မိန်းကလေးအချစ်
Credit
Unicode
ချစ်သူသက်တမ်း ကြာလာတာနဲ့ မချစ်တော့မှာကြောက်တဲ့ စိုးရိမ်စိတ် မိန်းကလေးတိုင်းမှာရှိတယ်…
မိန်းကလေးအချစ်
ချစ် သူသက်တမ်းကြာလာတာနဲ့ မချစ်တော့မှာကြောက်တဲ့ စိုးရိမ်စိတ် မိန်းကလေးတိုင်းမှာ ရှိတယ် …။
ရန်ဖြစ်တိုင်း ဖုန်းမဆက်နဲ့ပြောပေမယ့် ဖုန်းကိုရှေ့ချပီး ဖုန်းလာဖို့ ဆုတောင်းနေရတဲ့အချိန် မိန်းကလေးတိုင်းမှာ ရှိတယ် …။
ငါနဲ့နင်ပြတ်ပီလို့ စိတ်ဆိုးပီးပြောပေမယ့်တကယ်များပြတ်သွားမလားဆိုတဲ့ ကြောက်စိတ် မိန်းကလေးတိုင်း ခံစားဖူးတယ် …။
သူနဲ့တွေ့တိုင်း သူလှတယ်လို့ပြောဖူးတဲ့ အကျီ အပြင်အဆင် ပြင်ဆင်ပီး သူဆီက လှတယ်လို့ပြောတာ ကြားချင်တဲ စိတ် မိန်းကလေးတိုင်းမှာ ရှိတယ် …။
မိဘတွေရှေ့မှာ ကိုယ့်ချစ်သူနဲ့သဘောတူအောင်သူရဲ့ကောင်းကြောင်းတွေဘဲ ရွေးပြောတတ်ကြတယ် …။
မိန်းကလေးတိုင်း စတွေ့တုန်းက အကြောင်းအရာတွေကို သူမှတ်ထားတိုင်း ကိုယ့်ချစ်သူကို ပိုပိုချစ်တဲ့စိတ် မိန်းကလေးတိုင်း ဖြစ်တယ် …။
သူနားမှာ ကိုယ့်ထက်ချော ထက်မြတ်တဲ့ မိန်းကလေးတွေရှိရင် သူမသိအောင် အဲ့မိန်းကလေးတွေနဲ့ယှဉ်နိုင်အောင်ကြိုးစားတဲ့စိတ် မိန်းကလေးတိုင်းမှာ ရှိတယ် …။
ဘယ်လိုပုံစံနဲ့လက်ထပ်ချင်တယ် ပြောပြောသူတတ်နိုင်တဲ့ အနေထားနဲ့ လုပ်ပေးမယ်လို့ပြောတိုင်း ကျေနပ်ပီတိဖြစ်တဲ့စိတ် မိန်းကလေးတိုင်းမှာရှိတယ် …။
သူ့မိဘတွေသဘောကျအောင် အိမ်မှာဘာမှမလုပ်ရလည်း …၊
သူ့အိမ်သွားလည်တိုင်း ဟင်းချက်ကျွေးပီး အမှတ်ယူချင်တဲ့စိတ်မိန်းကလေးတိုင်းရှိတယ်မရှိဘူး မယုံဘူး မပြောနဲ့ …၊
တကယ်ချစ်တဲ့မိန်းကလေးတိုင်း အဲ့လိုချည်းပါပဲ …။ အဲ့လိုချစ်သူရထားရင်လည်း လက်လွှတ်မခံနဲ့နော် …။ ။
Credit