ထက္ျမက္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာဖုိ႔ ဒီအခ်က္ေတြေျပာင္းလဲလိုက္ပါ…

ထက္ျမက္ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာဖုိ႔ ဒီအခ်က္ေတြေျပာင္းလဲလိုက္ပါ…

ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာဖို႔ တကယ္တမ္းမွာ အရမ္းႀကီး ခက္ခဲ မေနပါဘူး။ ကိုယ့္အတြက္ မွန္ကန္တဲ့ နည္းလမ္းေလး ႐ွိေန႐ံု နဲ႔ ထက္ျမက္ထူးခၽြန္တဲ့ အမ်ိဳးသမီး တစ္ေယာက္ျဖစ္လာ ႏုိင္ပါတယ္။ တကယ္ေတာ့ ထက္ျမက္ ထူးခၽြန္မႈဆုိတာ ကိုယ့္ရဲ႕ ခံယူခ်က္ေတြနဲ႔ အေလ့အထ ေလးေတြကေန စတင္ပါတယ္။ ဒီေတာ့ ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္လာဖုိ႔အတြက္ ကိုယ့္ကိုယ္ကိုယ္ ဒီအဆင့္ေလးေတြ နဲ႔ တစ္ဆင့္ခ်င္း ေျပာင္းလဲဖုိ႔ လုိအပ္ပါတယ္ေနာ္ …။

ကိုယ့္ကိုယ္ကို စိတ္ဓာတ္ခြန္အားေပးပါ”

ကိုယ္ကိုယ္္တုိင္အတြက္ စိတ္ဓာတ္ခြန္အားကို မ႐ွာေဖြႏုိင္ဘူးဆုိရင္ ဘဝမွာ ကိုယ္ျဖစ္ခ်င္တဲ့ ဘယ္အရာကိုမွ ေကာင္းေကာင္းလုပ္ေဆာင္ႏုိင္မွာ မဟုတ္ပါဘူး။ လူတစ္ေယာက္အတြက္ စိတ္ဓာတ္ခြန္အားဆုိတာ တကယ့္ကို အေရးႀကီးပဲ စိတ္ဓာတ္ခြန္အား႐ွိမွ ေ႐ွ႕ဆက္ေလွ်ာက္ရမယ့္ ခရီးလမ္းကို အားအင္အျပည့္နဲ႔ ေလွ်ာက္လွမ္းႏုိင္မွာ ျဖစ္ပါတယ္။ ထက္ျမက္တဲ့ အမ်ိဳးသမီးေတြက လြယ္လြယ္ႏဲ႔ စိတ္ဓာတ္မက်တတ္ၾကပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္တိုင္းမွာ သူတုိ႔ကိုယ္သူတို႔ စိတ္ဓာတ္ခြန္အားေပးၿပီး အားတင္းထားတတ္ၾကလုိ႔ပါပဲ …။

ကိုယ္ျဖစ္ခ်င္တာေတြအတြက္ အခ်ိန္ကို ရင္းႏွီးျမဳပ္္ႏွံပါ”

ကိုယ္တကယ္ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ၊ ကိုယ္တကယ္ အေကာင္အထည္ေဖာ္ခ်င္တဲ့ အလုပ္အကိုင္ေတြအတြက္ ႀကိဳးစားအားထုတ္တတ္ဖို႔ လုိပါတယ္။ ခ်က္ခ်င္းႀကိဳးစားၿပီး ခ်က္ခ်င္း မရပ္တန္႔ လုိက္ပါနဲ႔။ တကယ္ေတာ့ အခ်ိန္တစ္ခုထိ ႀကိဳးစားၿပီးမွ ေအာင္ျမင္မႈ အသီးအပြင့္ကို ရႏိုင္တာ ျဖစ္ပါတယ္။ ေနာက္ၿပီး ကိုယ္ျဖစ္ခ်င္တာေတြအတြက္ ေစာင့္ဆုိင္းေနတာမ်ိဳး မလုပ္ပါနဲ႔ ခ်က္ခ်င္း ထလုပ္ပါ။ ဒါက သင့္ကို ေအာင္ျမင္မႈဆီ ေခၚေဆာင္သြားေပးမွာပဲ ျဖစ္ပါတယ္ …။

ကိုယ့္ဘဝကို သန္႔႐ွင္းေရးလုပ္ဖို႔ မေမ့ပါနဲ႔”

ကိုယ့္ေဘးနား ႐ွိေနတဲ့ သူတိုင္းက ကိုယ့္အတြက္ ေကာင္းမြန္တဲ့ သူေတြမဟုတ္ပါဘူး။ ဒီေတာ့ တစ္ခါတစ္ေလ အဆိပ္အေတာက္မ်ားတဲ့ သူေတြနဲ႔ ႀကံဳရမယ္။ တစ္ခါတစ္ေလ အဆိုးျမင္စိတ္မ်ားတဲ့ သူေတြ၊ ကိုယ့္ဘဝထဲက ထုတ္ကို ထုတ္ပစ္ရမယ့္ သူေတြ ဒီလုိလူေတြအတြက္ အခ်ိန္ကုန္ခံေနတာမ်ိဳးက လံုး၀ မျဖစ္သင့္ပါဘူး။ ဒီလုိလူေတြကို ဆက္ထားထားရင္ ကိုယ့္ဘဝညစ္ပတ္႐ံုပဲ ႐ွိပါတယ္။ ဒီေတာ့ မလုိအပ္တဲ့ အရာေတြ၊ မလုိအပ္တဲ ့သူေတြကို ကိုယ့္ဘဝထဲက သန္႔႐ွင္းပစ္ဖုိ႔ လိုပါတယ္ …။

ကိုယ့္ဘာေၾကာင့္ စတင္ခဲ့တယ္ဆုိတာ သတိရပါ”

အ႐ံႈးေတြနဲ႔ ႀကံဳေတြ႔လာရတဲ့ အခါတုိင္းမွာ စိတ္ဓာတ္က် အားငယ္တာေတြနဲ႔ ႀကံဳရတဲ့ အခ်ိန္တုိင္း၊ ကိုယ့္ကိုယ္ကို အ႐ံႈးေပးခ်င္စိတ္ ေပၚလာတဲ့ အခ်ိန္ေတြမွာ ကိုယ္ဘာေၾကာင့္ စတင္ခဲ့တယ္ ဆုိတာကို မေမ့ပါနဲ႔။ ကိုယ္အိပ္မက္ပန္းတုိင္ေတြအတြက္ ႀကိဳးစားေနတဲ့အခ်ိန္မွာ အခက္အခဲ အတားအဆီးေတြကေတာ့ ႐ွိေနမွာပါပဲ ဒါေပမယ့္ လြယ္လြယ္ အ႐ံႈးေပးလုိက္ရင္ေတာ့ ႀကိဳးစားထားတာေတြ ႏွေျမာစရာ ေကာင္းပါတယ္။ ဒီလုိအခ်ိန္ေတြမွာ ကိုယ္ဘာေၾကာင့္ စတင္ခဲ့တယ္ဆုိတာကို သတိရပါ။ ဒါက သင့္ကို ေ႐ွ႕ဆက္ေလွ်ာက္ဖုိ႔ ခြန္အားျဖစ္ေစမွာပါ …။

အခ်ိန္္ေတြကို စီမံခန္႔ခြဲ တတ္ေအာင္ လုပ္ေဆာင္ပါ”

ထက္ျမက္ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြက ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္ဆုိတာကို ေကာင္းေကာင္း နားလည္ထားၾကပါတယ္။ လူမႈေရး၊ စီးပြါးေရး၊ မိသားစုေရး စသျဖင့္ အရာရာတုိင္းမွာ အခ်ိန္ကို စီမံခန္႔ခြဲၿပီး သံုးတတ္ဖုိ႔ လုိပါတယ္။ ေနာက္ၿပီး ဘယ္လုိအခ်ိန္္မွာ စတင္သင့္တယ္၊ ဘယ္လုိအခ်ိန္မွာ ရပ္တန္႔သင့္တယ္ဆုိတာေတြကိုပါ သိတာဟာလည္း ထက္ျမက္မႈ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေတြက သင့္ကို ထက္ျမက္ေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္လာေစမွာ အေသအခ်ာပါပဲေနာ္ …။ ။

Credit

Khin

Unicode

ထက်မြက်အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ဒီအချက်တွေပြောင်းလဲလိုက်ပါ…

ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာဖို့ တကယ်တမ်းမှာ အရမ်းကြီး ခက်ခဲ မနေပါဘူး။ ကိုယ့်အတွက် မှန်ကန်တဲ့ နည်းလမ်းလေး ရှိနေရုံ နဲ့ ထက်မြက်ထူးချွန်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာ နိုင်ပါတယ်။ တကယ်တော့ ထက်မြက် ထူးချွန်မှုဆိုတာ ကိုယ့်ရဲ့ ခံယူချက်တွေနဲ့ အလေ့အထ လေးတွေကနေ စတင်ပါတယ်။ ဒီတော့ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဒီအဆင့်လေးတွေ နဲ့ တစ်ဆင့်ချင်း ပြောင်းလဲဖို့ လိုအပ်ပါတယ်နော် …။

ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးပါ”

ကိုယ်ကိုယ်တိုင်အတွက် စိတ်ဓာတ်ခွန်အားကို မရှာဖွေနိုင်ဘူးဆိုရင် ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဘယ်အရာကိုမှ ကောင်းကောင်းလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်အတွက် စိတ်ဓာတ်ခွန်အားဆိုတာ တကယ့်ကို အရေးကြီးပဲ စိတ်ဓာတ်ခွန်အားရှိမှ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းကို အားအင်အပြည့်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေက လွယ်လွယ်နဲ့ စိတ်ဓာတ်မကျတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ဓာတ်ကျနေတဲ့ အချိန်တိုင်းမှာ သူတို့ကိုယ်သူတို့ စိတ်ဓာတ်ခွန်အားပေးပြီး အားတင်းထားတတ်ကြလို့ပါပဲ …။

ကိုယ်ဖြစ်ချင်တာတွေအတွက် အချိန်ကို ရင်းနှီးမြုပ်နှံပါ”

ကိုယ်တကယ် ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ကိုယ်တကယ် အကောင်အထည်ဖော်ချင်တဲ့ အလုပ်အကိုင်တွေအတွက် ကြိုးစားအားထုတ်တတ်ဖို့ လိုပါတယ်။ ချက်ချင်းကြိုးစားပြီး ချက်ချင်း မရပ်တန့် လိုက်ပါနဲ့။ တကယ်တော့ အချိန်တစ်ခုထိ ကြိုးစားပြီးမှ အောင်မြင်မှု အသီးအပွင့်ကို ရနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ဖြစ်ချင်တာတွေအတွက် စောင့်ဆိုင်းနေတာမျိုး မလုပ်ပါနဲ့ ချက်ချင်း ထလုပ်ပါ။ ဒါက သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားပေးမှာပဲ ဖြစ်ပါတယ် …။

ကိုယ့်ဘဝကို သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့”

ကိုယ့်ဘေးနား ရှိနေတဲ့ သူတိုင်းက ကိုယ့်အတွက် ကောင်းမွန်တဲ့ သူတွေမဟုတ်ပါဘူး။ ဒီတော့ တစ်ခါတစ်လေ အဆိပ်အတောက်များတဲ့ သူတွေနဲ့ ကြုံရမယ်။ တစ်ခါတစ်လေ အဆိုးမြင်စိတ်များတဲ့ သူတွေ၊ ကိုယ့်ဘဝထဲက ထုတ်ကို ထုတ်ပစ်ရမယ့် သူတွေ ဒီလိုလူတွေအတွက် အချိန်ကုန်ခံနေတာမျိုးက လုံး၀ မဖြစ်သင့်ပါဘူး။ ဒီလိုလူတွေကို ဆက်ထားထားရင် ကိုယ့်ဘဝညစ်ပတ်ရုံပဲ ရှိပါတယ်။ ဒီတော့ မလိုအပ်တဲ့ အရာတွေ၊ မလိုအပ်တဲ့သူတွေကို ကိုယ့်ဘဝထဲက သန့်ရှင်းပစ်ဖို့ လိုပါတယ် …။

ကိုယ့်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာ သတိရပါ”

အရှုံးတွေနဲ့ ကြုံတွေ့လာရတဲ့ အခါတိုင်းမှာ စိတ်ဓာတ်ကျ အားငယ်တာတွေနဲ့ ကြုံရတဲ့ အချိန်တိုင်း၊ ကိုယ့်ကိုယ်ကို အရှုံးပေးချင်စိတ် ပေါ်လာတဲ့ အချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ် ဆိုတာကို မမေ့ပါနဲ့။ ကိုယ်အိပ်မက်ပန်းတိုင်တွေအတွက် ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲ အတားအဆီးတွေကတော့ ရှိနေမှာပါပဲ ဒါပေမယ့် လွယ်လွယ် အရှုံးပေးလိုက်ရင်တော့ ကြိုးစားထားတာတွေ နှမြောစရာ ကောင်းပါတယ်။ ဒီလိုအချိန်တွေမှာ ကိုယ်ဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို သတိရပါ။ ဒါက သင့်ကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားဖြစ်စေမှာပါ …။

အချိန်တွေကို စီမံခန့်ခွဲ တတ်အောင် လုပ်ဆောင်ပါ”

ထက်မြက်အောင်မြင်တဲ့ အမျိုးသမီးတွေက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း နားလည်ထားကြပါတယ်။ လူမှုရေး၊ စီးပွါးရေး၊ မိသားစုရေး စသဖြင့် အရာရာတိုင်းမှာ အချိန်ကို စီမံခန့်ခွဲပြီး သုံးတတ်ဖို့ လိုပါတယ်။ နောက်ပြီး ဘယ်လိုအချိန်မှာ စတင်သင့်တယ်၊ ဘယ်လိုအချိန်မှာ ရပ်တန့်သင့်တယ်ဆိုတာတွေကိုပါ သိတာဟာလည်း ထက်မြက်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက သင့်ကို ထက်မြက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာစေမှာ အသေအချာပါပဲနော် …။ ။

Credit

Khin