လူတိုင္းဘဝမွာ ျငင္းပယ္ခြင့္မ႐ွိဘဲ မျဖစ္မေနၾကဳံကိုၾကဳံရမယ့္ အခိုက္အတန္႔ (၅) ခု…

လူတိုင္းဘဝမွာ ျငင္းပယ္ခြင့္မ႐ွိဘဲ မျဖစ္မေနၾကဳံကိုၾကဳံရမယ့္ အခိုက္အတန္႔ (၅) ခု…

လူရယ္လို႔ ျဖစ္လာရင္ ျဖတ္သန္းရမွာေတြ ႐ွိပါတယ္။ လူတိုင္း ျငင္းပယ္လို႔ မရတဲ့ အရာေတြကိုလည္း တူညီစြာ ၾကဳံေတြ႕ရမွာ ျဖစ္ပါတယ္။ ဘဝေတြ မတူရင္ေတာင္မွ ဒီအရာေတြကို ဘယ္သူမွ မျငင္းပယ္ႏိုင္ၾကပါဘူး။ လူျဖစ္လာတဲ့ ဘဝမွာေတာ႔ ဒီအခိုက္အတန္႔ (၅)ခုကို မျဖစ္မေန တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ၾကဳံၾကရမွာပါပဲေနာ္ …။

(၁) အသည္းကြဲျခင္း”

လူတစ္ေယာက္က တစ္ခါေတာ့ အသဲကြဲဖူးတယ္လို႔ေတာင္ ေျပာစမွတ္ ႐ွိၾကပါတယ္။ လူရယ္လို႔ ျဖစ္လာရင္ အခ်စ္နဲ႔ မကင္းႏိုင္တာမို႔ အသည္းကြဲျခင္းကိုလည္း ခံစားဖူးၾကမွာပါ။ အသဲကြဲတယ္ဆိုတဲ့ ခံစားခ်က္က စကားလုံးနဲ႔ ေျပာလို႔ မတတ္ႏိုင္ေအာင္ ဟာၿပီး နာက်င္ေနရတာ မ်ိဳးမို႔ ခံစားဖူးတဲ့သူေတြဆိုရင္ သိမွာ ပါ …။

(၂) ေနမေကာင္းျဖစ္ျခင္း”

လူရယ္လို႔ ျဖစ္လာရင္ က်န္းမာျခင္း၊ မက်န္းမာျခင္းနဲ႔ ဒြန္တြဲ႐ွိေနပါတယ္။ မက်န္းမာတဲ့ အခ်ိန္မွာမွ အရမ္းကို လူမထႏိုင္ေလာက္တဲ့အထိ ေနမေကာင္း ျဖစ္တာကိုလည္း မျဖစ္မေန ၾကဳံၾက ရပါတယ္။ ဘယ္ေလာက္ပဲ က်န္းမာေရး လိုက္စားသူ ျဖစ္ပါေစ အခုလို ေနမေကာင္းတဲ့ တစ္ခ်ိန္ကို ၾကဳံကို ၾကဳံရမွာပဲ ျဖစ္ပါတယ္ …။

(၃) ေသဆုံးျခင္း”

လူတိုင္း ေ႐ွာင္လႊဲမရတဲ့ အရာကေတာ့ ေသဆုံးျခင္းကို ေတြ႕ရျခင္းနဲ႔ ကိုယ္တိုင္ တစ္ေန႔မွာ ေသဆုံးရျခင္းပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ မိဘေတြလည္း ကိုယ္ အသက္႐ွင္စဥ္မွာ ဆုံးႏိုင္သလို ကိုယ္က အရင္ ေဝဒနာ ခံစားရၿပီး အသက္ေသဆုံးသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ေသခ်ာတာက လူတိုင္း ေသကို ေသရတာပါပဲေနာ္ …။

(၄) ခ်စ္မိျခင္း”

အခ်စ္ကို ေတြ႕တဲ့ အခ်ိန္ကိုလည္း လူတိုင္း ၾကဳံၾကရမွာပါ။ ခ်စ္မိတဲ့အခါမွာ ရင္ခုန္မယ္၊ စိတ္လႈပ္႐ွားမယ္၊ စြန္႔စားခ်င္စိတ္ေတြ ျဖစ္လာမယ္ နာက်င္မယ္ အစ႐ွိတဲ့ ခံစားခ်က္ေတြပါ ခံစားၾကရမွာပါ။ အခ်စ္ကို တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ေတြ႕ၾကရမွာ ျဖစ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္မတူတာမ်ိဳးပဲ ႐ွိပါတယ္ …။

(၅) အခက္ခဲဆုံးအခ်ိန္”

ဘယ္လိုပဲ ခ်မ္းသာတဲ့သူျဖစ္ပါေစ လူထဲက လူျဖစ္ေနလို႔ ခက္ခဲတဲ့ အခ်ိန္တစ္ခုကို ၾကဳံရအုံးမွာပါ။ လူတိုင္းမွာ ကိုယ့္အတြက္ အခက္ခဲဆုံးလို႔ ယူဆရတဲ့ အခ်ိန္တစ္ခု ႐ွိကို ႐ွိေနၿပီး အဲ့ဒီအခ်ိန္ေတြ ထြက္ေပါက္မ႐ွိေလာက္ေအာင္ကို ပင္ပန္းရမွာပါ။ အဲ႔ဒီအခ်ိန္ေတြက ျဖတ္သန္းၿပီးရင္ေတာ့ ပုံမွန္ ေန႔ရက္ေတြ ျပန္ေရာက္သြားတာပါပဲေနာ္ …။ ။

Kham

Unicode

လူတိုင်းဘဝမှာ ငြင်းပယ်ခွင့်မရှိဘဲ မဖြစ်မနေကြုံကိုကြုံရမယ့် အခိုက်အတန့် (၅) ခု…

လူရယ်လို့ ဖြစ်လာရင် ဖြတ်သန်းရမှာတွေ ရှိပါတယ်။ လူတိုင်း ငြင်းပယ်လို့ မရတဲ့ အရာတွေကိုလည်း တူညီစွာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘဝတွေ မတူရင်တောင်မှ ဒီအရာတွေကို ဘယ်သူမှ မငြင်းပယ်နိုင်ကြပါဘူး။ လူဖြစ်လာတဲ့ ဘဝမှာတော့ ဒီအခိုက်အတန့် (၅)ခုကို မဖြစ်မနေ တစ်ချိန်မဟုတ် တစ်ချိန် ကြုံကြရမှာပါပဲနော် …။

(၁) အသည်းကွဲခြင်း”

လူတစ်ယောက်က တစ်ခါတော့ အသဲကွဲဖူးတယ်လို့တောင် ပြောစမှတ် ရှိကြပါတယ်။ လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်တာမို့ အသည်းကွဲခြင်းကိုလည်း ခံစားဖူးကြမှာပါ။ အသဲကွဲတယ်ဆိုတဲ့ ခံစားချက်က စကားလုံးနဲ့ ပြောလို့ မတတ်နိုင်အောင် ဟာပြီး နာကျင်နေရတာ မျိုးမို့ ခံစားဖူးတဲ့သူတွေဆိုရင် သိမှာ ပါ …။

(၂) နေမကောင်းဖြစ်ခြင်း”

လူရယ်လို့ ဖြစ်လာရင် ကျန်းမာခြင်း၊ မကျန်းမာခြင်းနဲ့ ဒွန်တွဲရှိနေပါတယ်။ မကျန်းမာတဲ့ အချိန်မှာမှ အရမ်းကို လူမထနိုင်လောက်တဲ့အထိ နေမကောင်း ဖြစ်တာကိုလည်း မဖြစ်မနေ ကြုံကြ ရပါတယ်။ ဘယ်လောက်ပဲ ကျန်းမာရေး လိုက်စားသူ ဖြစ်ပါစေ အခုလို နေမကောင်းတဲ့ တစ်ချိန်ကို ကြုံကို ကြုံရမှာပဲ ဖြစ်ပါတယ် …။

(၃) သေဆုံးခြင်း”

လူတိုင်း ရှောင်လွှဲမရတဲ့ အရာကတော့ သေဆုံးခြင်းကို တွေ့ရခြင်းနဲ့ ကိုယ်တိုင် တစ်နေ့မှာ သေဆုံးရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိဘတွေလည်း ကိုယ် အသက်ရှင်စဉ်မှာ ဆုံးနိုင်သလို ကိုယ်က အရင် ဝေဒနာ ခံစားရပြီး အသက်သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာက လူတိုင်း သေကို သေရတာပါပဲနော် …။

(၄) ချစ်မိခြင်း”

အချစ်ကို တွေ့တဲ့ အချိန်ကိုလည်း လူတိုင်း ကြုံကြရမှာပါ။ ချစ်မိတဲ့အခါမှာ ရင်ခုန်မယ်၊ စိတ်လှုပ်ရှားမယ်၊ စွန့်စားချင်စိတ်တွေ ဖြစ်လာမယ် နာကျင်မယ် အစရှိတဲ့ ခံစားချက်တွေပါ ခံစားကြရမှာပါ။ အချစ်ကို တစ်ချိန်မဟုတ် တစ်ချိန် တွေ့ကြရမှာ ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အချိန်မတူတာမျိုးပဲ ရှိပါတယ် …။

(၅) အခက်ခဲဆုံးအချိန်”

ဘယ်လိုပဲ ချမ်းသာတဲ့သူဖြစ်ပါစေ လူထဲက လူဖြစ်နေလို့ ခက်ခဲတဲ့ အချိန်တစ်ခုကို ကြုံရအုံးမှာပါ။ လူတိုင်းမှာ ကိုယ့်အတွက် အခက်ခဲဆုံးလို့ ယူဆရတဲ့ အချိန်တစ်ခု ရှိကို ရှိနေပြီး အဲ့ဒီအချိန်တွေ ထွက်ပေါက်မရှိလောက်အောင်ကို ပင်ပန်းရမှာပါ။ အဲ့ဒီအချိန်တွေက ဖြတ်သန်းပြီးရင်တော့ ပုံမှန် နေ့ရက်တွေ ပြန်ရောက်သွားတာပါပဲနော် …။ ။

Kham