



ရတက်မအေး ကိုဗစ်ဘေးလဲ





တို့ဘဝတွေ သေကြေရပြီ …။















လာဟဲ့….လောကဓံ




ဒီဘဝနဲ့သာ ကြေးပါတော့ …။ ။😭😭😭



Unicode

မြေပြိုမှုမှာ အသက် ဆုံးရှုံးခဲ့ကြတဲ့ ညီငယ်လေးများ…

မြေပြိုမှုမှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ ညီငယ်လေးတွေပါ …။

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်

ရတက်မအေး ကိုဗစ်ဘေးလဲ

မကြောက်နိုင်ရ ငါတို့ ဘဝ …။

မုန်းတိုင်းကလာ မိုးကရွာ

စားဝတ်နေရေး မပြေလည် သေးတော့

လောကဓံကိုအန်တု ရာသီးဒဏ်ကို ယှဉ်ပြိုင်မနိုင်

တို့ဘဝတွေ သေကြေရပြီ …။

သားနဲ့မယား ရှိနေသော်လည်း

ငွေကြေးဥစ္စာ မရှိရှာတော့ …၊

ပျော်စရာနတ္ထိ အသီးတစ်ရား ကုဋေကုဋာ

နေရက်များစွာ ဝှေခါမှာကျာက်တွေရှာခဲ့ နေမပျော်လည်း မှော်ထဲနေခဲ့

တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်ကိုရင်မှာပိုက်၍

ပေါက်တူးကိုထမ်း…ပေါက်ချွန်ကိုဆွဲ

လောပန်းဖြစ်ရန် စိတ်ရှည်သည်ခံ

နေစဉ်ရက်စက် ကျောက်တူးထွက်ခဲ့ …။

အိပ်ရေးပျက် အခါခါ ကြိုးစားရှာလည်း

ကံကြမ္မာရယ်အခြေမပေး အနေဝေးလေတော့ …။

သေဘေးနဲ့ ကြုံရပြန်ပြီ …။

သံသရာခရီသွား လူသားခြင်း အတူတူ

ဆိုးတူကောင်းဘက် အတူမက်ခဲ့တဲ့

အိမ်မက်များစွာ ပျက်ပြားရှာရ ငါ့တို့ဘဝ

လာဟဲ့….လောကဓံ

အပြစ်ပေးကာ ပြန်လာပြန်ပီလား …၊

ဒီဘဝ ဒီခန္တာ ကျောက်တုံးကြိုကြား မြေစာပုံအောက်

ခန္တာကြွေရ ငါတို့ဘဝတွေ

ဒီဘဝနဲ့သာ ကြေးပါတော့ …။ ။😭😭😭

Credit ပါ- ကိုနန္ဒမောင်

စိတ်မကောင်းခြင်းများစွာဖြင့်…