ပါးျပီးၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာ၀အတိုင္း ျပန္ထူလာေစမယ့္ နည္းလမ္းမ်ား…

ပါးျပီးၾကည့္ရဆိုးေနတဲ့ ဆံသားေတြကို သဘာ၀အတိုင္း ျပန္ထူလာေစမယ့္ နည္းလမ္းမ်ား…

ဆံပင္က လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္နွာလို႕ေျပာရင္လည္းမမွားပါဘူး ။ မ်က္နွာလွပဖို႕ ခႏၶာကိုယ္လွပဖို႕ ဂရုစိုက္ျကသလို ဆံပင္ေတြ ကၽြတ္ျပီး ပါးလာမယ္။ ထိပ္ေတြ ကြက္လာေနျပီဆိုရင္ေတာ့ အထူးဂရုစိုက္ ေပးဖုိ႕လိုအပ္ပါတယ္။ ဆံပင္ေတြျပန္ေပါက္လာေစဖုိ႕ အထိေရာက္ဆံုးျဖစ္တဲ့ နည္းေလးေတြလည္း ရွိပါတယ္ ။ ေဖာ္ျပပါနည္းေလးေတြကို ဂရုတစိုက္နဲ႕ ျပဳလုပ္ေပးပါ။ ထိပ္ကြက္လာတာေတြေပ်ာက္ျပီး ဆံပင္ေတြျပန္ထူလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

(၁) ဆံပင္အာဟာဓါတ္ ျဖည့္စြက္စာမ်ား စားပါ”

လြဲမွားေနတဲ့ diet လုပ္ျခင္းေျကာင့္ အာဟာရဓာတ္မမွ်တတာေတြက ဆံပင္ေတြကၽြတ္လာတာ ၊ ပါးလာတာေတြရဲ႕အဓိကအခ်က္ပါ။ ဆံပင္အတြက္အာဟာရဓါတ္ျပန္လည္ ျပည့္၀ေစမယ့္ အစားအစာေတြကေတာ့ … ကင္(မ္)ခ်ီ၊ ဥ အမ်ိဳးမ်ိဳး ၊ ဟင္းနုႏြယ္ရြက္ ၊ ဆယ္လ္မြန္ငါး ၊ ေထာပတ္သီး ၊ အသားမ်ား စတာေတြကို မ်ားမ်ားစားေပးရင္ေတာ့ ဦးေရျပားနဲ႕ ဆံပင္အတြက္အာဟာရဓါတ္ေတြ ျပန္ျပည့္လညပါလိမ္႔မယ္ …။

(၂) ဆီနဲ႕ႏွိပ္နယ္ေပး”

ဦးေရျပားေသြးလွည့္ပတ္မွဳေကာင္းမွ ဆံပင္သန္စြမ္းျပီး ျပန္ေပါက္လာမွာပါ။ ရွားေစာင္းလက္ပတ္ဆီ၊ သံလြင္ဆီစတာေတြနဲ႕ ေခါင္းမေလ်ာ္ခင္ တစ္ရက္အလိုမွာ ဦးေရျပားကိုစြတ္ျပီး နွိပ္နယ္ေပးပါ …။

(၃) ျကက္သြန္နီရည္ အသံုးျပဳပါ”

ျကက္သြန္နီရည္က အနံ႕အသက္ေတာ့သိပ္အဆင္မေျပေပမယ့္ ဆံပင္ပါးျပီး ထိပ္ကြက္လာတာေတြ အတြက္အာဟာရျဖည့္ဖို႕ေတာ့ အေကာင္းဆံုးပါပဲ။ ဆံသားအရင္းေတြကိုသန္မာေစျပီး ဆံပင္အသစ္ေတြပါ ျပန္ေပါက္လာေစပါတယ္ ။ ျကက္သြန္နီကို အရည္ညွစ္ျပီးသံုးနိုင္သလို ဓားနဲ႕ နုတ္နုတ္ဆင္းျပီး ဦးေရျပားေပၚ ပြတ္ေပးလို႕လည္း ရပါတယ္ …။

(၄) လက္ဖက္စိမ္းရည္”

လက္ဖက္စိမ္းရည္မွာ ဆံပင္သန္ဖို႕ ျပန္ေပါက္ဖို႕အတြက္ ဓါတ္ေတြပါ၀င္ေနပါတယ္။ လက္ဖက္စိမ္းရည္ကို ရွားေစာင္းလက္ပတ္၊ သံလြင္ဆီတို႕နဲ႕လည္း တြဲလိမ္းေပးလို႕ရပါတယ္။ ေလ့လာခ်က္ေတြအရ ၈၀ % အထိ ဆံပင္ေတြ ျပန္ေပါက္လာေစတယ္လို႕ ဆိုထားပါတယ္ …။

(၅) ဆံပင္စိုေနခ်ိန္မွာ ေခါင္းမျဖီးပါနဲ႔”

ဆံသားစိုေနခ်ိန္မွာ ဆံပင္ေတြကၽြတ္လြယ္၊ ျပတ္လြယ္ပါတယ္။ ဒီလိုအခ်ိန္မွာ ေခါင္းျဖီးတာမ်ားရင္ေတာ့ ဆံပင္ေတြကၽြတ္ျပီးပါးလာမွာပါ။ ဆံပင္ကိုေျခာက္ေအာင္ ထားျပီးမွ ဘီးအက်ဲေလးနဲ႕သာ ျဖီးေပးပါ …။

(၆) ဗီတာမင္ D ေလ်ာ့နည္းေနလားစစ္ပါ”

ဆံပင္ေတြအရမ္းကၽြတ္ျပီး ထိပ္ေျပာင္လာျပီဆိုရင္ေတာ့ ဗီတာမင္ D ဓါတ္ခ်ိဳ႕ယြင္းလို႕ျဖစ္ပါတယ္။ ဆရာ၀န္နဲ႕ေဆြးေႏြးတိုင္ပင္ျကည့္သင့္ပါတယ္ ။ ဗီတာမင္ D ေဆးေတြလည္း ဆရာ၀န္ညႊန္ၾကားတဲ့ အတိုင္း ေသာက္သံုးေပးရပါမယ္ေနာ္ …။ ။

Rain

Unicode

ပါးပြီးကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ…

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောရင်လည်းမမှားပါဘူး ။ မျက်နှာလှပဖို့ ခန္ဓာကိုယ်လှပဖို့ ဂရုစိုက်ကြသလို ဆံပင်တွေ ကျွတ်ပြီး ပါးလာမယ်။ ထိပ်တွေ ကွက်လာနေပြီဆိုရင်တော့ အထူးဂရုစိုက် ပေးဖို့လိုအပ်ပါတယ်။ ဆံပင်တွေပြန်ပေါက်လာစေဖို့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလေးတွေလည်း ရှိပါတယ် ။ ဖော်ပြပါနည်းလေးတွေကို ဂရုတစိုက်နဲ့ ပြုလုပ်ပေးပါ။ ထိပ်ကွက်လာတာတွေပျောက်ပြီး ဆံပင်တွေပြန်ထူလာမှာပဲ ဖြစ်ပါတယ်နော် …။ ။

(၁) ဆံပင်အာဟာဓါတ် ဖြည့်စွက်စာများ စားပါ”

လွဲမှားနေတဲ့ diet လုပ်ခြင်းကြောင့် အာဟာရဓာတ်မမျှတတာတွေက ဆံပင်တွေကျွတ်လာတာ ၊ ပါးလာတာတွေရဲ့အဓိကအချက်ပါ။ ဆံပင်အတွက်အာဟာရဓါတ်ပြန်လည် ပြည့်၀စေမယ့် အစားအစာတွေကတော့ … ကင်(မ်)ချီ၊ ဥ အမျိုးမျိုး ၊ ဟင်းနုနွယ်ရွက် ၊ ဆယ်လ်မွန်ငါး ၊ ထောပတ်သီး ၊ အသားများ စတာတွေကို များများစားပေးရင်တော့ ဦးရေပြားနဲ့ ဆံပင်အတွက်အာဟာရဓါတ်တွေ ပြန်ပြည့်လညပါလိမ့်မယ် …။

(၂) ဆီနဲ့နှိပ်နယ်ပေး”

ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမှ ဆံပင်သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။ ရှားစောင်းလက်ပတ်ဆီ၊ သံလွင်ဆီစတာတွေနဲ့ ခေါင်းမလျော်ခင် တစ်ရက်အလိုမှာ ဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ …။

(၃) ကြက်သွန်နီရည် အသုံးပြုပါ”

ကြက်သွန်နီရည်က အနံ့အသက်တော့သိပ်အဆင်မပြေပေမယ့် ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ အတွက်အာဟာရဖြည့်ဖို့တော့ အကောင်းဆုံးပါပဲ။ ဆံသားအရင်းတွေကိုသန်မာစေပြီး ဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ် ။ ကြက်သွန်နီကို အရည်ညှစ်ပြီးသုံးနိုင်သလို ဓားနဲ့ နုတ်နုတ်ဆင်းပြီး ဦးရေပြားပေါ် ပွတ်ပေးလို့လည်း ရပါတယ် …။

(၄) လက်ဖက်စိမ်းရည်”

လက်ဖက်စိမ်းရည်မှာ ဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေပါဝင်နေပါတယ်။ လက်ဖက်စိမ်းရည်ကို ရှားစောင်းလက်ပတ်၊ သံလွင်ဆီတို့နဲ့လည်း တွဲလိမ်းပေးလို့ရပါတယ်။ လေ့လာချက်တွေအရ ၈၀ % အထိ ဆံပင်တွေ ပြန်ပေါက်လာစေတယ်လို့ ဆိုထားပါတယ် …။

(၅) ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့”

ဆံသားစိုနေချိန်မှာ ဆံပင်တွေကျွတ်လွယ်၊ ပြတ်လွယ်ပါတယ်။ ဒီလိုအချိန်မှာ ခေါင်းဖြီးတာများရင်တော့ ဆံပင်တွေကျွတ်ပြီးပါးလာမှာပါ။ ဆံပင်ကိုခြောက်အောင် ထားပြီးမှ ဘီးအကျဲလေးနဲ့သာ ဖြီးပေးပါ …။

(၆) ဗီတာမင် D လျော့နည်းနေလားစစ်ပါ”

ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်လာပြီဆိုရင်တော့ ဗီတာမင် D ဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ် ။ ဗီတာမင် D ဆေးတွေလည်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သောက်သုံးပေးရပါမယ်နော် …။ ။

Rain