အခ်စ္စစ္နဲ႔ ခ်စ္ဖူးခဲ့သူတိုင္းသာ သိမယ့္ နာက်င္ခံစားမႈမ်ား…

အခ်စ္စစ္နဲ႔ ခ်စ္ဖူးခဲ့သူတိုင္းသာ သိမယ့္ နာက်င္ခံစားမႈမ်ား…

အခ်စ္စစ္နဲ႔ ခ်စ္တယ္ဆိုတာ မလြယ္ကူသလို ေပးဆပ္ရတာေတြ၊ ခံစားရတာေတြလည္းမ်ားလွပါတယ္။ ဒီအရာေတြဟာ လုပ္ယူ ဖန္တီးလို႔လည္း မရသလို၊ ထိန္းခ်ဳပ္လို႔လည္း မရပါဘူး ။ခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ အခ်စ္စစ္နဲ႔ ခ်စ္ဖူးတဲ့ သူေတြပဲ နားလည္ႏိုင္တဲ့ အရာေတြ ျဖစ္ပါတယ္ …။

(၁) ကိုယ့္ကိုယ္ကို စေတးတတ္လာတယ္”

တစ္ခါတေလ သူ႔ေၾကာင့္နဲ႔ ကိုယ့္အသည္းေတြ အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားရင္ေတာင္မွ သူေပ်ာ္ေနတာကို ျမင္ရင္ စိတ္မနာရက္ေတာ့ပါဘူး။ သူ႕ကို စခ်စ္တဲ့ ေန႔ကစလို႔ ကိုယ့္ရဲ႕ ခံစားခ်က္ေတြထက္ သူ႔ခံစားခ်က္ေတြဟာ ပိုအေရးႀကီးလာသလို၊ သူေပ်ာ္႐ႊင္ႏိုင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို စေတးၿပီးသားျဖစ္ေနပါတယ္။ ဒါေၾကာင့္ သူေပ်ာ္ေနသေ႐ြ႕ ကိုယ့္ဘက္က ဘယ္ေလာက္ နာက်င္နာက်င္ အရႈံးေတြလို႔ မျမင္ေတာ့ပါဘူး …။

(၂) အရမ္းလြယ္ေနသလို ျဖစ္ေနတတ္တယ္”

တစ္ခါတေလ ကိုယ္က သူ႔အတြက္ အၿမဲအခ်ိန္ေပးေနတယ္။ သူေခၚတိုင္းသြားတယ္၊ သူ႔ဆႏၵေတြကို ဘယ္ေတာ့မွ မျငင္းရက္ပါဘူး။ ဒါကို သူကိုယ္တိုင္ကျဖစ္ေစ၊ တျခားသူေတြကျဖစ္ေစ ကိုယ့္ကို အရမ္းလြယ္တယ္လို႔ ထင္တတ္ၾကပါတယ္ ။အမွန္တကယ္ကေတာ့ ကိုယ္ဟာ အရင္က ဘယ္ေလာက္ပဲ မာနႀကီးခဲ့ႀကီးခဲ့၊ လူတစ္ေယာက္ကို တကယ္ခ်စ္မိသြားတဲ့အခါ သိကၡာမာနေတြဆိုတာ ျမဴမႈန္ေတြလိုပဲ ေပ်ာက္ကြယ္သြားလို႔ပါပဲ …။

(၃) ႐ူးခ်င္ေယာင္ ေဆာင္ေပးတယ္”

သင္က သူ႔ကိုလိမ္ေနတာ၊ လွည့္စားေနတာေတြကို သိသိႀကီးနဲ႔ ႐ူးခ်င္ေယာင္ေဆာင္ ေပးလိုက္တဲ့အခ်ိန္ေတြရွိပါတယ္။ သင့္ကို ခ်စ္တဲ့သူက သင္ေျပာသမွ်ကို ယုံေနတာ သူညံ့လို႔လို႔ထင္ေနရင္ သင္အမွားႀကီး မွားသြားပါၿပီ …။

သင့္ကိုတကယ္ခ်စ္တဲ့သူဆိုတာ သင့္အေၾကာင္းကို အပ္က်တာကအစ အကုန္သိၿပီးသားျဖစ္ပါတယ္ ။သင္အမွန္အတိုင္းမ်ား ေျပာမလားလို႔ အခြင့္အေရးေပးတဲ့အေနနဲ႔ တမင္ေမးတာပဲရွိမယ္။ ဒါေၾကာင့္ သင္လိမ္ေျပာတဲ့ အခ်ိန္တိုင္း သိထားဖို႔က သူသိသိႀကီးနဲ႔ ငါ့ကိုခ်စ္လြန္းလို႔ ႐ူးခ်င္ေယာင္ေဆာင္ေပးေနတာ ဆိုတာပါပဲ …။

(၄) စြန႔္လႊတ္ရတယ္”

ကိုယ္ကအရမ္းခ်စ္ေပမယ့္ ကိုယ္နဲ႔သူနဲ႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့တဲ့အခ်ိန္၊ သူကကိုယ့္ကို ဘယ္လိုမွ ဆက္မခ်စ္ႏိုင္ေတာ့တဲ့ အခ်ိန္ေရာက္လာတဲ့အခါ ကိုယ့္ရဲ႕ အတၱေတြကို ခ်ိဳးႏွိမ္ၿပီး သူ႔ကို ထြက္သြားခြင့္ျပဳလိုက္ရပါတယ္ ။ကိုယ့္ဆီမွာ သူဆက္ရွိေနလည္း သူမေပ်္ာမွေတာ့ ကိုယ္လည္း မေပ်ာ္ႏိုင္ေတာ့မယ့္အတူ သူ႕ကိုေပ်ာ္႐ႊင္ခြင့္ ေပးလိုက္ၿပီး အေဝးကေနပဲ သူ႕သတင္းေလးေတြကို နားစြင့္ေနရ ပါေတာ့တယ္ …။

(၅) ျပန္မခ်စ္တဲ့အခါ”

တစ္ဖက္သတ္အခ်စ္ေတြမွာလဲ အခ်စ္စစ္ေတြ ရွိပါတယ္။ တစ္ဖက္သတ္အခ်စ္ဆိုတိုင္း အေပ်ာ္တမ္း သက္သက္မဟုတ္ပါဘူး။ ကိုယ္ကအသည္းအသန္အ႐ူးအမူး ခ်စ္ေနတာကို တစ္ဖက္သားက ေပါ့ေပါ့တန္တန္ သေဘာထားၿပီး၊ ကိုယ့္ကို တစ္ခ်က္မွ အေရးမစိုက္ရင္လည္း နာက်င္ရပါတယ္ …။

အဆိုးဆုံးကေတာ့ အဲဒီ့လူ ရည္းစားရသြားတဲ့အခ်ိန္မွာ ကိုယ့္မွာ အသည္းသာ ကြဲသြားတယ္ ဘာကိုလြမ္းလို႔ လြမ္းရမွန္းေတာင္ မသိပဲ တေငးေငးတေမာေမာ ျဖစ္ေနရပါေတာ့တယ္ …။

Credit

Em Em(Auntymay)

Unicode

အချစ်စစ်နဲ့ ချစ်ဖူးခဲ့သူတိုင်းသာ သိမယ့် နာကျင်ခံစားမှုများ…

အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ မလွယ်ကူသလို ပေးဆပ်ရတာတွေ၊ ခံစားရတာတွေလည်းများလှပါတယ်။ ဒီအရာတွေဟာ လုပ်ယူ ဖန်တီးလို့လည်း မရသလို၊ ထိန်းချုပ်လို့လည်း မရပါဘူး ။ခုဖော်ပြပေးမယ့် အရာလေးတွေကတော့ အချစ်စစ်နဲ့ ချစ်ဖူးတဲ့ သူတွေပဲ နားလည်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ် …။

(၁) ကိုယ့်ကိုယ်ကို စတေးတတ်လာတယ်”

တစ်ခါတလေ သူ့ကြောင့်နဲ့ ကိုယ့်အသည်းတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရင်တောင်မှ သူပျော်နေတာကို မြင်ရင် စိတ်မနာရက်တော့ပါဘူး။ သူ့ကို စချစ်တဲ့ နေ့ကစလို့ ကိုယ့်ရဲ့ ခံစားချက်တွေထက် သူ့ခံစားချက်တွေဟာ ပိုအရေးကြီးလာသလို၊ သူပျော်ရွှင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို စတေးပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် သူပျော်နေသရွေ့ ကိုယ့်ဘက်က ဘယ်လောက် နာကျင်နာကျင် အရှုံးတွေလို့ မမြင်တော့ပါဘူး …။

(၂) အရမ်းလွယ်နေသလို ဖြစ်နေတတ်တယ်”

တစ်ခါတလေ ကိုယ်က သူ့အတွက် အမြဲအချိန်ပေးနေတယ်။ သူခေါ်တိုင်းသွားတယ်၊ သူ့ဆန္ဒတွေကို ဘယ်တော့မှ မငြင်းရက်ပါဘူး။ ဒါကို သူကိုယ်တိုင်ကဖြစ်စေ၊ တခြားသူတွေကဖြစ်စေ ကိုယ့်ကို အရမ်းလွယ်တယ်လို့ ထင်တတ်ကြပါတယ် ။အမှန်တကယ်ကတော့ ကိုယ်ဟာ အရင်က ဘယ်လောက်ပဲ မာနကြီးခဲ့ကြီးခဲ့၊ လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ သိက္ခာမာနတွေဆိုတာ မြူမှုန်တွေလိုပဲ ပျောက်ကွယ်သွားလို့ပါပဲ …။

(၃) ရူးချင်ယောင် ဆောင်ပေးတယ်”

သင်က သူ့ကိုလိမ်နေတာ၊ လှည့်စားနေတာတွေကို သိသိကြီးနဲ့ ရူးချင်ယောင်ဆောင် ပေးလိုက်တဲ့အချိန်တွေရှိပါတယ်။ သင့်ကို ချစ်တဲ့သူက သင်ပြောသမျှကို ယုံနေတာ သူညံ့လို့လို့ထင်နေရင် သင်အမှားကြီး မှားသွားပါပြီ …။

သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင့်အကြောင်းကို အပ်ကျတာကအစ အကုန်သိပြီးသားဖြစ်ပါတယ် ။သင်အမှန်အတိုင်းများ ပြောမလားလို့ အခွင့်အရေးပေးတဲ့အနေနဲ့ တမင်မေးတာပဲရှိမယ်။ ဒါကြောင့် သင်လိမ်ပြောတဲ့ အချိန်တိုင်း သိထားဖို့က သူသိသိကြီးနဲ့ ငါ့ကိုချစ်လွန်းလို့ ရူးချင်ယောင်ဆောင်ပေးနေတာ ဆိုတာပါပဲ …။

(၄) စွန့်လွှတ်ရတယ်”

ကိုယ်ကအရမ်းချစ်ပေမယ့် ကိုယ်နဲ့သူနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အချိန်၊ သူကကိုယ့်ကို ဘယ်လိုမှ ဆက်မချစ်နိုင်တော့တဲ့ အချိန်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ အတ္တတွေကို ချိုးနှိမ်ပြီး သူ့ကို ထွက်သွားခွင့်ပြုလိုက်ရပါတယ် ။ကိုယ့်ဆီမှာ သူဆက်ရှိနေလည်း သူမပျော်မှတော့ ကိုယ်လည်း မပျော်နိုင်တော့မယ့်အတူ သူ့ကိုပျော်ရွှင်ခွင့် ပေးလိုက်ပြီး အဝေးကနေပဲ သူ့သတင်းလေးတွေကို နားစွင့်နေရ ပါတော့တယ် …။

(၅) ပြန်မချစ်တဲ့အခါ”

တစ်ဖက်သတ်အချစ်တွေမှာလဲ အချစ်စစ်တွေ ရှိပါတယ်။ တစ်ဖက်သတ်အချစ်ဆိုတိုင်း အပျော်တမ်း သက်သက်မဟုတ်ပါဘူး။ ကိုယ်ကအသည်းအသန်အရူးအမူး ချစ်နေတာကို တစ်ဖက်သားက ပေါ့ပေါ့တန်တန် သဘောထားပြီး၊ ကိုယ့်ကို တစ်ချက်မှ အရေးမစိုက်ရင်လည်း နာကျင်ရပါတယ် …။

အဆိုးဆုံးကတော့ အဲဒီ့လူ ရည်းစားရသွားတဲ့အချိန်မှာ ကိုယ့်မှာ အသည်းသာ ကွဲသွားတယ် ဘာကိုလွမ်းလို့ လွမ်းရမှန်းတောင် မသိပဲ တငေးငေးတမောမော ဖြစ်နေရပါတော့တယ် …။

Credit

Em Em(Auntymay)