ခ်စ္သူေတြအခ်င္းခ်င္း ဆက္ဆံေရး မပ်က္ျပားခ်င္ရင္ ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကားေလးေတြ

ခ်စ္သူေတြအခ်င္းခ်င္း ဆက္ဆံေရး မပ်က္ျပားခ်င္ရင္ ဘယ္ေတာ့မွ မေျပာသင့္တဲ့ စကားေလးေတြ

စကားလံုးေတြက ဓားေတြထက္ ပိုထက္ၿပီး လူေတာင္သတ္ႏို္င္တယ္လုိ႔ ေျပာတတ္ၾကပါတယ္။ ဒါဟာ တကယ့္ကို အမွန္တရား တစ္ခုျဖစ္ၿပီး စကားတစ္ခြန္းေၾကာင့္လည္း လူတစ္ေယာက္ဟာ စိတ္ဒဏ္ရာေတြ ရသြားႏုိင္ပါတယ္ …. ။

အထူးသျဖင့္ ခ်စ္သူအခ်င္းခ်င္းၾကားမွာ ဒီလုိစကားေတြကို ဘယ္ေတာ့မွ မေျပာသင့္ပါဘူး။ ဒါက ဆက္ဆံေရးကို ဆိုးဝါးစြာ ထိခုိက္ေစ႐ံုမက မလုိအပ္ပဲ နာက်င္စရာေတြ မ်ားေစလုိ႔ပါပဲ … ။

(1) ကဲ့ရဲ႕႐ႈတ္ခ်တာ

ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္ကို ကဲ႔ရဲ႕႐ႈတ္ခ်တတ္တဲ့ အျပဳအမူေတြက တကယ္တမ္းမွာ အခ်စ္လုိ႔ေခၚဖို႔ေတာင္ ခက္ခဲလြန္းပါတယ္။ ကိုယ္ခ်စ္လုိ႔ လက္တြဲထားတဲ့ သူတစ္ေယာက္ကို စေနာက္ၿပီးေတာ့ေတာင္ ကဲ့ရဲ႕တာမ်ိဳး မလုပ္သင့္ပါဘူး။

ဒါက တစ္္ဖက္လူကို စိတ္ဒဏ္ရာရေစသလို ကိုယ့္လုပ္လိုက္တဲ့ အျပဳအမူဟာ ဘယ္ေလာက္ေတာင္ အျမင္ကတ္စရာေကာင္းလဲဆုိတာကို ကိုယ့္ကိုယ္ကို ျမင္ေယာင္ၾကည့္ပါ။

(2) အားနည္းခ်က္ကို ေျပာတာ

ခ်စ္သူရည္းစားပဲ ျဖစ္ျဖစ္၊ သူငယ္ခ်င္းပဲ ျဖစ္ျဖစ္ သူတစ္ပါး အားနည္းခ်က္ကို ဖိေျပာတတ္တာက လူႀကီးလူေကာင္း မဆန္ပါဘူးေနာ္။ လူတိုင္းမွာ အားနည္းခ်က္ကိုယ္စီ ႐ွိၾကပါတယ္ … ။

ဒါကိုမွ သူမ်ားအားနည္းခ်က္ကို အေရးတယူလုပ္ၿပီး ခဏခဏ ေျပာတတ္တဲ့ အက်င့္က ဆက္ဆံေရးတစ္ခုကို ပ်က္ျပားသြားေစတတ္ပါတယ္။ ဘယ္သူကမွ ကိုယ့္အားနည္းခ်က္ကို လုိက္ေျပာေနတာမ်ိဳးကို ႀကိဳက္မယ္မထင္ပါဘူးေနာ္။

(3) သူမ်ားေတြဆီမွာ မေကာင္းေၾကာင္းေတြ ေျပာတာ

ဆက္ဆံေရးတစ္ခု ဘယ္ေလာက္ပဲ ဆုိးဝါးေနပါေစ၊ ဘယ္ေလာက္ပဲ ျပသနာေတြ ႐ွိေနပါေစ ကာယကံ႐ွင္ ႏွစ္ေယာက္ တုိင္ပင္ေဆြးေႏြးေျပာဆုိတာက အေကာင္းဆံုးေသာ ေျဖ႐ွင္းနည္း ျဖစ္ပါတယ္။ ကိုယ့္ခ်စ္သူ မေကာင္းေၾကာင္းေတြကို သူမ်ားေတြဆီမွာ လုိက္ေျပာတတ္တာမ်ိဳးက တကယ့္မမိုက္ပါဘူးေနာ္။

ဒါက ကိုယ့္ခ်စ္သူမေကာင္းတာကို သူမ်ားေတြသိေအာင္ လုပ္ေနသလုိျဖစ္ၿပီး ခ်စ္သူကလည္း ကိုယ့္ကိုယ္ စိတ္ပ်က္သြားေစမွာပါ။ ကိုယ့္ျပသနာကို လူတိုင္းကို ေျပာမိတဲ့အခါ သင့္ကို ၾကည့္မရတဲ့ သူေတြက သင့္ေနာက္ကြယ္ေရာက္ရင္ ေလွာင္ရယ္ေနၾကပါလိမ့္မယ္။

(4) လူေတြေ႐ွ႕မွာ ေဒါသတႀကီး ေျပာဆုိတာ

ဘယ္ေလာက္ပဲ ေဒါသေတြျဖစ္ေနပါေစ ကိုယ့္ခ်စ္သူကို လူေ႐ွ႕သူေ႐ွ႕ ေအာ္ဟစ္ေျပာဆုိတာမ်ိဳး လံုးဝမလုပ္သင့္ပါဘူး။ ကိုယ့္ေဒါသေၾကာင့္ ေအာ္လုိက္မိတဲ့ စကားတစ္ခြန္းက သူ႔ရဲ႕ အ႐ွက္သိကၡာေတြ၊ ေဘးလူေတြရဲ႕ ေဝဖန္တဲ့အျမင္ေတြနဲ႔ သက္ဆုိင္ေနပါတယ္။

ခ်စ္သူကို လူေ႐ွ႕မွာ ေအာ္ဟစ္ေပါက္ကြဲတတ္တဲ့ အက်င့္က တကယ့္ကို အက်ဥ္းတန္ ႐ုပ္ဆိုးလြန္းသလုိ တစ္ဖက္လူအတြက္လည္း အ႐ွက္တကြဲ စိတ္ဒဏ္ရာ ရေစတတ္ပါတယ္။

Khin

Unicode

ချစ်သူတွေအချင်းချင်း ဆက်ဆံရေး မပျက်ပြားချင်ရင် ဘယ်တော့မှ မပြောသင့်တဲ့ စကားလေးတွေ

စကားလုံးတွေက ဓားတွေထက် ပိုထက်ပြီး လူတောင်သတ်န်ိုင်တယ်လို့ ပြောတတ်ကြပါတယ်။ ဒါဟာ တကယ့်ကို အမှန်တရား တစ်ခုဖြစ်ပြီး စကားတစ်ခွန်းကြောင့်လည်း လူတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။
အထူးသဖြင့် ချစ်သူအချင်းချင်းကြားမှာ ဒီလိုစကားတွေကို ဘယ်တော့မှ မပြောသင့်ပါဘူး။ ဒါက ဆက်ဆံရေးကို ဆိုးဝါးစွာ ထိခိုက်စေရုံမက မလိုအပ်ပဲ နာကျင်စရာတွေ များစေလို့ပါပဲ။

(1) ကဲ့ရဲ့ရှုတ်ချတာ

ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ကဲ့ရဲ့ရှုတ်ချတတ်တဲ့ အပြုအမူတွေက တကယ်တမ်းမှာ အချစ်လို့ခေါ်ဖို့တောင် ခက်ခဲလွန်းပါတယ်။ ကိုယ်ချစ်လို့ လက်တွဲထားတဲ့ သူတစ်ယောက်ကို စနောက်ပြီးတော့တောင် ကဲ့ရဲ့တာမျိုး မလုပ်သင့်ပါဘူး။

ဒါက တစ်ဖက်လူကို စိတ်ဒဏ်ရာရစေသလို ကိုယ့်လုပ်လိုက်တဲ့ အပြုအမူဟာ ဘယ်လောက်တောင် အမြင်ကတ်စရာကောင်းလဲဆိုတာကို ကိုယ့်ကိုယ်ကို မြင်ယောင်ကြည့်ပါ။

(2) အားနည်းချက်ကို ပြောတာ

ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ် သူတစ်ပါး အားနည်းချက်ကို ဖိပြောတတ်တာက လူကြီးလူကောင်း မဆန်ပါဘူးနော်။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြပါတယ် … ။

ဒါကိုမှ သူများအားနည်းချက်ကို အရေးတယူလုပ်ပြီး ခဏခဏ ပြောတတ်တဲ့ အကျင့်က ဆက်ဆံရေးတစ်ခုကို ပျက်ပြားသွားစေတတ်ပါတယ်။ ဘယ်သူကမှ ကိုယ့်အားနည်းချက်ကို လိုက်ပြောနေတာမျိုးကို ကြိုက်မယ်မထင်ပါဘူးနော်။

(3) သူများတွေဆီမှာ မကောင်းကြောင်းတွေ ပြောတာ

ဆက်ဆံရေးတစ်ခု ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ၊ ဘယ်လောက်ပဲ ပြသနာတွေ ရှိနေပါစေ ကာယကံရှင် နှစ်ယောက် တိုင်ပင်ဆွေးနွေးပြောဆိုတာက အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ပါတယ်။ ကိုယ့်ချစ်သူ မကောင်းကြောင်းတွေကို သူများတွေဆီမှာ လိုက်ပြောတတ်တာမျိုးက တကယ့်မမိုက်ပါဘူးနော်။

ဒါက ကိုယ့်ချစ်သူမကောင်းတာကို သူများတွေသိအောင် လုပ်နေသလိုဖြစ်ပြီး ချစ်သူကလည်း ကိုယ့်ကိုယ် စိတ်ပျက်သွားစေမှာပါ။ ကိုယ့်ပြသနာကို လူတိုင်းကို ပြောမိတဲ့အခါ သင့်ကို ကြည့်မရတဲ့ သူတွေက သင့်နောက်ကွယ်ရောက်ရင် လှောင်ရယ်နေကြပါလိမ့်မယ်။

(4) လူတွေရှေ့မှာ ဒေါသတကြီး ပြောဆိုတာ

ဘယ်လောက်ပဲ ဒေါသတွေဖြစ်နေပါစေ ကိုယ့်ချစ်သူကို လူရှေ့သူရှေ့ အော်ဟစ်ပြောဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ဒေါသကြောင့် အော်လိုက်မိတဲ့ စကားတစ်ခွန်းက သူ့ရဲ့ အရှက်သိက္ခာတွေ၊ ဘေးလူတွေရဲ့ ဝေဖန်တဲ့အမြင်တွေနဲ့ သက်ဆိုင်နေပါတယ်။

ချစ်သူကို လူရှေ့မှာ အော်ဟစ်ပေါက်ကွဲတတ်တဲ့ အကျင့်က တကယ့်ကို အကျဉ်းတန် ရုပ်ဆိုးလွန်းသလို တစ်ဖက်လူအတွက်လည်း အရှက်တကွဲ စိတ်ဒဏ်ရာ ရစေတတ်ပါတယ်။

Khin