တော်သလင်းလအတွက်အကောင်းဆုံးယတြာ (17.9.2020)မှ (16.10.2020)အထိ
တော်သလင်းလအတွက်အကောင်းဆုံးယတြာ
တော်သလင်းလဆန်း(၁)ရက်နေ့(17.9.2020)မှ တော်သလင်းလကွယ်နေ့(16.10.2020)အထိတစ်လတာလုံး
“အုန်းညွန့် (၅)ညွန့်ကိုသေချာသန့်စင်အောင်ဆေးကျောပြီး ဖန်ခွက် တစ်ခွက်အတွင်း ရေထည့်ပြီး အုန်းညွန့်များအား
ထည့်၍ ထိုဖန်ခွက်ဘေးပတ်လည်တွင် *လက်ဖက်အစို* အနည်းငယ် ဝိုက်ထားပေးပြီးပါက မိမိအိမ်ဘုရား
ကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ကပ်လှူပေးရပါမယ် ခင်ဗျ…….။
⚛အောက်ပါ ဂါထာတော်ကို (၁၀)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး တော်သလင်းလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။”
အုန်းညွန့် နှင့် လက်ဖက်များ ညှိုးနွမ်းသွားပါက အသစ် ပြန်လည် လှဲလှယ် လှူဒါန်းပေးရပါတယ်။
ဤယတြာကို တော်သလင်းလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက
တော်သလင်းလ တစ်လတာလုံး စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်
ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း
09776478912
Zawgyi
ဆုတောင်းစာ
09776478912