သူသင့္ကို အရမ္း လြမ္းေနတယ္ဆိုတာ ေဖာ္ျပေနတဲ့ သက္ေသ (၆) ခ်က္…

သူသင့္ကို အရမ္း လြမ္းေနတယ္ဆိုတာ ေဖာ္ျပေနတဲ့ သက္ေသ (၆) ခ်က္…

လူအမ်ိဳးမ်ိဳး႐ွိၾကတဲ့အထဲမွာ တစ္ခ်ိဳ႕က ကိုယ့္စိတ္ထဲမွာျဖစ္ေနတဲ့ ခံစားခ်က္ေတြကို လြယ္လြယ္ကူကူ ထုတ္ေဖာ္ေျပာႏိုင္ေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ ကိုယ့္စိတ္ခံစားခ်က္ေတြကို ပါးစပ္က ထုတ္မေျပာပဲ အျပဳအမူေလးေတြက တစ္ဆင့္ ေဖာ္ျပတ တ္ၾကပါတယ္။ သင့္ကို သတိရတယ္၊ လြမ္းတယ္ဆိုၿပီး ပါးစပ္ကတဖြဖြ ထုတ္မေျပာတတ္တဲ့ ခ်စ္သူ႐ွိရင္ သူသင့္ကိုလြမ္းေနတယ္ဆိုတာ ဒီအခ်က္ေလးေတြကို ၾကည့္ၿပီး သိႏိုင္ပါတယ္ေနာ္ …။

(၁) အဆက္အသြယ္”

သင္နဲ႔ဆက္သြယ္ဖို႔ႀကိဳးစားတယ္၊ စကားၾကာၾကာေျပာဖို႔ ႀကိဳးစားတတ္တယ္။ သူေျပာတဲ့စကားထဲမွာ သတိရတဲ့အေၾကာင္း၊ လြမ္းတဲ့အေၾကာင္းမပါေပမယ့္ ဒီလိုစကားၾကာၾကာေျပာဖို႔ႀကိဳးစားတာကပဲ သင့္ကိုလြမ္းေနတယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ …။

(၂) မက္ေဆ့ေလးေတြ”

ဆို႐ွယ္မီဒီယာမွာ သင္တင္ထားတဲ့ပို႔စ္ေအာက္မွာ ကြန္မန္႔ေလးေတြ၊ မက္ေဆ့ေလးေတြခ်န္ထားတတ္တယ္။ ဒါကလည္း သင့္ကိုလြမ္းေနတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္ …။

(၃) ဓာတ္ပုံပို႔ေပးမယ္”

တခါတေလသင့္ကိုဓာတ္ပုံပို႔ေပးဖို႔ သူေျပာတာကလည္း သူသင့္ကိုသတိရေနလို႔ျဖစ္ၿပီး၊ သူ႕ရဲ႕ဓာတ္ပုံေတြကိုပို႔ေပးတယ္ဆိုရင္လည္း အဲ့ဒါအတြက္ ထူးဆန္းေနစရာမလိုပါဘူး။ ဒါကလည္း သူသတိရေနလို႔ လြမ္းေနလို႔ပါပဲေနာ္ …။

(၄) လာေတြ႕မယ္”

သူသာသင့္ကို အရမ္းလြမ္းေနခဲ့ရင္ သင့္ကို ေတြ႕ဖို႔ႀကိဳးစားမွာပါ။ သတိရလို႔၊ လြမ္းလို႔ ေတြ႕ခ်င္တယ္လို႔မေျပာဘဲ တျခားအေၾကာင္းျပၿပီး ေတြ႕ဖို႔ေျပာတာ ကလည္း သူသင့္ကိုသတိရေနတာေၾကာင့္ပဲ ျဖစ္ပါတယ္ …။

(၅) သူငယ္ခ်င္းေတြကတဆင့္”

သူ႕သူငယ္ခ်င္းေတြနဲ႔ေတြ႕တဲ့အခါ သင့္အေၾကာင္းေတြ၊ သင့္ကိုသတိရေၾကာင္းေတြေျပာတတ္ၿပီး သူ႕သူငယ္ခ်င္းေတြက ဒါကို သင့္ဆီျပန္ေျပာတတ္ပါတယ္။ ဒီလိုမ်ိဳး သူ႕သူငယ္ခ်င္းေတြကတဆင့္ သူ႕အေၾကာင္းေတြျပန္ၾကားရတာကလည္း သူသင့္ကို အၿမဲလိုလိုသတိရေန၊ လြမ္းေနတယ္ဆိုတာကို သိႏိုင္ပါတယ္ …။

(၆) အမွတ္မထင္အေျပာေလးေတြ”

ပုံမွန္ဆို သင့္ကိုလြမ္းတယ္၊ သတိရတယ္လို႔မေျပာတတ္ေပမယ့္ အမွတ္မထင္ သူက သင့္ကိုသတိရတယ္၊ လြမ္းတယ္ဆိုတဲ့အေၾကာင္းေျပာခဲ့ရင္ သူတကယ္သတိရေနလို႔ပါ။ စသလို၊ေနာက္သလို ေျပာတယ္ဆိုရင္ေတာင္ သူတကယ္ သတိရေနတာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit – Auntymay

Unicode

သူသင့်ကို အရမ်း လွမ်းနေတယ်ဆိုတာ ဖော်ပြနေတဲ့ သက်သေ (၆) ချက်…

လူအမျိုးမျိုးရှိကြတဲ့အထဲမှာ တစ်ချို့က ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်တွေကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြောနိုင်ပေမယ့် တချို့တွေကျတော့ ကိုယ့်စိတ်ခံစားချက်တွေကို ပါးစပ်က ထုတ်မပြောပဲ အပြုအမူလေးတွေက တစ်ဆင့် ဖော်ပြတ တ်ကြပါတယ်။ သင့်ကို သတိရတယ်၊ လွမ်းတယ်ဆိုပြီး ပါးစပ်ကတဖွဖွ ထုတ်မပြောတတ်တဲ့ ချစ်သူရှိရင် သူသင့်ကိုလွမ်းနေတယ်ဆိုတာ ဒီအချက်လေးတွေကို ကြည့်ပြီး သိနိုင်ပါတယ်နော် …။

(၁) အဆက်အသွယ်”

သင်နဲ့ဆက်သွယ်ဖို့ကြိုးစားတယ်၊ စကားကြာကြာပြောဖို့ ကြိုးစားတတ်တယ်။ သူပြောတဲ့စကားထဲမှာ သတိရတဲ့အကြောင်း၊ လွမ်းတဲ့အကြောင်းမပါပေမယ့် ဒီလိုစကားကြာကြာပြောဖို့ကြိုးစားတာကပဲ သင့်ကိုလွမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ …။

(၂) မက်ဆေ့လေးတွေ”

ဆိုရှယ်မီဒီယာမှာ သင်တင်ထားတဲ့ပို့စ်အောက်မှာ ကွန်မန့်လေးတွေ၊ မက်ဆေ့လေးတွေချန်ထားတတ်တယ်။ ဒါကလည်း သင့်ကိုလွမ်းနေတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ် …။

(၃) ဓာတ်ပုံပို့ပေးမယ်”

တခါတလေသင့်ကိုဓာတ်ပုံပို့ပေးဖို့ သူပြောတာကလည်း သူသင့်ကိုသတိရနေလို့ဖြစ်ပြီး၊ သူ့ရဲ့ဓာတ်ပုံတွေကိုပို့ပေးတယ်ဆိုရင်လည်း အဲ့ဒါအတွက် ထူးဆန်းနေစရာမလိုပါဘူး။ ဒါကလည်း သူသတိရနေလို့ လွမ်းနေလို့ပါပဲနော် …။

(၄) လာတွေ့မယ်”

သူသာသင့်ကို အရမ်းလွမ်းနေခဲ့ရင် သင့်ကို တွေ့ဖို့ကြိုးစားမှာပါ။ သတိရလို့၊ လွမ်းလို့ တွေ့ချင်တယ်လို့မပြောဘဲ တခြားအကြောင်းပြပြီး တွေ့ဖို့ပြောတာ ကလည်း သူသင့်ကိုသတိရနေတာကြောင့်ပဲ ဖြစ်ပါတယ် …။

(၅) သူငယ်ချင်းတွေကတဆင့်”

သူ့သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ သင့်အကြောင်းတွေ၊ သင့်ကိုသတိရကြောင်းတွေပြောတတ်ပြီး သူ့သူငယ်ချင်းတွေက ဒါကို သင့်ဆီပြန်ပြောတတ်ပါတယ်။ ဒီလိုမျိုး သူ့သူငယ်ချင်းတွေကတဆင့် သူ့အကြောင်းတွေပြန်ကြားရတာကလည်း သူသင့်ကို အမြဲလိုလိုသတိရနေ၊ လွမ်းနေတယ်ဆိုတာကို သိနိုင်ပါတယ် …။

(၆) အမှတ်မထင်အပြောလေးတွေ”

ပုံမှန်ဆို သင့်ကိုလွမ်းတယ်၊ သတိရတယ်လို့မပြောတတ်ပေမယ့် အမှတ်မထင် သူက သင့်ကိုသတိရတယ်၊ လွမ်းတယ်ဆိုတဲ့အကြောင်းပြောခဲ့ရင် သူတကယ်သတိရနေလို့ပါ။ စသလို၊နောက်သလို ပြောတယ်ဆိုရင်တောင် သူတကယ် သတိရနေတာပဲ ဖြစ်ပါတယ်နော် …။ ။

Credit – Auntymay