Credit – မူရင်း
Unicode
ခေါင်းလျော်ရည်ထဲဆားထည့်လျော်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ…
ကျွန်တော်အားလုံး ဆားကို အိမ်က မီးဖိုချောင်ထဲမှာရနိုင်တဲ့ ပစ္စည်းအဖြစ် လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဆားမှာ ကျွန်တော်တို့တွေ မသိသေးတဲ့ အကျိုးကျေးဇူးတွေ များစွာရှိနေတာကိုတော့ လူသိနည်းပါတယ်။ အဲ့ဒါကြောင့် ဆားကို ခေါင်းလျော်ရည်ထဲမှာ ထည့်လျော်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
၁ – ဆံပင် ရှည် ဖို့အတွက် အားပေးတယ်”
ပင်လယ်က ရတဲ့ဆားဟာ ဆံပင်ရှည်ဖို့အတွက်အရမ်းကောင်းမွန်ပါတယ်။ ဆံပင်ကျွတ်တာတွေ ခံစားနေရသူအတွက် ပင်လယ်ဆားနဲ့ခေါင်းလျော်ပါလို့ အကြံပေးချင်ပါတယ်။ လွယ်ကူတဲ့ နည်းလမ်းကတော့ ပုံမှန်ခေါင်းလျော်သလို ခေါင်းလျော်ပါ။ ပြီးနောက် ဆားတစ်ဇွန်စာနဲ့ ဦးခေါင်းပေါ်မှာ ၁၀ မိနစ်ခန့် ပွတ်ပေးပါ။ ပြီးနောက် ရေဖြင့် ဆေးကြောလိုက်ပါ။ ထို့ကဲ့သို့ တစ်ပတ်ကိုနှစ်ကြိမ် လုပ်ပါက တစ်လ အတွင်းမှာထူးခြားတဲ့ရလဒ်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် …။
၂ – ဗောက်ပြသာနာတွေ ကို ဖြေရှင်းပေးတယ်”
ဗောက်ဆိုတာကတော့ ဆံပင်ပေါက်တဲ့အရေးပြားပေါ်က ဆဲလ် သေတွေပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မူ မရှိလို့ လည်း ဗောက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ပင်လယ်ဆားမှာ သွေးလည်ပတ်မူကို ကောင်းစေတဲ့စွမ်းရည် ပိုင်ဆိုင်ပါတယ်။ ဆားဟာ ဆံသားပေါက်တဲ့ ဦးခေါင်းကို ကျန်းမာစေရုံမျှမက ဗောက်တွေကိုလည်း ကင်းဝေးစေပါတယ် …။
အသုံးပြုပုံကတော့ ဆံပင်တွေ တစ်ပိုင်းစီ ခွဲစည်းလိုက်ပါ။ ဆားအနည်းငယ်ကို ဦးခေါင်းပေါ် ဖြူးလိုက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ ပွတ်ပေးပါ။ ပြီးနောက် ပုံမှန်ခေါင်းလျော်သလို လျော်ချလိုက်ပါနော် …။ ။
Credit – မူရင်း