမျှ လူတွေ အကြောင်းအမျိုးမျိုး လိမ်ညာတတ်လာကြပါတယ်။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး မလိမ်တဲ့သူတွေနဲ့ လိမ်ရတာကို ဝန်လေးတဲ့ သူတွေအပြင် မလိမ်တတ် မညာတတ်တဲ့ သူတွေလည်း ရှိလို့ နေပါတယ်။ သူတို့မှာတော့ ဒီလို အကြောင်းတွေ ရှိနေတတ်ပါတယ်နော် …။
(၁) မကောင်းမှု တစ်ခုလို့ မြင်လို့”
တစ်ချို့သူတွေကတော့ ဘာအကြောင်းနဲ့မှ လိမ်မပြော ချင်ကြပါဘူး။ လိမ်ပြောရတာကို သူတို့က မကောင်းတဲ့အရာတစ်ခုကို ခံစားရပြီး တစ်ခါလိမ်မိရင်လည်း ရာဇဝတ်မှု ကျူးလွန်ထားသလို ကိုယ့်ကိုယ်ကို မကောင်းတဲ့ ခံစားချက်ဖြစ်ပြီး မသက်မသာ ဖြစ်နေတတ်ပါတယ် …။
(၂) လိပ်ပြာလုံချင်လို့”
တစ်ချို့သူတွေကတော့ လိပ်ပြာလုံစွာနဲ့ပဲ ရှင်သန်ချင်ကြသူတွေ ဖြစ်ပါတယ်။ လိမ်ညာပြီး ပြောလိုက်တာမျိုးထက် အမှန်အတိုင်း ပြောလိုက်ရတာက သူတို့အတွက် ပို စိတ်ချမ်းသာရလေ့ ရှိပါတယ်။ ဒါကြောင့် သူတို့က မလိမ်ပဲ နေတတ်ကြပါတယ် …။
(၃) ပြောကို မပြောတတ်တာ”
တစ်ချို့ကတော့ လုံးဝကို မလိမ်တတ်ကြပါဘူး။ သူတို့က လိမ်ဖို့ ကြိုးစားရင်လည်း အလိမ်ပေါ်တတ်ကြပါတယ်။ လိမ်ဖို့လုပ်ရင် အမူအရာတွေ ပျက်ယွင်းပြီး လွဲချော်နေတတ်တာမို့ ပင်ကိုမှာ မလိမ်တတ်သူတွေ ဖြစ်နေတာပါ။ ရိုးသားလွန်းသူလို့ လည်း ပြောလို့ ရပါတယ် …။
(၄) ဘာသာရေးကြောင့်”
ဘာသာရေး ယုံကြည်မှု နက်ရှိုင်းတဲ့သူတွေကလည်း ဘာသာရေး အဆုံးအမတွေကို ယုံကြည်လိုက်နာကြပါတယ်။ ဒါကြောင့် မလိမ်မညာတဲ့ လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်တတ်ကြပါတယ်။ သူတို့ကတော့ အမြဲ ကိုယ့်ကိုယ်ကို မလိမ်ဖို့ သတိပေးတတ် ကြပါတယ် …။
(၅) လူကောင်းတစ်ယောက် ဖြစ်ဖို့”
လူကောင်း ဖြစ်ဖို့ ကြိုးစားသူတွေကလည်း လိမ်ညာတာမျိုး မလုပ်ကြပါဘူး။ လူကောင်း တစ်ယောက်မှာ ရှိရမယ့် ဝိသေသတွေကို လိုက်နာတတ်ကြတာမျိုး ဖြစ်ပါတယ်။ ဒီလို လူကောင်းလေးတွေကိုတော့ လိမ်ခိုင်းဖို့ အကူအညီတောင်းလို့ မရနိုင်ပါဘူးနော် …။ ။
Credit
Kham