
















Credit

Unicode

လူတစ်ယောက်ကို တကယ် ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…

(၁) မနက်မိုးလင်းလို့ မျက်စိ နှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့ မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။

(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်းကတမ်း ဖွင့်ကြည့် တတ်တယ် …။(သူမဟုတ်ဘူး ဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနည်းသွားတယ် )

(၃) သူနဲ့ စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ့ ကြံကြုံ ဘယ်လို အခက်အခဲတွေ ပဲရှိရှိ သူ့ရဲ့အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …

(၅) တိုက်ဆိုင်မှု တစ်ခုခုရှိတိုင်း (သူနဲ့ အတူတူသွားခဲ့ဖူး တဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခု စားတိုင်း ) သူ့ကို အရင်က ထက်ပိုပြီး သတိရသွား တတ်တယ် …။

(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် …။

(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး ၊ မအားသေးတဲ့အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာ ဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်သလို ထိုင်မရ ထမရ ဖြစ်နေတတ်ပါတယ် …။

(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့ အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်းတွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် …။

(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်တယ် …။

(၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်သွားတယ် ၊ ကြာကြာ စိတ်မဆိုးနိုင်ပါဘူး …။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံတာ မြင်ရင် သူ့ကို သဝန်တိုလာတယ် …။

(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတတ်တယ် …။

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ် …။

* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိသွားပြီနော် *

MC Zin Jay Shin (နှလုံးသားစာပေ)

Credit