ဒီအခ်က္ေတြ သင့္မွာရွိေနၿပီဆိုရင္ သူ႕ဖက္က သင့္ကို Right Person လို႔ သတ္မွတ္လိုက္ပါၿပီ…

ဒီအခ်က္ေတြ သင့္မွာရွိေနၿပီဆိုရင္ သူ႕ဖက္က သင့္ကို Right Person လို႔ သတ္မွတ္လိုက္ပါၿပီ…

ကဲ…အျမဲတမ္း ကိုယ္္ေတြဖက္ကပဲ Right person ဆိုတာ ဘယ္လိုမ်ိဳးဆိုၿပီး အမ်ိဳးမ်ိဳး ေဖာ္ျပေပးေနခဲ့တာ ဒီတစ္ခါမွာေတာ့ ေကာင္ေလးေတြဖက္က ဘယ္လိုအခ်ိန္မ်ိဳးေတြမွာ Right person လို႔ သတ္မွတ္ၾကသလဲဆိုတာ ၾကည့္လုိက္ ၾကရေအာင္ေနာ္ …။

Date တုိင္းမွာ အဆင္ေျပေနခဲ့မယ္ ဆိုရင္”

Date လုပ္တယ္ဆိုတာ ခ်စ္သူေတြမျဖစ္ခင္ တစ္ေယာက္နဲ႔တစ္ေယာက္ ေလ့လာဖုိ႔အျပင္မွာေတြ႕တာကို ဆိုလိုပါတယ္။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ သင့္အေနနဲ႔ သူနဲ႔စကားေျပာတာ၊ စားတာေသာက္တာ၊ သြားတာလာ ကအစ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ေပါ့ပါးပါးနဲ႔ စိတ္ဝင္စားဖို႔ေကာင္းေအာင္ ေနႏုိင္မယ္ဆိုရင္ သူတို႔ စိတ္ထဲ သင္ဟာ အလိုလိုေနရင္းနဲ႔ ႀကီးစိုးသြား မွာပါ …။

သင္ဟာ Listener ေကာင္းတစ္ေယာက္ ဆိုရင္

တကယ္ေတာ့ ေကာင္ေလးေတြမွာလည္း Down time ဆိုတာ ရွိတတ္ ၾကပါတယ္။ ဝမ္းနည္းတဲ့အခ်ိန္ေတြ၊ စိတ္ဓာတ္က် အားငယ္တဲ့ အခ်ိန္မ်ိဳးေတြမွာ သူတုိ႔ရင္ဖြင့္ခ်င္တာေတြကို စိတ္ရွည္လက္ရွည္နဲ႔ စိတ္ပါဝင္စားစြာ နားေထာင္ၿပီး အထင္မေသးဘဲ ႏွစ္သိမ့္ႏိုင္မယ္၊ အၾကံေကာင္းေတြ ေပးႏုိင္မယ္ဆိုရင္ ေကာင္ေလးေတြဟာ သင့္အေရွ႕မွာ စိတ္ခ်လက္ခ် မ်က္ရည္က်ႏုိင္ၿပီဆိုတဲ့ အေတြးနဲ႔ သင့္ကို Right person လုိ႔ သတ္မွတ္တတ္ ၾကပါတယ္ …။

သူနဲ႔အႏုပညာပိုင္းမွာ အႀကိဳက္ခ်င္း တူေနရင္”

သီခ်င္းအႀကိဳက္ေလးေတြ၊ ရုပ္ရွင္အႀကိဳက္ေလးေတြဟာ သူႀကိဳက္လို႔ ကုိယ္က ဝတ္ေက်တမ္းေက်နဲ႔ ခံစားေပးတာမ်ိဳးေတာ့ မျဖစ္ရပါဘူးတဲ့။ ဆိုလိုခ်င္တာ ဥပမာ – hip hop ႀကိဳက္တဲ့ေကာင္ေလးဆိုရင္ hip hop တကယ္ႀကိဳက္တဲ့ ေကာင္မေလးဆိုရင္ ပိုျပီးေၾကြ မိသြားတာမ်ိဳးေပါ့။ ဒီလိုအႏုပညာနဲ႔ပတ္သက္ၿပီး ခံစားခ်က္ေတြ ထပ္တူက်တဲ့ အခါ ခံစားခ်က္ခ်င္း အခ်ိတ္အဆက္မိတယ္လို႔ ေကာင္ေလးေတြက ထင္တတ္ၾကပါတယ္ …။

သူနဲ႔အတူ တိတ္တိတ္ေလးေနတတ္တဲ့ လူမ်ိဳး”

တစ္ခါတစ္ေလ လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ေျပာစရာစကားေတြရွာမေတြ႕ေတာ့ဘဲ ဆိတ္ၿငိမ္သြားတဲ့အခိုက္အတန္႔ေတြ ရွိတတ္ပါတယ္။ အဲလိုအခ်ိန္မ်ိဳးမွာဆိုရင္ မိန္းကေလးေတြဖက္က သူငါ့ကို ဘာလို႔စကားမေျပာေတာ့တာလဲဆိုၿပီး ေဒါသထြက္တတ္တဲ့ လူနဲ႔၊ ငါဘာမ်ားမွားသြားလို႔လဲဆိုတၿပီး စိုးရိမ္စိတ္ဝင္တဲ့လူနဲ႔ အမ်ိဳးမ်ိဳး ရွိတတ္ပါတယ္။ တကယ္ေတာ့ အဲလိုအခ်ိန္မ်ိဳးမွာ ေကာင္လးေတြဟာ သူတုိ႔နဲ႔အတူတူ ဆိတ္ၿငိမ္မႈကို ခံစားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ၿငိမ္ၿငိမ္ေလးေနၿပီး အၾကည့္ခ်င္းဆံုကာ ျပံဳးမိ ရယ္မိရင္ကို သူတို႔စိတ္နဲ႔ ထပ္တူက်တဲ့ ေကာင္မေလးဆိုၿပီး ေကာက္ခ်က္ခ်တတ္ၾကတယ္တဲ့။ ထူးထူးဆန္းဆန္းပါပဲ …။

ရင္ဘတ္ခ်င္းခ်ိတ္ဆက္ဖို႔ စကားလံုးေတြ သိပ္မသံုးရရင္”

တကယ္ေတာ့ေကာင္ေလးေတြရဲ႕ သဘာဝကိုက စကားေတြအမ်ားႀကီး မေျပာတတ္ၾကဘူး။ ေျပာခ်င္ရင္ေတာင္မွ ဘာေျပာရမွန္းမသိတဲ့လူမ်ိဳးေတြဆိုေတာ့ ေကာင္မေလးေတြကို စကားလံုးေတြနဲ႔ ဖြဲ႕ႏြဲ႕ၿပီးမေျပာဘဲနဲ႔ စိတ္ခ်င္းဆက္ႏြယ္ၿပီး အလုိလိုသိေနတာမ်ိဳဳးဆိုရင္ ဘာမွမေျပာနဲဲ႔ေတာ့.. သင္ကသူ႕အတြက္ Right person ပါပဲတဲ့ေနာ္ …။ ။

Credit

penny

Unicode

ဒီအချက်တွေ သင့်မှာရှိနေပြီဆိုရင် သူ့ဖက်က သင့်ကို Right Person လို့ သတ်မှတ်လိုက်ပါပြီ…

ကဲ…အမြဲတမ်း ကိုယ်တွေဖက်ကပဲ Right person ဆိုတာ ဘယ်လိုမျိုးဆိုပြီး အမျိုးမျိုး ဖော်ပြပေးနေခဲ့တာ ဒီတစ်ခါမှာတော့ ကောင်လေးတွေဖက်က ဘယ်လိုအချိန်မျိုးတွေမှာ Right person လို့ သတ်မှတ်ကြသလဲဆိုတာ ကြည့်လိုက် ကြရအောင်နော် …။

Date တိုင်းမှာ အဆင်ပြေနေခဲ့မယ် ဆိုရင်”

Date လုပ်တယ်ဆိုတာ ချစ်သူတွေမဖြစ်ခင် တစ်ယောက်နဲ့တစ်ယောက် လေ့လာဖို့အပြင်မှာတွေ့တာကို ဆိုလိုပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ သင့်အနေနဲ့ သူနဲ့စကားပြောတာ၊ စားတာသောက်တာ၊ သွားတာလာ ကအစ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် နေနိုင်မယ်ဆိုရင် သူတို့ စိတ်ထဲ သင်ဟာ အလိုလိုနေရင်းနဲ့ ကြီးစိုးသွား မှာပါ …။

သင်ဟာ Listener ကောင်းတစ်ယောက် ဆိုရင်

တကယ်တော့ ကောင်လေးတွေမှာလည်း Down time ဆိုတာ ရှိတတ် ကြပါတယ်။ ဝမ်းနည်းတဲ့အချိန်တွေ၊ စိတ်ဓာတ်ကျ အားငယ်တဲ့ အချိန်မျိုးတွေမှာ သူတို့ရင်ဖွင့်ချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ စိတ်ပါဝင်စားစွာ နားထောင်ပြီး အထင်မသေးဘဲ နှစ်သိမ့်နိုင်မယ်၊ အကြံကောင်းတွေ ပေးနိုင်မယ်ဆိုရင် ကောင်လေးတွေဟာ သင့်အရှေ့မှာ စိတ်ချလက်ချ မျက်ရည်ကျနိုင်ပြီဆိုတဲ့ အတွေးနဲ့ သင့်ကို Right person လို့ သတ်မှတ်တတ် ကြပါတယ် …။

သူနဲ့အနုပညာပိုင်းမှာ အကြိုက်ချင်း တူနေရင်”

သီချင်းအကြိုက်လေးတွေ၊ ရုပ်ရှင်အကြိုက်လေးတွေဟာ သူကြိုက်လို့ ကိုယ်က ဝတ်ကျေတမ်းကျေနဲ့ ခံစားပေးတာမျိုးတော့ မဖြစ်ရပါဘူးတဲ့။ ဆိုလိုချင်တာ ဥပမာ – hip hop ကြိုက်တဲ့ကောင်လေးဆိုရင် hip hop တကယ်ကြိုက်တဲ့ ကောင်မလေးဆိုရင် ပိုပြီးကြွေ မိသွားတာမျိုးပေါ့။ ဒီလိုအနုပညာနဲ့ပတ်သက်ပြီး ခံစားချက်တွေ ထပ်တူကျတဲ့ အခါ ခံစားချက်ချင်း အချိတ်အဆက်မိတယ်လို့ ကောင်လေးတွေက ထင်တတ်ကြပါတယ် …။

သူနဲ့အတူ တိတ်တိတ်လေးနေတတ်တဲ့ လူမျိုး”

တစ်ခါတစ်လေ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပြောစရာစကားတွေရှာမတွေ့တော့ဘဲ ဆိတ်ငြိမ်သွားတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာဆိုရင် မိန်းကလေးတွေဖက်က သူငါ့ကို ဘာလို့စကားမပြောတော့တာလဲဆိုပြီး ဒေါသထွက်တတ်တဲ့ လူနဲ့၊ ငါဘာများမှားသွားလို့လဲဆိုတပြီး စိုးရိမ်စိတ်ဝင်တဲ့လူနဲ့ အမျိုးမျိုး ရှိတတ်ပါတယ်။ တကယ်တော့ အဲလိုအချိန်မျိုးမှာ ကောင်လးတွေဟာ သူတို့နဲ့အတူတူ ဆိတ်ငြိမ်မှုကို ခံစားပြီး တစ်ယောက်နဲ့တစ်ယောက် ငြိမ်ငြိမ်လေးနေပြီး အကြည့်ချင်းဆုံကာ ပြုံးမိ ရယ်မိရင်ကို သူတို့စိတ်နဲ့ ထပ်တူကျတဲ့ ကောင်မလေးဆိုပြီး ကောက်ချက်ချတတ်ကြတယ်တဲ့။ ထူးထူးဆန်းဆန်းပါပဲ …။

ရင်ဘတ်ချင်းချိတ်ဆက်ဖို့ စကားလုံးတွေ သိပ်မသုံးရရင်”

တကယ်တော့ကောင်လေးတွေရဲ့ သဘာဝကိုက စကားတွေအများကြီး မပြောတတ်ကြဘူး။ ပြောချင်ရင်တောင်မှ ဘာပြောရမှန်းမသိတဲ့လူမျိုးတွေဆိုတော့ ကောင်မလေးတွေကို စကားလုံးတွေနဲ့ ဖွဲ့နွဲ့ပြီးမပြောဘဲနဲ့ စိတ်ချင်းဆက်နွယ်ပြီး အလိုလိုသိနေတာမျိုးဆိုရင် ဘာမှမပြောနဲ့တော့.. သင်ကသူ့အတွက် Right person ပါပဲတဲ့နော် …။ ။

Credit

penny